အဖမ်းမခံရအောင် မြန်မာပြည်က သကြားလုံးပဲစားဖို့ အရွှန်းဖောက် ပြောဆိုလိုက်တဲ့ ဖြိုးပြည့်စုံ ရဲ့ ပရိတ်သတ်များ..

Posted on

အလွမ်းအဆွေးသီချင်းတွေနဲ့ ပရိသတ်ရင်ထဲကို တိုးဝင်ပြီး နေရာတစ်နေရာယူထားတဲ့အဆိုတော် ဖြိုးပြည့်စုံဟာဆိုရင် မကြာသေးတဲ့ ရက်ပိုင်းက မူးယစ်ဆေးဝါး သံသယရှိမှုနဲ့ အဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူ စုစုပေါင်း (၃) ဦးဖြစ်ပြီးတော့ ၊ အဆိုတော် ဖြိုး
ပြည့်စုံ ၊ ဂျော်နီ နဲ့ ငြိမ်းချမ်းတို့ပဲ ဖြစ်ပါတယ်။ သူတို့ (၃) ဦးကို မူးယစ်ဆေးဝါးသံသယရှိမှုနဲ့ လူမြင်ကွင်းဖြစ်တဲ့ မြန်မာပလာဇာမှာ ဝင်ရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် အဆိုတော် ဖြိုးပြည့်စုံ အတွက် ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်အများအပြားရှိခဲ့သလို ၊ ဖြိုးပြည့်စုံဟာ အနေအေးသူမို့ ဒါမျိုးမလုပ်နိုင်ဘူးလို့ယုံကြည်ပေးခဲ့တဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေလည်း အများအပြားရှိနေခဲ့ပါတယ်။
ဒီနေ့ တော့ သူရဲ့ ပရိသတ်တွေနဲ့ အနုပညာညီအစ်ကိုမောင်နှမတွေရဲ့ ဆုတောင်းတွေပြည့်ဝခဲ့ပါပြီ။ အဆိုတော် ဖြိုးပြည့်စုံတို့ဆီမှာ တွေ့ရတဲ့ အရာတွေကတော့ မူးယစ်ဆေးပြားတွေမဟုတ်ပဲနဲ့ ချိုချဉ်သကြားလုံးတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် အမူ
ကြောင်းအရ မခိုင်မာတော့သလို ၊ မှားယွင်းစွာ ဖမ်းဆီးထိန်းသိမ်းမိခဲ့တဲ့ အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တာပါ။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ ဖြိုးပြည့်စုံရဲ့ ပရိသတ်တွေဟာ ပျော်ရွှင်နေကြပြီးတော့ နောက်ဆို ချိုချဉ်စားချင်ရင် မြန်မာပြည်က ချိုချဉ်ပဲ စားပါနော်လို့ အရွှမ်းဖောက်ထားတာကိုလည်း တွေ့ရပါတယ်။ လတ်တလောမှာတော့ အခုလို ဖြစ်ပွားခဲ့မှု
အကြောင်း အဆိုတော် ဖြိုးပြည့်စုံက မကြာခင်မှာ Media Press Show တစ်ခု လုပ်ဖို့စီစဉ်ထားကြောင်း သိရှိရပါတယ်။

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *