ကျောင်းသားကျောင်းသူလေးတွေကို မုန့်ဝေပေးနေတဲ့ Sinon Loresca ရဲ့ ချစ်စရာ Video ဖိုင်လေး

Posted on

ပရိတ်သတ်ကြီးရေ ဒီတစ်ခါတော့ King Of Catwalk လို့ လူသိများတဲ့ ဖိလစ်ပိုင်နိုင်ငံသား Sinon Loresca ဟာ သူ့ရဲ့ ဒုတိယအိမ်လို့ ဆိုတဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ စိတ်နှလုံးလှပြီး အလှူအတန်း အရမ်းရက်ရောတဲ့ Sinon Loresca ကို မြန်မာပြည်က ပရိတ်သတ်ကြီးကလည်း ချစ်အားပိုလျက်ရှိပါတယ်။ မြန်မာပြည်သူတွေက ပျူငှာလို့ သူက ချစ်တာလို့ ဆိုခဲ့သလို၊ မြန်မာနိုင်ငံဟာ သူ့ရဲ့ ဒုတိယ အိမ်လို့ တင်စားခဲ့ပါတယ်။ ဗီဇာပြည့်လို့ အမိမြေပြန်ရင်တောင်မှ သူဟာ ဝမ်းနည်းကြီးစွာနဲ့ မျက်ရည်ကျလေ့ရှိပါတယ်။ သူ ဘယ်လောက်တောင်မှ မြန်မာနိုင်ငံကို ခင်တွယ်နေလဲဆိုတာ ပရိတ်သတ်ကြီး အသိပါပဲ။

မြန်မာနိုင်ငံရဲ့ မြို့အနှံ့ကို လျှောက်သွားရင်းနဲ့ ပုဂံကိုရောက်တဲ့အခါမှာ သူ့ရဲ့ နန်းဝတ်နန်းစားနဲ့ ပုံစံဟာ Mobile Ledend Hero နဲ့ တူတယ်လို့ မြန်မာပရိတ်သတ်က ဆိုခဲ့တာကြောင့် သူဟာ အပျော်ကြီး ပျော်နေခဲ့ပါသေးတယ်။ ရန်ကုန်၊ မန္တလေးနဲ့ အခြားမြို့ကြီးများကို လှည့်လည်ရင်း မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုတွေကို ကမ္ဘာက သိအောင် ချပြနိုင်တဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

မိဘမဲ့ တစ်ယောက်အဖြစ် ရှင်သန်ခဲ့ရတဲ့ သူ့ဘဝဟာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ ကြမ်းတမ်းမှုတွေမျိုး ခံစားရမယ့် မိဘမဲ့ ကလေးတွေကိုဆိုရင် သူဟာ သူ့ဘဝနဲ့ ထပ်တူသဖွယ် ခံစားပြီး၊ ဒီကလေးတွေအတွက် အမြဲတမ်း လှူဒါန်းပါတယ်။ လမ်းသွားရင်း ကလေးလေးတွေ တွေ့ရင်တောင်မှ မုန့်ဆင်းကျွေးတတ်တဲ့ နှလုံးလှ လူသားတစ်ဦးပဲဖြစ်ပါတယ်။ အခုဆိုရင် Sinon Loresca ဟာ လမ်းမှာတွေ့တဲ့ ကျောင်းသူကျောင်းသားလေးတွေကို မုန့်လိုက်ဝေနေတဲ့ ဗီဒီယို ဖိုင်လေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အခုလို မျှဝေထားပါတယ်။ My Beautiful Morning with my loves, they are so lovely and smart kids 🙏🏽❤️

ပရိတ်သတ်ကြီးရေ မြန်မာနိုင်ငံကို ချစ်တဲ့၊ မြန်မာလူမျိုးတွေကို ချစ်တဲ့ Sinon Loresca တစ်ယောက် အမြဲတမ်း အခုလိုပြုံးပျော်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်နော်။

Writer – ME( Shwe Yaung Lan )
video source-Sinon Loresca
( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

  • ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Leave a Reply

Your email address will not be published. Required fields are marked *