အွန်လိုင်းမှာ နာမည်ကြီးရုံနဲ့ အကယ်ဒမီပေးပွဲ တက်တဲ့သူတွေရှိတယ်ဆိုတဲ့ ဦးဇင်ဝိုင်း

အွန်လိုင်းမှာ နာမည်ကြီးရုံနဲ့ အကယ်ဒမီပေးပွဲ တက်တဲ့သူတွေရှိတယ်ဆိုတဲ့ ဦးဇင်ဝိုင်း တစ်ချိန်တုန်းက ဇာတ်ကားကောင်းတွေ များစွာနဲ့ ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိခဲ့ပြီး လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိနေတဲ့ အကယ်ဒမီဦးဇင်ဝိုင်း ကတော့ အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်လောကသားမဟုတ်ဘဲ ဝင်ထိုင်နေတာမျိုးတွေက တကယ်ရှိပြီး အွန်လိုင်းမှာ နာမည်ကြီးရုံနဲ့ အကယ်ဒမီပေးပွဲတွေ တက်နေကြပါတယ်လို့ အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။ ဦးဇင်ဝိုင်းက “ကျွန်တော်တို့ လက်ရှိမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ လက်ရှိ အစည်းအရုံးဝင်ထားတဲ့ ကဒ်ပြားကိုင်ထားတဲ့ ပုဂ္ဂိုလ် ပေါင်း၄၅၆၀ရှိပါတယ်။ မူလတုန်းက သုဝဏ္ဏအားကစားကွင်းမှာ ကျင်းပတုန်းက ခုံ၈၅၀ပဲ ဆန့်ပါတယ်။ သို့သော် မဖြစ်ဖြစ်အောင် ခင်းတဲ့အတွက် ခုံတစ်ထောင် ရပါတယ်။ အဲ့ခုံတစ်ထောင်မှာ ဌာနဆိုင်ရာများနဲ့ တစ်ခြား

နောက်မှာ အစောင့်အရှောက်တွေပါသလို ကာလီမန်မယ်တော်ရဲ့ ညီမလည်းဖြစ်တယ်ဆိုတဲ့ Miss ခြူးစစ်ဟန်

လူ့ဘဝမှာမမြင်ရတဲ့ပရလောကရှိတယ်ဆိုတာယုံကြည်လက်ခံထားသူတွေရှိကြပါတယ်။ ကိုယ်တိုင်မကြုံဖူးဘဲမယုံဘူးလို့လည်းပြောနိုင်စရာမရှိပါဘူး။ ဥပါယ်တံမျဉ်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားပြီး Miss တစ်ယောက်အဖြစ်အဆိုတော်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ခြူးစစ်ဟန်ကတော့ သူကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ခုလိုပြောပြလာပါတယ်။ “ ရှုတင်ရိုက်ကွင်းတွေမှာ တော့ တစ္ဆေသရဲတွေနဲ့ကြုံတွေ့ရတာမရှိဘူး။ ညီမ Miss World ပြိုင်သေးတယ်။ Trip ထွက်တဲ့အချိန်မှာကော့သောင်း ဘက်သူဌေးကျွန်းအဲ့ကဟိုတယ်တစ်ခုမှာသရဲခြောက်တယ်။ဟိုတယ်ကအကြီးကြီးပဲဘုရားတွေလည်းမရှိဘူးအိမ်စောင့်နတ်လည်းမရှိဘူးဆိုတော့ သရဲတွေက နေစရာမရှိတော့ တွယ်ကပ်ပြီးနေကြတယ်။ ညီမတို့ activity တစ်ခုလုပ်တော့မယ်ဆိုရင်Miss တွေအကုန်လုံးမနက် ၂ နာရီထပြီး ညဆို ၁၀ နာရီလောက်မှအိပ်ဖြစ်တယ်။ အကုန်လုံး မနက် ၂ နာရီထပြီးမိတ်ကပ်လိမ်းပြီး breakfast ထစားတယ်။ ညီမကထမင်းစားခန်းမှာစားနေတုန်းညီမလေးတစ်ယောက်ကဝင်လာပြီး အမခြူးကို ဆံပင်ကြီးဖားလျားနဲ့ အပေါ်မှာ တွေ့ခဲ့တယ်တဲ့ ။ ခပ်တည်တည်ကြီးနဲ့ သမီးကို နှုတ်ဆက်မသွားဘဲ ဟိုဘက်ကို လှမ်းကွေ့သွားတယ်။ ပြီးတော့ဂါဝန်ကြီးဖားဖားကြီးဝတ်ထားတယ်ဆိုတော့..မဟုတ်ပါဘူးလို့ထမင်းစားနေတာကြာလှပြီ လျှောက်ပြောနေတာပဲဆိုပြီး

အနုပညာလောကမှာ လေးစားအားကျရတဲ့ တစ်ဦးတည်းသော အိုင်ဒေါ အကြောင်းတွေ ထုတ်ပြောလိုက်တဲ့ သက်မွန်မြင့်

သက်မွန်မြင့်ကတော့ သူငယ်ချင်းဖြစ်သူ နေတိုးရဲ့ အကြောင်းတွေကို အခုလို ပြောပြလာပါတယ်။ ညီတစ်ယောက်လုံး ဆုံးရှုံး လိုက် ရတဲ့ နေတိုး က အမေဖြစ်သူအတွက် ရပ်တည်ပေးနေရတာကြောင့် သူ့ရဲ့ ခံစားချက်တွေ ထိန်းချုပ်နိုင်မှု အပေါ်မှာလည်း လေးစားအားကျရတယ်လို့ ဆိုပါတယ်။သက်မွန်မြင့်နဲ့ နေတိုး တို့ဟာ အရမ်းကို ရင်းနှီးချစ်ခင်ကြတဲ့ အနုပညာသူငယ်ချင်းတွေ ဖြစ်ပါတယ်။ မကြာခင်က ညီဖြစ်သူ မင်းသွေးကို ဆုံးရှုံး လိုက်ရတဲ့ နေတိုးက ဝမ်းနည်းပူဆွေးမှုတွေကို ထိန်းချုပ်နိုင်တဲ့သူဖြစ်တာကြောင့် အရမ်းကို လေးစားရတဲ့သူ ဖြစ်တဲ့အကြောင်းကို သက်မွန်မြင့် ပြောပြခဲ့ပါတယ်။ ” ကိုယ်တွေဆို မင်းသွေးနဲ့ဆို ဖက်လဲတစ်ကင်းကြီးတော့ မဟုတ်ဘူး။ Close တော့ဖြစ်တယ် အမြဲဆက်သွယ်နေကြသူတွေ မဟုတ်ဘူး။ တွေ့ကြ တဲ့

အကယ်ဒမီပေးပွဲကို စပြီး စိန်ခေါ် ဆန္ဒပြလိုက်ပြီဖြစ်တဲ့ မင်းသား

ရင်နာဖို့ကောင်းတဲ့ ဖြစ်ရပ်တခု .. စုတ်ပြတ်သတ်နေတဲ့ စုတ်ပဲ့လွန်းတဲ့ ဇာတ်ကားတွေတောင် အကယ်ဒမီ စရင်းဝင်ခဲ့ပေမဲ့ ” ဂီလာ ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား အကယ်ဒမီ စရင်းတောင် မပါလာခဲ့ဘူး ..ကြားတော့ ကြားမိလိုက်တယ် .. ရန်ကုန် ရုပ်ရှင်ရုံတွေမှာ ရုံမတင်နိုင်လို့ အကယ်ဒမီစရင်း မဝင်ဘူးတဲ့ .. ဪ ဒါဆို ရန်ကုန်ရုံတွေ တင်နိုင်အောင်လို့ရော ရုပ်ရှင်နဲ့ပတ်သက်တဲ့သူတွေက ဝိုင်းဝန်းကူညီပေးခဲ့ကြလို့လား ?တိုင်းရင်းသားကားမို့လို့ ရုပ်ရှင်ရုံတွေ ငွေကြေးကြောင့် အမြတ်အစွန်း နည်းပါးမယ်ထင်ပြီး မတင်ပေးနိုင်တာက ရုံရှင်နဲ့ပဲ ဆိုင်တာပါ ..(ဒါက ကျနော်ရုံပိုင်ဆိုလဲ ဒီလိုပဲ ဆုံးဖြတ်ကောင်းဖြတ်နိုင်ပါတယ်) ဒါပေမဲ့ ၁ ရုံပဲ တင်တင်၊၂ ရုံမှာပဲ တင်တင် ဒီ”

ရန်ကုန်မြို့လည်မှာ အသက်နဲ့ရင်းပြီး သန့်ရှင်းရေးလုပ်နေရတဲ့ အိမ်အကူရုပ်သံပျံ့နှံ့

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဝါးတန်းလမ်းထောင့်ရှိ မြဝတီဘဏ်ဖွင့်လှစ်ထားရာ ကွန်ဒိုတိုက်ခန်း (၇)လွှာတွင် နေအိမ်အခန်း ပြင်ပရှိ ကပန်းပေါ်ထွက်ကာ သန့်ရှင်းရေး လုပ်နေသော အမျိုးသမီးငယ်၏ ရုပ်သံ ယနေ့အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီး ဝေဖန်မှုများ ပြင်းထန်နေခဲ့ပါတယ်။ “Kyaw Min” အကောင့်ပိုင်ရှင် တင်ထားခဲ့သော ရုပ်သံတွင် အိမ်အကူမိန်းကလေးဟု ယူဆရသော မိန်းကလေးက တီရှပ်အဖြူရောင် ဘောင်းရှည်ဝတ်ဆင်လျှက် မျက်နှာမှာ နှာခေါင်းစီးတပ်ဆင်ထားကာ ခြေလွတ်လက်လွတ်ဖြင့် တိုက်ခန်းအပြင်ဘက် ကွန်ကရစ်ကပန်းပေါ်တွင် တံမြက်စည်းလှည်း အမှိုက်ကျုံးနေသည်ကို တွေ့ခဲ့ရသည်။ အဆိုပါတိုက်ခန်း၏ ပြင်တင်းပေါက် နှစ်ခုမှလည်း လူနှစ်ဦးကြည့်နေပြီး တစ်ဦးမှာ ခိုင်းစေသူဟု ယူဆရပြီး ကျန်တစ်ဦးမှာ အခြားအိမ်အကူဖြစ်ဟန်တူပြီး မိန်းကလေးက ကမ်းပေးသော အမှိုက်အိတ်ကို လက်ဆင့်ကမ်းယူနေတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါအခန်းမှာ

ရာဇ၀တ်မှုနှင့် စွပ်စွဲခံရပြီး မတရားခံရသူတွေအတွက် ရှေ့နေငှားဖို့တောင် ငွေကြေးမတတ်နိုင်ဘူးဆိုရင် အခမဲ့ ကူညီပေးမယ့် အဖွဲ့ကြီးတခု

ဒီသတင်း မျှဝေပေးပါ ရာဇဝတ်မှုနှင့် စွပ်စွဲခံထားရပြီး ရှေ့နေငှားရမ်းရန် ငွေကြေးမတက်နိုင်သူများအတွက် အခမဲ့ ရှေ့နေအဖြစ် လိုက်ပါ ဆောင်ရွက်ပေးနေသော IBJ တရားမျှတမှုစင်တာမှာ ကူညီိလိုက်ပါ ဆောင်ရွက်ပေးနေတယ်။ အချိန်တွေ ကြာလာတော့ ရပ်ရွာထဲမှာဥပဒေနဲ့ပတ်သတ်လို့ မသိနားမည်သူတွေ များလာတယ်ဆိုတာ ပိုသိလာရတယ်။ အသိပညာနည်းပါသူတွေ များလာတယ်ဆိုတာ ပိုသိရတယ်။ အခွင့်ရေးရရင် ဒီထက်ပိုပြီး ဥပဒေပညာ မျှဝေရေး လုပ်ငန်းတွေလုပ်ချင်ပါတယ်။ IBJ တရားမျှတမှုစင်တာ ၆၂လမ်း နှင့် ၆၃လမ်းကြား ၂၈ လမ်းနှင့် ၂၉ လမ်းကြား။ မြစန္ဒာလမ်းသွယ်။ 09-427590798/ 09-402597032 တောင်ကြီး တောင်ငူ ဘားအံ တွေမှာရုံးခွဲရှိပါတယ်။ စွပ်စွဲခံရသူများအနေနှင့်လည်း ရှေ့နေငှားရမ်းရန် အခက်အခဲရှိပါက IBJ တရားမှတမှုစင်တာမှ အခမဲ့

ရုပ်ရှင်ကုမ္ပဏီထောင်ပြီး ကိုယ်တိုင် ဒါရိုက်တာ၊ မင်းသားလုပ်မယ့် နေထက်လင်း

တချိန်ကမြန်မာနိုင်ငံက အက်ရှင်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ နေထက်လင်းကိုတော့ မြန်မာနိုင်ငံက ရုပ်ရှင်ပရိသတ်တိုင်းသိမယ်လို့ထင်ပါတယ်။ အနုပညာလောကကနေ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ မင်းသားနေထက်လင်းကတော့ လက်ရှိမှာ သူ့ပရိသတ်ကြီးအတွက် ရုပ်ရှင်တွေ ပြန်ရိုက်ဖို့ ရှိပြီး သူလုပ်ဆောင်ချင်တဲ့အရာတွေအကြောင်းကို ပြောပြသွားခဲ့ပါတယ်။ ထို့နောက် မြန်မာရုပ်ရှင်လောကအပေါ်သူ့ရဲ့ အမြင်ကိုလည်း ပြောပြသွားခဲ့ပါတယ်။ မင်းသားနေထက်လင်းကတော့ MC နဲ့အင်တာဗျူးတွင် “ကျွန်တော်ကတော့ ရုပ်ရှင်ကားကြီးရိုက်မယ်ပေါ့နော်။ တစ်နှစ် နှစ်နှစ်လောက်ကို အခြေအနေကောင်းလာရင် ဗီဒီယိုကားကြီးကျလာလိုက်မယ်။ ၆ လ ၃ လလောက်နေရင်ပေါ့။ ဗီဒီယို ဥပဒေတစ်ခုကျတော့မယ်ဆိုရင် ကျွန်တော့်အနေနဲ့ ရုပ်ရှင်ကားကြီးတွေ ဆက်တိုက်ရိုက်မှာပါ။ ပြီးတော့ ပိုက်ဆံလေးစုပြီး ကျွန်တော်ရုပ်ရှင် ကုမ္ပဏီတစ်ခုထောင်မယ်။ ဒါရိုက်တာလုပ်မယ်။ မင်းသားလုပ်မယ်။ အခုခေတ်ကျတော့ ဘယ်လိုဖြစ်နေလည်းဆိုတော့ မီဒီယာတွေနောက်ကိုဘဲ ငါးစာလိုလိုက်နေကြတယ်။ မီဒီယာတွေက မင်းသားမြင့်မြတ်ပေါက်တယ်လို့ ပြောတာနဲ့

ကိုယ်ပိုင် အတွေ့အကြုံလေးတွေကို မျှဝေလိုက်တဲ့ သရုပ်ဆောင် စမိုင်းလ်ရဲ့ စာအုပ်

စမိုင်းလ် က ‘’ဝသောသူကို ကြင်နာပါ’’ ဆိုတဲ့ ကိုယ်ပိုင်စာအုပ်လေးကို မကြာခင် ထုတ်ဝေသွားမှာဖြစ်ပါတယ်။ ဒီစာအုပ်လေးကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်း ပြောပြလာပါသေးတယ်။ စမိုင်းလ် က သူကိုယ်တိုင်ရေးသားထားတဲ့ ‘’ ဝသောသူကို ကြင်နာပါ’’ ဆိုတဲ့ စာအုပ်လေးကို မကြာခင် ပရိသတ်တွေ လက်ထဲ အရောက်ပို့ပေးတော့မယ်လို့ သိရပါတယ်။ ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ အကြောင်းအရာကိုလည်း အခုလိုပြောပြခဲ့ပါတယ်။ ‘’ Smile ရဲ့ Sharing is Caring ဝသောသူကိုကြင်နာပါဆိုတဲ့စာအုပ်လေးထွက်ပါပြီ။ ဘယ်လိုဝိတ်ချထားတယ်ဆို တာတွေ ဘယ်လိုစားသောက်ရတယ် လေ့ကျင့်ခန်းလုပ်နည်းတွေပါ မကျန်အကုန်နားလည်သိ သလောက်ကို အကုန်ရေးထားပေးတယ်’’ လို့ သူကဆိုပါတယ်။ ‘’ ဝသော သူကို ကြင်နာပါ’’ စာအုပ်ထဲမှာတော့

ထိုင်းလူမျိုးဖြစ်တဲ့အတွက် ကိုးရီးယားတွေရဲ့ လူမျိုးရေးခွဲခြားဆက်ဆံမှုကိုခံနေရတဲ့ Lisa

တောင်ကိုးရီးယားနိုင်ငံ နာမည်ကြီးရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော် အဖွဲ့ Black Pink အဖွဲ့မှ အငယ်ဆုံးအဖွဲ့ဝင် ဖြစ်တဲ့ Lisa ဟာ ကိုးရီးယားလူမျိုးတွေရဲ့ လူမျိုးရေးခွဲခြားမှုကိုခံခဲ့ရပါတယ်။ Lisa ဟာအဖွဲ့ဝင်လေးယောက်ထဲမှာ တစ်ဦးတည်းသော ပြည်ပနိုင်ငံအဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး သူမရဲ့ ဆန်းကလဲ အံ့မခန်းပါပဲ။ အကတော်ပြီး Rap အစွမ်းမှာလည်း အံ့မခန်းဖြစ်တဲ့ သူမဟာ talent ကြောင့်လဲ ချစ်ခင်တဲ့ ဖန်တွေပေါများသလို ဟန်မဆောင်တတ်ပဲ ချစ်စဖွယ်စကားပြောဆိုတတ်တဲ့ပုံလေးတွေကြောင့် သူမကိုချစ်တဲ့ ဖန်တွေကလဲ တစ်နေ့တခြား များပြားလာပါတယ်။ Lisa တစ်ယောက် ကိုးရီးယားမှာ ကိုးရီးယားလူမျိုးအဆိုတော်တွေထက် အောင်မြင်သလိုဖြစ်နေတယ်ဆိုပြီး Cyber attack တိုက်ခိုက်တာတွေရှိလာပါတယ်။ ‘ကိုးရီးယားမှာလာပြီး ကိုးရီးယားတစ်ယောက်လို ဟန်ဆောင် မနေနဲ့’ ‘ကိုးရီးယားစကားကို ဘယ်လောက်ပဲကျွမ်းနေအောင်ပြောတတ်ပါစေ ဘာပဲဖြစ်ဖြစ်

ရင်လွှမ်းတဘက်စောင် အကြောင်း

မျိုးသမီးများ ငယ်ငယ် ကြီးကြီးရဟန်းများအတွက် ဆန့်ကျင်ဘက်အာရုံဖြစ်သော ဣတ္ထိယများ-ကျောင်းဘုရားသွားသောအခါ ဘုရားရှင်နဲ့ရဟန်းတော်များ ရှိခိုးဦးချ ကန်တော့သည့်အခါမှာ ရင်လွှမ်းတဘက်ကို အချိုးကျကျအသုံးပြုကြရပေမည်။ရင်လွှမ်းတဘက်ကို ယောဂီရောင်ဟုဆိုအပ်သော နီညိုရင့်ရောင်ကို အသုံးပြုသူများကြပါတယ် အရှည် အလျား ၄-ပေ ခန့်နှင့် အနံ ၁-ပေ ခွဲခန့် ဆိုလျှင် သင့်လျှော်ပါသည်။တဘက်ကို အသုံးပြုပုံမှာဘယ်- ညာ မိမိအားသန်ရာ ပခုံးတစ်ဖက်ပေါ်သို့ တဘက်တစ်စကို ၁-ပေ ခွဲ လောက်ကို လက်နဲ့ တင်လိုက်ပါ။ ရှေ့ဖက်မှာ ကျန်နေတဲ့ ၂-ပေ ခွဲ ခန့်ကို ရှေ့ရင်ဘတ်တပြင်လုံး ဖုံးကာမိအောင် လက်ဖြင့်ပြုပြင်ပါ။အဖျားပိုင်းသည် မိမိ၏ ရှေ့ပိုင်း ၀မ်းပျဉ်း ပေါင် ဒူးများကိုပါ ကွယ်ကာမိအောင် အချိုးကျကျ ပြုပြင်လိုက်လျှင် ရဟန်းတော်များ၏ ရှေ့မှာ