အမ်ိဳးသမီးတိုင္း လ်စ္လွ်ဴရႈမထားသင့္တဲ့ ကင္ဆာေရာဂါ ေရွ႕ေျပးလကၡဏာမ်ား

ဘယ္ေရာဂါမဆို ေစာေစာသိေလ ကုသေပ်ာက္ကင္းႏိုင္ဖို႔ ရာခိုင္ႏႈန္းမ်ားေလပဲ ျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ အမ်ိဴးသမီးေတြ သတိထားသင့္တဲ့ ကင္ဆာေရာဂါရဲ႕ေရွ႕ေျပးလကၡဏာေတြပဲျဖစ္ၿပီး ကင္ဆာေရာဂါရဲ႕အေစာပိုင္းအဆင့္ လကၡဏာေတြလည္းျဖစ္တာေၾကာင့္ သတိျပဳေစႏိုင္ဖို႔အတြက္ေဖာ္ျပေပးလိုက္ရပါတယ္။

(၁) မၾကာခဏဆိုသလို ေလပြေနမယ္

ဓမၼတာ လာခါနီးတိုင္း အမ်ိဳးသမီးေတြဟာ ေလပြတာမ်ိဳး ႀကဳံေတြ႕ရတတ္ၿပီး ရာသီလာၿပီးသြားတဲ့ အခ်ိန္ေတြအျပင္ မၾကာခဏဆိုသလို ခံစားေနရမယ္ဆိုရင္ေတာ့ ဒါဟာ သားဥအိမ္ကင္ဆာ ဒါမွမဟုတ္ သားအိမ္ကင္ဆာရဲ႕ ေရွ႕ေျပးလကၡဏာေတြျဖစ္တာေၾကာင့္ မေပါ့ဆသင့္ပါဘူး။

(၂) ပုံမွန္ မဟုတ္ဘဲ ေသြးဆင္းေနမယ္

တလတခါ ပုံမွန္ ဓမၼတာလာ ေသြးဆင္းတာမ်ိဳး မဟုတ္ဘဲ ရာသီစက္ဝန္း တခုနဲ႔တခုၾကားမွာပါ ေသြးဆင္းေနမယ္၊ ေသြးဆင္းတဲ့အခါမွာလည္း သားအိမ္တဝိုက္က နာက်င္ကိုက္ခဲေနမယ္ဆိုရင္ေတာ့ ဒါဟာလည္း သားဥအိမ္နဲ႔ သားအိမ္ကင္ဆာေရာဂါမ်ိဳး ျဖစ္ေနႏိုင္တာေၾကာင့္ သြားေရာက္ စစ္ေဆးသင့္ပါတယ္။

(၃) နာတာရွည္ ေခ်ာင္းဆိုးေနမယ္

အေအးမိဖ်ားနာလို႔ ေခ်ာင္းဆိုးတာမ်ိဳး မဟုတ္ဘဲ အခ်ိန္အေတာ္ၾကာတဲ့အထိတိုင္ ေခ်ာင္းဆိုးေနမယ္ဆိုရင္ေတာ့ အဆုတ္ကင္ဆာလို ေရာဂါမ်ိဳးျဖစ္ေနႏိုင္တာေၾကာင့္ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္သင့္ပါတယ္။ ေသြးကင္ဆာရဲ႕ ေရွ႕ေျပးေရာဂါလကၡဏာေတြထဲမွာလည္း ေခ်ာင္းအဆက္မျပတ္ ဆိုးတာမ်ိဳး ပါဝင္တာေၾကာင့္ မေပါ့ဆသင့္တဲ့ လကၡဏာတမ်ိဳးပဲ ျဖစ္ပါတယ္။

(၄) အစာမ်ိဳရ ခက္ေနမယ္

လည္ေခ်ာင္းနာတာမ်ိဳးေၾကာင့္ အစာမ်ိဳခ်ရတာ ခက္ခဲတာမ်ိဳး မဟုတ္ဘဲ အစာစားတဲ့အခါတိုင္း အစာမ်ိဳခ်ရခက္ေနတယ္ဆိုရင္ေတာ့ ဒါဟာ အစာအိမ္ကင္ဆာ၊ လည္ေခ်ာင္းကင္ဆာနဲ႔ အဆုတ္ကင္ဆာတို႔ရဲ႕ ေရွ႕ေျပးလကၡဏာတမ်ိဳးပဲ ျဖစ္ပါတယ္။

(၅) အေၾကာင္းရင္း မရွိဘဲ ဝိတ္က်သြားမယ္

အစားေလွ်ာ့စားတာမ်ိဳးနဲ႔ စိတ္ဖိစီးမႈ ကိစၥေတြ မရွိဘဲ အလိုလိုေနရင္း ဝိတ္က်သြားမယ္ဆိုရင္ေတာ့ ဒါဟာလည္း မေပါ့ဆသင့္တဲ့ လကၡဏာတခုပဲျဖစ္ပါတယ္။ အစားအေသာက္လည္း ပ်က္မယ္၊ အေၾကာင္းအရင္း မယ္မယ္ရရ မရွိဘဲနဲ႔လည္း ဝိတ္က်သြားမယ္ဆိုရင္ေတာ့ ဒါဟာ အသည္းကင္ဆာ၊ ပန္ကရိယကင္ဆာ၊ အူမႀကီးကင္ဆာနဲ႔ ေသြးကင္ဆာစတဲ့ ကင္ဆာေရာဂါေတြရဲ႕ ေရွ႕ေျပးလကၡဏာတမ်ိဳးျဖစ္တာေၾကာင့္ စစ္ေဆးကုသမႈေတြ ျပဳလုပ္သင့္ပါတယ္။

Irrawaddy

အမျိုးသမီးတိုင်း လျစ်လျှူရှုမထားသင့်တဲ့ ကင်ဆာရောဂါ ရှေ့ပြေးလက္ခဏာများ

ဘယ်ရောဂါမဆို စောစောသိလေ ကုသပျောက်ကင်းနိုင်ဖို့ ရာခိုင်နှုန်းများလေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အမျိူးသမီးတွေ သတိထားသင့်တဲ့ ကင်ဆာရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပြီး ကင်ဆာရောဂါရဲ့အစောပိုင်းအဆင့် လက္ခဏာတွေလည်းဖြစ်တာကြောင့် သတိပြုစေနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ရပါတယ်။

(၁) မကြာခဏဆိုသလို လေပွနေမယ်

ဓမ္မတာ လာခါနီးတိုင်း အမျိုးသမီးတွေဟာ လေပွတာမျိုး ကြုံတွေ့ရတတ်ပြီး ရာသီလာပြီးသွားတဲ့ အချိန်တွေအပြင် မကြာခဏဆိုသလို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ သားဥအိမ်ကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။

(၂) ပုံမှန် မဟုတ်ဘဲ သွေးဆင်းနေမယ်

တလတခါ ပုံမှန် ဓမ္မတာလာ သွေးဆင်းတာမျိုး မဟုတ်ဘဲ ရာသီစက်ဝန်း တခုနဲ့တခုကြားမှာပါ သွေးဆင်းနေမယ်၊ သွေးဆင်းတဲ့အခါမှာလည်း သားအိမ်တဝိုက်က နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ဒါဟာလည်း သားဥအိမ်နဲ့ သားအိမ်ကင်ဆာရောဂါမျိုး ဖြစ်နေနိုင်တာကြောင့် သွားရောက် စစ်ဆေးသင့်ပါတယ်။

(၃) နာတာရှည် ချောင်းဆိုးနေမယ်

အအေးမိဖျားနာလို့ ချောင်းဆိုးတာမျိုး မဟုတ်ဘဲ အချိန်အတော်ကြာတဲ့အထိတိုင် ချောင်းဆိုးနေမယ်ဆိုရင်တော့ အဆုတ်ကင်ဆာလို ရောဂါမျိုးဖြစ်နေနိုင်တာကြောင့် ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။ သွေးကင်ဆာရဲ့ ရှေ့ပြေးရောဂါလက္ခဏာတွေထဲမှာလည်း ချောင်းအဆက်မပြတ် ဆိုးတာမျိုး ပါဝင်တာကြောင့် မပေါ့ဆသင့်တဲ့ လက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။

(၄) အစာမျိုရ ခက်နေမယ်

လည်ချောင်းနာတာမျိုးကြောင့် အစာမျိုချရတာ ခက်ခဲတာမျိုး မဟုတ်ဘဲ အစာစားတဲ့အခါတိုင်း အစာမျိုချရခက်နေတယ်ဆိုရင်တော့ ဒါဟာ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ရဲ့ ရှေ့ပြေးလက္ခဏာတမျိုးပဲ ဖြစ်ပါတယ်။

(၅) အကြောင်းရင်း မရှိဘဲ ဝိတ်ကျသွားမယ်

အစားလျှော့စားတာမျိုးနဲ့ စိတ်ဖိစီးမှု ကိစ္စတွေ မရှိဘဲ အလိုလိုနေရင်း ဝိတ်ကျသွားမယ်ဆိုရင်တော့ ဒါဟာလည်း မပေါ့ဆသင့်တဲ့ လက္ခဏာတခုပဲဖြစ်ပါတယ်။ အစားအသောက်လည်း ပျက်မယ်၊ အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲနဲ့လည်း ဝိတ်ကျသွားမယ်ဆိုရင်တော့ ဒါဟာ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သွေးကင်ဆာစတဲ့ ကင်ဆာရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာတမျိုးဖြစ်တာကြောင့် စစ်ဆေးကုသမှုတွေ ပြုလုပ်သင့်ပါတယ်။

Irrawaddy

Leave a Reply

Your email address will not be published. Required fields are marked *