ဝင်းနဲ့ဇော်အတွက်နောက်ဆုံးမျှော်လင့်ချက် အသနားခံစာကို အောက်တိုဘာ ၂၁ တွင်တင်သွင်းမည်

Posted on

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လိပ်ကျွန်းလူသတ်မှုမှာ မြန်မာနိုင်ငံသား နှစ်ဦးကျူးလွန်တာဖြစ်တယ်ဆိုတဲ့ စွဲဆိုချက်နဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်းနဲ့ ဇော်ဟာ ဆိုရင် ထိုင်းနိုင်ငံတရားစီရင်ရေးမှာ သေဒဏ်ကျခံခဲ့ရပါတယ်။ ဒီပြစ်ဒဏ်နဲ့ ပတ်သတ်ပြီးတော့ မြန်
မာနိုင်ငံသားတွေကလည်း မကြည်ဖြူသလို ၊ အနုပညာရှင်များကလည်း တတ်စွမ်းတဲ့ဘက်ကနေပြီးတော့ ထိုင်းနိုင်ငံက ပြစ်ဒဏ်စီရင်မှုဟာ တရားမျှတမှု မရှိဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ထိုင်းနိုင်ငံခရီးစဉ်သွားရောက်ခဲ့စဉ်ကလည်းနှစ်နိုင်ငံ တပ်မတော်များ၏ ချစ်ကြည်မှုကိုထောက်ညှာပြီးတော့ တရားဥပဒေနည်းလမ်းတကျ ဝင်းနဲ့ဇော် ကိစ္စကိုဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့သလို ၊ တပ်မတော်က အဆင့်
၃ ရှိတဲ့ တပ်မတော် ( ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေး ဗိုလ်ချုပ်ကြီးမြထွန်းဦးကလည်း ဝင်းနဲ့ဇော်ကို ကိုယ်တိုင်ကိုယ်ကျ ထောင်ဝင်စာတွေ့ဆုံခဲ့ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ အားပေးမှုများလည်း လုပ်ဆောင်ခဲ့ပါတယ်။

ထို့အတူ နိုင်ငံတော် အစိုးရဘက်ကလည်း သေဒဏ်ကျနေတဲ့ ဝင်းနဲ့ ဇော်အတွက် ထိုင်းဘုရင့်ထံကို အသနားခံစာတင်သွင်းဖို့ ကြိုးစားနေခဲ့ပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း အဖွဲ့က ထိုင်းရှေနေများကောင်စီလုပ်ငန်းအဖွဲကတွေနဲ့
ပူးပေါင်းပြီးတော့ ဝင်းနဲ့ ဇော်အတွက် ပြစ်ဒဏ်လျော့ပေါ့ပေးရေး လုပ်ငန်းစဉ်တွေကိုလည်းလုပ်ဆောင်ခဲ့ပါတယ်။ အသနားခံစာကိုတော့ ယခုလ ၂၁ ရက်နေ့မှာ ထိုင်းဘုရင်ထံ တင်သွင်းသွားမှာဖြစ်ပြီးတော့ အခုလို ကျန့်ကြာနေခဲ့တာဟာလည်း ထီးသုံးနန်းသုံး
စကားလုံးများအတွက် အခက်အခဲရှိခဲ့လို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ယခုလ ၂၁ ရက်နေ့မှာ တင်သွင်းမယ့် အသနားခံစာအရ ဝင်းနဲ့ ဇော်တို့အတွက် အထောက်အကူဖြစ်ပါစေလို့ ဝိုင်းဝန်းဆုတောင်းပေးကြပါဦးနော်..

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *