ဇနီးျဖစ္သူဟာ မယားငယ္မဟုတ္ေၾကာင္း တုန္႔ျပန္ေျဖရွင္းလိုက္တဲ့ ကိုဥကၠာေက်ာ္

တစ္ခ်ိန္က အႏုပညာေလာကထဲ၀ယ္ က်န္းမာသန္းစြမ္းျပီးလွပတဲ့ဆံပင္ရွည္ၾကီးနဲ႔ ပရိသတ္ရဲ႕အျမင္အာရံုေတြကိုဖမ္းစားခဲ့တဲ့ ဆုပန္ထြာဟာဆိုရင္ ေမာ္ဒယ္သရုပ္ေဆာင္တစ္ေယာက္အျဖစ္ နာမည္ၾကီးေအာင္ျမင္ေက်ာ္ၾကားခဲ့ျပီး လက္ရွိအခ်ိန္ထိ ပရိသတ္ေတြကခ်စ္ခင္အားေပးေနၾကဆဲျဖစ္ပါတယ္။

ဒါ့အျပင္ သီခ်င္းေတြဆိုရတာကိုလဲ ၀ါသနာပါသူမို႔ ေတးစီးရီးေတြလဲ ထြက္ရွိထားပါေသးတယ္။ ခ်စ္စရာေကာင္းတဲ့သားေလးတစ္ေယာက္ကို ေမြးဖြားျပီး ေအးခ်မ္းေပ်ာ္ရႊင္တဲ့အိမ္ေထာင္ေရးကို ပိုင္ဆိုင္ထားတဲ့ဆုပန္ထြာကေတာ့ ရုပ္ရွင္ေတြ၊ ေၾကာ္ျငာေတြရိုက္ကူးရင္း ရိႈးပြဲေတြလိုက္လံေဖ်ာ္ေျဖရင္းနဲ႔ သူမခ်စ္တဲ့အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။

ဆုပန္ထြာကေတာ့ စိတ္ရင္းစိတ္ထားေကာင္းသူပီပီ အလွဴေရစက္လက္နဲ႔မကြာေအာင္ ကုသိုလ္ေရးပိုင္းမွာလည္း အျမဲသဒၵါထက္သန္သူျဖစ္ပါတယ္။ သူမတည္ေဆာက္ထားတဲ့မိသားစုဘ၀ေလးထဲမွာ ေပ်ာ္ရႊင္စြာေနထုိင္ရင္း အႏုပညာအလုပ္ေတြကိုဆက္လက္လုပ္ကိုင္ေနေပမယ့္ ေ၀ဖန္သူတစ္ခ်ိဳ႕ရဲ႕တိုက္ခိုက္မႈေတြကို ခံလာရပါတယ္။ အဲ့တာကေတာ့ ဆုပန္ထြာကို သူမရဲ႕မိသားစုဘ၀ေလးနဲ႔ပတ္သက္ျပီး မယားငယ္ဆိုကာ ေ၀ဖန္တိုက္ခိုက္သူေတြရွိလို႔ေနပါတယ္။ ထိုေ၀န္မႈေတြေၾကာင့္ ခင္ပြန္းျဖစ္သူကိုဥကၠာေက်ာ္က ဆုပန္ထြာဟာ မယားငယ္မဟုတ္ေၾကာင္းနဲ႔ တရား၀င္လက္ထပ္ယူထားတဲ့ ဇနီးမယားသာျဖစ္ေၾကာင္း ေ၀ဖန္တိုက္ခုိက္ေနမႈေတြအေပၚ တုန္႔ျပန္ေျဖရွင္းလုိက္ပါတယ္။

ေ၀ဖန္မႈေတြအေပၚ ကိုဥကၠာေက်ာ္ေျဖရွင္းလုိက္တာကေတာ့ “ဒီမိသားစုေလး ဒီအေျခအေနေရာက္ဖို႔အတြက္ စေတးရတာေတြ၊ ေပးဆပ္ရတာေတြ အကုန္လံုးက အစ္ကိုတစ္ေယာက္တည္းမဟုတ္ဘူး၊ ပန္ပန္လဲ စေတးရတာေတြ၊ ေပးဆပ္ရတာေတြရွိတယ္။ အဲ့အတြက္ေၾကာင့္ ေက်နပ္တယ္၊ တန္တယ္လု႔ိလဲထင္ပါတယ္။ တစ္ခုေတာ့ေျပာခ်င္တာက အစ္ကိုတို႔ မိဘမဲ့ကေလးေတြကို လွဴတယ္၊ ေရာဂါရွိတဲ့ကေလးေတြကို သနားတဲ့အတြက္ေၾကာင့္ လွဴတယ္။ ဒါကို သူမ်ားကေလးေတြက် သနားျပေနလိုက္ၾကတာ၊

ကိုယ့္ရဲ႕အရင္အိမ္ေထာင္က ကေလးကိုေတာ့မသနားဘူးလား၊ မခ်စ္ဘူးလို႔လားလို႔ ေျပာေကာင္းေျပာၾကလိမ္႔မယ္။ မေထာက္ပံ့ေတာ့ဘူးလားတို႔၊ ေမ့သြားျပီလားတို႔ဆို အဲ့လိုမဟုတ္ပါဘူး။ အစ္ကိုေျပာခ်င္တာက အရင္အိမ္ေထာင္က ကေလးကို ကၽြန္ေတာ့္မိသားစုက အခုခ်ိန္ထိေထာက္ပံ့ေနဆဲ၊ သူတို႔အေမရိကားမွာေနတဲ့ အသံုးစရိတ္ေတြအကုန္လံုးကို ယခုခ်ိန္ထိေထာက္ပံ့ေနဆဲပါ။ အရင္အိမ္ေထာင္နဲ႔ရထားတဲ့ သားၾကီး Bryan Kyaw ကိုလည္းခ်စ္တယ္၊ သားေလး Roar ကိုလည္းခ်စ္တယ္ဆိုတာ ေျပာခ်င္တယ္” လို႔ဆိုပါတယ္။

ဆက္လက္ျပီး ဇနီးျဖစ္သူ ဆုပန္ထြာကို မယားငယ္လို႔ေ၀ဖန္တိုက္ခိုက္ေနတဲ့အေပၚ “အဓိကေျပာခ်င္တာကေတာ့ ပန္ပန္သည္ ကၽြန္ေတာ့္ရဲ႕တရား၀င္လက္ထပ္ယူထားတဲ့ အမ်ိဳးသမီးပါ။ မယားငယ္မဟုတ္ပါဘူး။ မယားငယ္ဆိုတာက အရင္အိမ္ေထာင္နဲ႔လက္ထက္ျပီးေတာ့ ေနာက္မိန္းမတစ္ေယာက္ကို ရည္းစားခိုးထားတာ ဒါကကၽြန္ေတာ့အေနနဲ႔သတ္မွတ္သိထားတဲ့ မယားငယ္ပါ။ ကၽြန္ေတာ္က အရင္အိမ္ေထာင္နဲ႔ႏွစ္ဦးသေဘာတူ တရားရံုးမွာ အိမ္ေထာင္ကိုကြာရွင္းျပတ္စဲျပီးေတာ့မွ ေနာက္အိမ္ေထာင္ျပဳတာပါ။

အဲ့တာေၾကာင့္ ဒါကကၽြန္ေတာ့္ရဲ႕ေနာက္အိမ္ေထာင္ပါ။ အဲ့အတြက္ေၾကာင့္ ကၽြန္ေတာ္က အေမရိကားမွာေရာ ျမန္မာျပည္မွာေရာ တရား၀င္လက္ထပ္လို႔ရပါတယ္။ အေမရိကားမွာလည္း မိန္းမကိုတစ္ေယာက္ထပ္ပိုျပီး တစ္ခ်ိန္ထဲမွာလက္ထပ္ယူလို႔မရသလို ျမန္မာႏိုင္ငံမွာလဲ အဲ့တာမ်ိဳးလုပ္လို႔မရပါဘူး။ ကၽြန္ေတာ္ဒါေလးကို သိေအာင္လို႔ ေျပာသင့္တယ္ထင္လို႔ အင္တာဗ်ဴးကတစ္ဆင့္ေျပာလိုက္တာပါ” ဆိုျပီး သူမ်ားမိသားစုအေၾကာင္းကို ဂဃနဏမသိပဲ ေ၀ဖန္တိုက္ခိုက္ေျပာဆိုေနၾကသူေတြကို ေျဖရွင္းလိုက္တာပဲျဖစ္ပါတယ္။

popolay

Unicode

ဇနီးဖြစ်သူဟာ မယားငယ်မဟုတ်ကြောင်း တုန့်ပြန်ဖြေရှင်းလိုက်တဲ့ ကိုဥက္ကာကျော်

တစ်ချိန်က အနုပညာလောကထဲဝယ် ကျန်းမာသန်းစွမ်းပြီးလှပတဲ့ဆံပင်ရှည်ကြီးနဲ့ ပရိသတ်ရဲ့အမြင်အာရုံတွေကိုဖမ်းစားခဲ့တဲ့ ဆုပန်ထွာဟာဆိုရင် မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေဆိုရတာကိုလဲ ဝါသနာပါသူမို့ တေးစီးရီးတွေလဲ ထွက်ရှိထားပါသေးတယ်။ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားပြီး အေးချမ်းပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ဆုပန်ထွာကတော့ ရုပ်ရှင်တွေ၊ ကြော်ငြာတွေရိုက်ကူးရင်း ရှိုးပွဲတွေလိုက်လံဖျော်ဖြေရင်းနဲ့ သူမချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

ဆုပန်ထွာကတော့ စိတ်ရင်းစိတ်ထားကောင်းသူပီပီ အလှူရေစက်လက်နဲ့မကွာအောင် ကုသိုလ်ရေးပိုင်းမှာလည်း အမြဲသဒ္ဒါထက်သန်သူဖြစ်ပါတယ်။ သူမတည်ဆောက်ထားတဲ့မိသားစုဘဝလေးထဲမှာ ပျော်ရွှင်စွာနေထိုင်ရင်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပေမယ့် ဝေဖန်သူတစ်ချို့ရဲ့တိုက်ခိုက်မှုတွေကို ခံလာရပါတယ်။ အဲ့တာကတော့ ဆုပန်ထွာကို သူမရဲ့မိသားစုဘဝလေးနဲ့ပတ်သက်ပြီး မယားငယ်ဆိုကာ ဝေဖန်တိုက်ခိုက်သူတွေရှိလို့နေပါတယ်။ ထိုဝေန်မှုတွေကြောင့် ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်က ဆုပန်ထွာဟာ မယားငယ်မဟုတ်ကြောင်းနဲ့ တရားဝင်လက်ထပ်ယူထားတဲ့ ဇနီးမယားသာဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်နေမှုတွေအပေါ် တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်။

ဝေဖန်မှုတွေအပေါ် ကိုဥက္ကာကျော်ဖြေရှင်းလိုက်တာကတော့ “ဒီမိသားစုလေး ဒီအခြေအနေရောက်ဖို့အတွက် စတေးရတာတွေ၊ ပေးဆပ်ရတာတွေ အကုန်လုံးက အစ်ကိုတစ်ယောက်တည်းမဟုတ်ဘူး၊ ပန်ပန်လဲ စတေးရတာတွေ၊ ပေးဆပ်ရတာတွေရှိတယ်။ အဲ့အတွက်ကြောင့် ကျေနပ်တယ်၊ တန်တယ်လု့ိလဲထင်ပါတယ်။ တစ်ခုတော့ပြောချင်တာက အစ်ကိုတို့ မိဘမဲ့ကလေးတွေကို လှူတယ်၊ ရောဂါရှိတဲ့ကလေးတွေကို သနားတဲ့အတွက်ကြောင့် လှူတယ်။ ဒါကို သူများကလေးတွေကျ သနားပြနေလိုက်ကြတာ၊ ကိုယ့်ရဲ့အရင်အိမ်ထောင်က ကလေးကိုတော့မသနားဘူးလား၊ မချစ်ဘူးလို့လားလို့ ပြောကောင်းပြောကြလိမ့်မယ်။ မထောက်ပံ့တော့ဘူးလားတို့၊ မေ့သွားပြီလားတို့ဆို အဲ့လိုမဟုတ်ပါဘူး။ အစ်ကိုပြောချင်တာက အရင်အိမ်ထောင်က ကလေးကို ကျွန်တော့်မိသားစုက အခုချိန်ထိထောက်ပံ့နေဆဲ၊ သူတို့အမေရိကားမှာနေတဲ့ အသုံးစရိတ်တွေအကုန်လုံးကို ယခုချိန်ထိထောက်ပံ့နေဆဲပါ။ အရင်အိမ်ထောင်နဲ့ရထားတဲ့ သားကြီး Bryan Kyaw ကိုလည်းချစ်တယ်၊ သားလေး Roar ကိုလည်းချစ်တယ်ဆိုတာ ပြောချင်တယ်” လို့ဆိုပါတယ်။

ဆက်လက်ပြီး ဇနီးဖြစ်သူ ဆုပန်ထွာကို မယားငယ်လို့ဝေဖန်တိုက်ခိုက်နေတဲ့အပေါ် “အဓိကပြောချင်တာကတော့ ပန်ပန်သည် ကျွန်တော့်ရဲ့တရားဝင်လက်ထပ်ယူထားတဲ့ အမျိုးသမီးပါ။ မယားငယ်မဟုတ်ပါဘူး။ မယားငယ်ဆိုတာက အရင်အိမ်ထောင်နဲ့လက်ထက်ပြီးတော့ နောက်မိန်းမတစ်ယောက်ကို ရည်းစားခိုးထားတာ ဒါကကျွန်တော့အနေနဲ့သတ်မှတ်သိထားတဲ့ မယားငယ်ပါ။ ကျွန်တော်က အရင်အိမ်ထောင်နဲ့နှစ်ဦးသဘောတူ တရားရုံးမှာ အိမ်ထောင်ကိုကွာရှင်းပြတ်စဲပြီးတော့မှ နောက်အိမ်ထောင်ပြုတာပါ။ အဲ့တာကြောင့် ဒါကကျွန်တော့်ရဲ့နောက်အိမ်ထောင်ပါ။ အဲ့အတွက်ကြောင့် ကျွန်တော်က အမေရိကားမှာရော မြန်မာပြည်မှာရော တရားဝင်လက်ထပ်လို့ရပါတယ်။ အမေရိကားမှာလည်း မိန်းမကိုတစ်ယောက်ထပ်ပိုပြီး တစ်ချိန်ထဲမှာလက်ထပ်ယူလို့မရသလို မြန်မာနိုင်ငံမှာလဲ အဲ့တာမျိုးလုပ်လို့မရပါဘူး။ ကျွန်တော်ဒါလေးကို သိအောင်လို့ ပြောသင့်တယ်ထင်လို့ အင်တာဗျူးကတစ်ဆင့်ပြောလိုက်တာပါ” ဆိုပြီး သူများမိသားစုအကြောင်းကို ဂဃနဏမသိပဲ ဝေဖန်တိုက်ခိုက်ပြောဆိုနေကြသူတွေကို ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။

popolay

Leave a Reply

Your email address will not be published. Required fields are marked *