အခုတလော “ဖြိုး” တွေ ကံနိမ့် နေတယ်ဆိုပြီး ပြောပြလာတဲ့ အဆိုတော် ဖြိုးမြတ်အောင်..

Posted on

ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ ညနေ့ ၆ နာရီခန့်မှာ လူငယ်တေးသံရှင် ဖြိုးပြည့်စုံနဲ့ အတူ သူငယ်ချင်း တေးရေး ဆရာ ၂ ဦးကို ကတ်တမင်း အလေးချိန် ဝ.၄ ဂရမ် ရှိတဲ့ ဆေးပြား ၁၀ ပြားနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့တာကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က/၂၁) နဲ့ တရားစွဲဆိုထားပြီး ဗဟန်းမြို့မ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ယင်းအမှုနဲ့ပတ်သတ်ပြီး လူမှုကွန်ယက်တွေမှာ ပရိတ်သတ်များက ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အဆိုတော် ဖြိုးပြည့်စုံ ကလည်း ယင်းဆေးပြားများမှာ မူးယစ်ဆေး မဟုတ်ကြောင်းလည်း ငြင်းဆိုထားပါတယ်။ ဖမ်းမိတဲ့ ဆေးပြားတွေကို စစ်ဆေးဖို့ ရမန်ကာလအဖြစ် ၇ ရက်နေ့ကနေ ၂၁ ရက်နေ့ အထိ ရမန် ၂ ပတ်ယူထားပါတယ်။

ဖြိုးပြည့်စုံရဲ့ မူယစ်ဆေးဝါးအမှုနဲ့ ပတ်သတ်ပြီး ပရိတ်သတ်များအပြင် အနုပညာ အသိုင်းအဝိုင်းကလည်း လက်မခံနိုင်သည့်အတွက် လူမှုကွန်ယက်စာမျက်နှာတွေ ဝေဖန်ပြောဆိုလျက်ရှိပါတယ်။ အဆိုတော် နီနီခင်ဇော်၊ အဆိုတော် အိမ့်ချစ်၊ အဆိုတော် ကော်နီ အစရှိတဲ့ ဝါရင့် အဆိုတော်များကလည်း ဖြိုးပြည့်စုံနဲ့ပတ်သတ်ပြီး ယင်းကဲ့သို့ ပြုလုပ်မှာ မဟုတ်ကြောင်းနှင့် ဆေးပြားများဟာ ထိုင်းနိုင်ငံမှ တရားဝင် ရောင်းချနေတဲ့ ပူရှိန်း ဆေးများသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ အခုဆိုရင် မကြာသေးမှီက “သင့်အတွက်မနက်ဖြန်” Solo Album ထွက်ရှိထားတဲ့ Myanmar Idol season 3 winner ဖြစ်တဲ့ အဆိုတော် ဖြိုးမြတ်အောင်ကလည်း ယခုတလော ဖြိုးတွေ ကံမကောင်းဘူးဟု သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝေဖန်ထားပါတယ်။

ဖြိုးမြတ်အောင်ရဲ့ “သင့်အတွက်မနက်ဖြန်” သီချင်းဟာ ပရိတ်သတ်များအကြိုက်ဆုံး တစ်ပုဒ်လို့ ပြောရမလိုပါပဲ။ Myanmar Idol စတင်ယှဉ်ပြိုင်ကတည်းက ပရိတ်သတ်အင်အား ကောင်းခဲ့တဲ့ လူငယ်တစ်ယောက်လည်း ဖြစ်သလို၊ မိဘကို ရိုသေပြီး ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်တစ်ယောက်လည်း ဖြစ်ပါတယ်။

ဖြိုးပြည့်စုံ အမှုနဲ့ ပတ်သတ်ပြီး ဖြိုးမြတ်အောင်လည်း ပါဝင်လာတာဟာ ဖြိုးပြည့်စုံအတွက် အားတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဖြိုးပြည့်စုံဟာလည်း ဆရာဝန် လူငယ်တစ်ဦးဖြစ်ပြီး ယင်းကဲ့သို့ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်မှု မရှိဘူးလို့ ယုံကြည်ထားခံရသူဖြစ်ပါတယ်။ ပရိတ်သတ်ကြီး အဆိုပါအမှုနဲ့ပတ်သတ်ပြီး ဘယ်လိုဖြစ်လာမယ်ဆိုတာ စောင့်ကြည့်ရအောင်နော်။

Writer – ME( Shwe Yaung Lan )

Leave a Reply

Your email address will not be published. Required fields are marked *