Titanic
The Godfather
Hotel Transylvania
Harry Potter
Friends
Home Alone
Reservoir Dogs
can’t wait to say
Unicode
ကမ္ဘာကျော် ရုပ်ရှင်တွေထဲက လူတိုင်းသတိမထားမိလိုက်တဲ့ ထူးခြားချက် များ
ဒါက ရုပ်ရှင်စွဲလမ်းသူတွေကို စိန်ခေါ်လိုက်သလားတောင် ပြောစရာရှိလာပါတယ်။ စိတ်ဝင်စားကြမှာပါ။ သိပ်သေချာတာကတော့ ရုပ်ရှင်ဖန်တီးသူတွေ ရဲ့ လှည့်ကွက်တစ်ကျောမှာ အာရုံစိုက်သူတွေကို ကျောသွားနိုင်တဲ့ အားသာချက်တော့ရှိပေမယ့် ဦးနှောက်လျင်မလျင် စမ်းသပ်ကြည့်ရအောင်ပါ။ ရုပ်ရှင်တမ်းတမ်းစွဲသူတွေရဲ့ အနှစ်သက်ခံရဆုံး ရုပ်ရှင်ဇာတ်ကားတွေထဲက လူတိုင်းသတိမထားမိလိုက်တဲ့ ထူးခြားအချက် ၈ ချက် ကို အခု တင်ဆက်ပေးလိုက်ပါပြီ။
Titanic
Titanic မှာတော့ ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်းရဲ့ အထူးတလည် အသေးစိတ် ဂရုစိုက်မှုကို မြင်ရမှာပါ။ ပုံမြင်ကြည့်ရင် အစွန်ဆုံး သဘောၤခေါင်းတိုင်က မီးခိုးအူမနေတာ တွေ့ရပါလိမ့်မယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ထားခဲ့တာပါ။ အပြင်က တကယ့် တိုင်တန်းနစ် သဘောၤကြီးအတိုင်းပါပဲ။ အဲ့ဒီခေါင်းတိုင်ကြီးက သဘောၤကို အလှဆင်ဖို့သက်သက် တည်ဆောက်ခဲ့ကြတာသာဖြစ်ပါတယ်။ ကင်မရွန်းက လူသိပ် သတိမမူထားမိမယ့်အရာကအစ သပ်သပ်ရပ်ရပ် လေ့လာနိုင်ခဲ့တယ်။
The Godfather
ဒီရုပ်ရှင်မှာ အားလုံးကို အခက်တွေ့စေခဲ့တာက မင်းသား မာလွန်ဘရန်ဒို ပါ။ သူက စာသားမကျက်ဘူး။ ကိုယ်နှုတ်အမူအရာက အစ ခက်ထန်ရိုင်းပျတယ်။ သူ့ရဲ့ သရုပ်ဆောင်မှုပါရမီအား တစ်ခုတည်းရဲ့ မျက်နှာကိုကြည့်ပြီး သူ့ကို သည်းခံရိုက်ကူးခဲ့ကြတယ်။ တကယ်လဲ အော်စကာဆု ရသွားခဲ့တယ်။ သူက အော်စကာဆု ကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် မထင်သူ… ပွဲကိုလုံးဝမတက်ဘူး။ ပိုထူးခြားတာက သူ့ကိုယ်စား ဆုတက်ယူပေးတဲ့ အိန္ဒိယသရုပ်ဆောင်မယ်တစ်ဦးပါ။ သူက စင်ပေါ်ရောက်ပြီဆိုတာနဲ့ အိန္ဒိယလူမျိုးတွေဆို ဆိုးရွားစွာ ဆက်ဆံတတ်တဲ့ ဟောလိဝုဒ်တစ်ခုလုံးကို ပြစ်တင်ရှုံ့ချပြီး သူကိုယ်တိုင်လဲ မင်းသားကိုယ်စား ဆုလက်မခံဘဲ စင်ပေါ်က အနိုင်ပိုင်းဆင်းသွားခဲ့တယ်။ အမှတ်ရစရာတစ်ခုပါပဲ။
Hotel Transylvania
ဒီကားရဲ့ ဒုတိယပိုင်းမှာ မာဗစ် နဲ့ ဂျိုနသန်တို့ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံလေးကို ပေါ်လာခဲ့ဲတဲ့ အခန်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ မာဗစ်ရဲ့ အရိပ်ကလေးသာ ထင်းနေတာ မြင်ရပါလိမ့်မယ်။ သူက ဗမ်ပိုင်းယား ဖြစ်မှန်း စေ့စပ်ပိရိခဲ့တယ် ဆိုရပါမယ်။
Harry Potter
ဟယ်ရီပေါ်တာ ရဲ့ နောက်ဆုံးကားမှာ Lucius Malfoy ရဲ့ လည်ပင်းမှာ တက်တူးလေးတစ်ခု တွေ့ရှိကြမှာပါ။ သူ Azkaban ခံတပ်မှာ အကျဉ်းကျခဲ့တုန်းက ရခဲ့တဲ့ အမှတ်စဉ်ပဲ ဖြစ်ပါတယ်။
Friends
ဒီ ရုပ်သံစီးရီးစ်မှာ မိုနီကာ က စားသောက်ဆိုင်တစ်ခု ရင်သားအတု၊ ဆံပင်တုတွေစွပ်ပြီး အလုပ်လုပ်ခဲ့ရတာ မှတ်မိကြမှာပါ။ ထူးဆန်းတာက စပိုက်ဒါမန်း ထဲမှာ မေရီဂျိန်းကလဲ ဒီဆိုင်မှာပဲ အလုပ်လုပ်ခဲ့ရပါတယ်။ တိုက်ဆိုင်မှုရှိစွာ ပါပဲနော်။
Home Alone
တော်တော်ထူးခြားတဲ့ အသေးတစိတ် စီစဉ်မှုလေးတစ်ခုရှိပါတယ်။ အဲ့ဒါက ခရစ္စမတ် ကာလဖြစ်လို့ မိသားစုကြီးရဲ့ အိမ်မှာ တစ်အိမ်လုံးက လှလှပပလေးနဲ့ အတွင်း အလှဆင်ယင်ထားခဲ့တယ်။ ဒီမှာ မြင်ရတာက အရောင်တွေပါ။ အိမ်ရဲ့ ဘယ်နေရာကိုကြည့်ကြည့် အစိမ်းရောင် နဲ့ အနီရောင် နှစ်မျိုးကသာ အဓိက လွှမ်းမိုးထားပါတယ်။ ဒါလည်း Home Alone ထဲမှာ ထူးခြားလှပါတယ်။
Reservoir Dogs
ဒီရုပ်ရှင်ထဲမှာ မင်းသား Steve Buscemi က စားပွဲထိုးဝန်ထမ်းတွေအတွက် ဘောနပ်စ်နည်းနည်းမှ မပေးခဲ့ပါဘူး။ မှတ်မိကြမယ်ထင်ပါတယ်။ ဟုတ်ပါပြီ….ဒါလေး မှတ်ထားပေးပါ။နောက်ထပ် ရုပ်ရှင်တစ်ခုကတော့ Pulp Fiction ပါ။ အဲ့ဒီရုပ်ရှင်မှာတော့ မင်းသား Steve Buscemi က စားပွဲထိုးဘဝကို ပြန်ရောက်နေပါတယ်။ ထူးခြားတိုက်ဆိုင်တာက Reservoir Dogs နဲ့ Pulp Fiction နှစ်ကားလုံးကို ဒါရိုက်တာကြီး Quentin Tarantino ကို ရိုက်ကူးခဲ့တဲ့အချက်ပါပဲ။ ဒီ ဒါရိုက်တာကြီးကို သူ့ရုပ်ရှင်ကားတွေရဲ့ သံသရာဝဋ်ဆင်းရဲ လည်ပတ်မှုကို ထည့်ပြနေသလား အောက်မေ့စေပါတယ်။
can’t wait to say
Leave a Reply
Your email address will not be published. Required fields are marked *