မီးပ်က္ၿပီး ပူျပင္းတဲ့ညေတြမွာ ေကာင္းမြန္စြာအိပ္ေပ်ာ္ေစရန္ လုပ္သင့္သည္မ်ား

မီးမလာတဲ့ေန႔ေတြကို ဘယ္လိုေက်ာ္ျဖတ္ရမွာပါလဲကြယ္။ မီးမလာလို႔ ဖုန္းအားကုန္၊ ထမင္းဟင္းမခ်က္ႏိုင္၊ အဝတ္ေလွ်ာ္ မီးပူတိုက္ဖို႔မလုပ္ႏိုင္၊ အလုပ္ေတြလည္း ေကာင္းေကာင္းလုပ္မရ၊ အဆိုးဆုံးက မီးပ်က္ေတာ့ ေရပါမလာ။ ေနာက္တစ္ခုက အခုလိုပူအိုက္တဲ့ ေႏြညေတြမွာ မီးမလာပဲ အိပ္ရတာ သိပ္ေတာ့မဟန္ဘူးေပါ့ေနာ္။ အထူးသျဖင့္ တိုက္ခန္းေတြနဲ႔ေနတဲ့သူေတြဆို ပိုဆိုးတာေပါ့။ ေလဝင္ေလထြက္မရွိ၊ သစ္ပင္ကမရွိ၊ ေဘးပတ္ပတ္လည္ကလည္း တိုက္ေတြနဲ႔ပိတ္။ ဘယ္လိုပဲျဖစ္ျဖစ္ မီးပ်က္တာက မီးအလုပ္၊ အိပ္ေပ်ာ္ေအာင္ အိပ္ရမွာက ကိုယ့္အလုပ္။ ဒီေတာ့ မီးမရွိလည္းပဲ ဦးတို႔အိပ္ေပ်ာ္ႏိုင္မယ့္ နည္းလမ္းေလးေတြကို ေျပာျပေပးမယ္ေနာ္။

ညအိပ္ခါနီး ေခြၽးထြက္ေစတဲ့ ေလ့က်င့္ခန္းေတြ မလုပ္ပါနဲ႔။ ေလ့က်င့္ခန္းလုပ္တာက ခႏၶာကိုယ္အပူခ်ိန္ကို ျမင့္တက္ေစပါတယ္။ လုပ္မယ္ဆိုရင္လည္း အိပ္မယ့္အခ်ိန္နဲ႔ ၄နာရီေလာက္ ျခားၿပီးမွ လုပ္ပါ။

ညအိပ္ခါနီး အရက္၊ ေကာ္ဖီ မေသာက္ပါနဲ႔။ ေရမ်ားမ်ား ေသာက္ပါ။ အိပ္ရာေဘး ေရဗူးထားအိပ္ပါ။ ေရခဲေရ မေသာက္ပါနဲ႔။ ခဏေတာ့ ေအးတယ္လို႔ထင္ရေပမယ့္ ေရခဲေရဟာ ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ကို ကေမာက္ကမျဖစ္ေစတာေၾကာင့္ ေရပိုငတ္ၿပီး ပူအိုက္လာပါလိမ့္မယ္။ အခန္းအပူခ်ိန္အတိုင္း ရွိေနတဲ့ေရကိုသာ ေသာက္ပါ။

ညစာကို ပူတဲ့ စပ္တဲ့ အစားအစာ မစားပါနဲ႔။ အမ်ားႀကီ းမစားပါနဲ႔။ ညစာအမ်ားႀကီးစားတာက ညလယ္ေခါင္မွာ ျပန္ၿပီးႏိုးလာဖို႔ တြန္းအားေပးပါတယ္။ ခႏၶာကိုယ္က အစာခ်က္ဖို႔အလုပ္လုပ္ရတာေၾကာင့္ ခႏၶာအပူခ်ိန္တက္လာပါလိမ့္မယ္။ အထူးသျဖင့္ ပူအိုက္တဲ့ ေႏြညေတြမွာေပါ့။

ညအိပ္ဝတ္စုံဟာ ေအးျမေပါ့ပါးၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္ထည္ေတြ ျဖစ္ဖို႔လိုပါတယ္။ ခႏၶာကိုယ္မွာ ၾကပ္ထုပ္ေနေစမယ့္ အရာေတြမွန္သမွ် ခြၽတ္အိပ္ပါ။ အိပ္ရာ၊ ေစာင္၊ ေခါင္းအုံး ေတြဟာလည္း ႏိုင္လြန္သားေတြ၊ ဂြမ္းသားေတြ မျဖစ္ရပါဘူး။ သင္ျဖဴးဖ်ာခင္း အိပ္ရင္ေတာ့ပိုေကာင္းတာေပါ့ေနာ္။ တကယ္လို႔ ေမြ႕ယာနဲ႔မွအိပ္တတ္တယ္ဆိုလည္း ေမြ႕ယာေပၚ ဖ်ာခင္းအိပ္လို႔ရပါတယ္။ တကယ္လို႔ ညဖက္ပူလို႔လန္႔ႏိုးလာတယ္ဆိုရင္ ေခါင္းအုံးကို ေအးတဲ့ဘက္ လွန္ၿပီး ေျပာင္းအုံးပါ။

အိပ္ခါနီး ေရခ်ိဳးပါ။ ခႏၶာကိုယ္ကို ေအးျမသြားေစ႐ုံသာမက အေၾကာအျခင္ေျပၿပီး အိပ္ေပ်ာ္ေစပါတယ္။ ေရမခ်ိဳးဘူးဆိုရင္လည္း ေျခေထာက္နဲ႔ လက္ေတြကို ေရထဲစိမ္ထားလိုက္ပါ။ သိသိသာသာ အပူေတြ ေလ်ာ့က်သြားပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေျခေထာက္နဲ႔လက္ဟာ ခႏၶာကိုယ္ရဲ႕အပူခ်ိန္ကို အဓိက ေျပာင္းလဲေစတဲ့ေနရာမို႔လို႔ပါ။

ဆံပင္ရွည္တယ္ဆိုရင္ ဦးေခါင္းထိပ္မွာ စုခ်ည္ထားလိုက္ပါ။ ေခါင္းနာတတ္ရင္ေတာ့ ေလ်ာ့ေလ်ာ့ေလးပဲ ခ်ည္ပါ။ ဒီလိုစည္းထားျခင္းအားျဖင့္ အိပ္ေပ်ာ္ေနတဲ့အခါ လည္ပင္း၊ ပုခုံးနဲ႔မ်က္ႏွာေပၚမွာ ဆံပင္ေတြအုပ္ၿပီး ပူေနတာမ်ိဳး မျဖစ္မွာပါ။

အရမ္းကို ပူတဲ့ညေတြမွာဆို မအိပ္ခင္ သင္ျဖဳးဖ်ာကို ေရဝတ္နဲ႔သုတ္ထားပါ။ ေရေျခာက္သြားၿပီး စိုထိုင္းထိုင္းေလး ျဖစ္ေနတဲ့အခါ အိပ္လို႔ရပါၿပီ။ ေနာက္တစ္မ်ိဳးက အဝတ္အစိုကို ေသခ်ာညႇစ္ၿပီး ေျခေထာက္ေပၚ (သို႔) လည္ပင္းေအာက္ မွာ ထားအိပ္ပါ။ မ်က္ႏွာနဲ႔ လည္ပင္းကို spray bottle နဲ႔ ေရျဖန္းေပးပါ။

အခုေျပာခဲ့တာကေတာ့ အရမ္းပူတဲ့ေႏြညေတြမွာ မီးပ်က္လို႔ပန္ကာေတြ၊ အဲကြန္းေတြမရွိပဲ အိပ္ရတဲ့အခါ ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစဖို႔ အႀကံျပဳေပးထားတာပါ။ အရမ္းပူတဲ့ေဒသေတြကို ခရီးထြက္တဲ့အခါလည္း အသုံးဝင္ပါတယ္။

we.com.mm

Unicode

မီးပျက်ပြီး ပူပြင်းတဲ့ညတွေမှာ ကောင်းမွန်စွာအိပ်ပျော်စေရန် လုပ်သင့်သည်များ

မီးမလာတဲ့နေ့တွေကို ဘယ်လိုကျော်ဖြတ်ရမှာပါလဲကွယ်။ မီးမလာလို့ ဖုန်းအားကုန်၊ ထမင်းဟင်းမချက်နိုင်၊ အဝတ်လျှော် မီးပူတိုက်ဖို့မလုပ်နိုင်၊ အလုပ်တွေလည်း ကောင်းကောင်းလုပ်မရ၊ အဆိုးဆုံးက မီးပျက်တော့ ရေပါမလာ။ နောက်တစ်ခုက အခုလိုပူအိုက်တဲ့ နွေညတွေမှာ မီးမလာပဲ အိပ်ရတာ သိပ်တော့မဟန်ဘူးပေါ့နော်။ အထူးသဖြင့် တိုက်ခန်းတွေနဲ့နေတဲ့သူတွေဆို ပိုဆိုးတာပေါ့။ လေဝင်လေထွက်မရှိ၊ သစ်ပင်ကမရှိ၊ ဘေးပတ်ပတ်လည်ကလည်း တိုက်တွေနဲ့ပိတ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးပျက်တာက မီးအလုပ်၊ အိပ်ပျော်အောင် အိပ်ရမှာက ကိုယ့်အလုပ်။ ဒီတော့ မီးမရှိလည်းပဲ ဦးတို့အိပ်ပျော်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

ညအိပ်ခါနီး ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ လုပ်မယ်ဆိုရင်လည်း အိပ်မယ့်အချိန်နဲ့ ၄နာရီလောက် ခြားပြီးမှ လုပ်ပါ။

ညအိပ်ခါနီး အရက်၊ ကော်ဖီ မသောက်ပါနဲ့။ ရေများများ သောက်ပါ။ အိပ်ရာဘေး ရေဗူးထားအိပ်ပါ။ ရေခဲရေ မသောက်ပါနဲ့။ ခဏတော့ အေးတယ်လို့ထင်ရပေမယ့် ရေခဲရေဟာ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်ကို ကမောက်ကမဖြစ်စေတာကြောင့် ရေပိုငတ်ပြီး ပူအိုက်လာပါလိမ့်မယ်။ အခန်းအပူချိန်အတိုင်း ရှိနေတဲ့ရေကိုသာ သောက်ပါ။

ညစာကို ပူတဲ့ စပ်တဲ့ အစားအစာ မစားပါနဲ့။ အများကြီ းမစားပါနဲ့။ ညစာအများကြီးစားတာက ညလယ်ခေါင်မှာ ပြန်ပြီးနိုးလာဖို့ တွန်းအားပေးပါတယ်။ ခန္ဓာကိုယ်က အစာချက်ဖို့အလုပ်လုပ်ရတာကြောင့် ခန္ဓာအပူချိန်တက်လာပါလိမ့်မယ်။ အထူးသဖြင့် ပူအိုက်တဲ့ နွေညတွေမှာပေါ့။

ညအိပ်ဝတ်စုံဟာ အေးမြပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်ထည်တွေ ဖြစ်ဖို့လိုပါတယ်။ ခန္ဓာကိုယ်မှာ ကြပ်ထုပ်နေစေမယ့် အရာတွေမှန်သမျှ ချွတ်အိပ်ပါ။ အိပ်ရာ၊ စောင်၊ ခေါင်းအုံး တွေဟာလည်း နိုင်လွန်သားတွေ၊ ဂွမ်းသားတွေ မဖြစ်ရပါဘူး။ သင်ဖြူးဖျာခင်း အိပ်ရင်တော့ပိုကောင်းတာပေါ့နော်။ တကယ်လို့ မွေ့ယာနဲ့မှအိပ်တတ်တယ်ဆိုလည်း မွေ့ယာပေါ် ဖျာခင်းအိပ်လို့ရပါတယ်။ တကယ်လို့ ညဖက်ပူလို့လန့်နိုးလာတယ်ဆိုရင် ခေါင်းအုံးကို အေးတဲ့ဘက် လှန်ပြီး ပြောင်းအုံးပါ။

အိပ်ခါနီး ရေချိုးပါ။ ခန္ဓာကိုယ်ကို အေးမြသွားစေရုံသာမက အကြောအခြင်ပြေပြီး အိပ်ပျော်စေပါတယ်။ ရေမချိုးဘူးဆိုရင်လည်း ခြေထောက်နဲ့ လက်တွေကို ရေထဲစိမ်ထားလိုက်ပါ။ သိသိသာသာ အပူတွေ လျော့ကျသွားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ခြေထောက်နဲ့လက်ဟာ ခန္ဓာကိုယ်ရဲ့အပူချိန်ကို အဓိက ပြောင်းလဲစေတဲ့နေရာမို့လို့ပါ။

ဆံပင်ရှည်တယ်ဆိုရင် ဦးခေါင်းထိပ်မှာ စုချည်ထားလိုက်ပါ။ ခေါင်းနာတတ်ရင်တော့ လျော့လျော့လေးပဲ ချည်ပါ။ ဒီလိုစည်းထားခြင်းအားဖြင့် အိပ်ပျော်နေတဲ့အခါ လည်ပင်း၊ ပုခုံးနဲ့မျက်နှာပေါ်မှာ ဆံပင်တွေအုပ်ပြီး ပူနေတာမျိုး မဖြစ်မှာပါ။

အရမ်းကို ပူတဲ့ညတွေမှာဆို မအိပ်ခင် သင်ဖြုးဖျာကို ရေဝတ်နဲ့သုတ်ထားပါ။ ရေခြောက်သွားပြီး စိုထိုင်းထိုင်းလေး ဖြစ်နေတဲ့အခါ အိပ်လို့ရပါပြီ။ နောက်တစ်မျိုးက အဝတ်အစိုကို သေချာညှစ်ပြီး ခြေထောက်ပေါ် (သို့) လည်ပင်းအောက် မှာ ထားအိပ်ပါ။ မျက်နှာနဲ့ လည်ပင်းကို spray bottle နဲ့ ရေဖြန်းပေးပါ။

အခုပြောခဲ့တာကတော့ အရမ်းပူတဲ့နွေညတွေမှာ မီးပျက်လို့ပန်ကာတွေ၊ အဲကွန်းတွေမရှိပဲ အိပ်ရတဲ့အခါ ကောင်းမွန်စွာ အိပ်ပျော်စေဖို့ အကြံပြုပေးထားတာပါ။ အရမ်းပူတဲ့ဒေသတွေကို ခရီးထွက်တဲ့အခါလည်း အသုံးဝင်ပါတယ်။

we.com.mm

Leave a Reply

Your email address will not be published. Required fields are marked *