ဝက်သားပါတဲ့ပေါင်မုန့်ချောင်းကို စားမိပြီးနောက် စိတ်ရောဂါရသွားတဲ့ သတ်သတ်လွတ်သမား

Posted on

ကျောင်းသူတစ်ဦးဟာGreggs ဆိုတဲ့မုန့်တိုက်က သက်သက်လွတ်မုန့်မှာစားရာမှာ ဝက်သားပါလာတဲ့အတွက် စိတ်တုန်လှုပ်ခြောက်ခြားခဲ့ရပါတယ်။

အသက်၂၀အရွယ် Sharleen Ndunguအမည်ရှိကျောင်းသူတစ်ဦးဟာ သက်သက်လွတ်စားသူဖြစ်ပြီး ထိုမုန့်ဆိုင်ကမုန့်ကို သက်သက်လွတ်လုပ်ပေးဖို့မှာခဲ့ပေမယ့် ဝက်သားပါလာတာကြောင့် ဒီမုန့်ကိုစားပြီးတဲ့နောက် သူ့ဗိုက်ထဲမှာနာသလိုဖြစ်လာပြီး ရင်တုန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းကို သူကမုန့်ဆိုင်ရဲ့တာဝန်ရှိသူကိုပြောတဲ့အခါမှာ မုန့်ရဲ့တန်ဖိုး £2 ကိုပြန်ပေးခဲ့ပြီး £30တန်ကြေးရှိတဲ့ ဘောင်ချာစာရွက်ကိုပေးခဲ့ပေမယ့် သူမကတော့ လူသိရှင်ကြားတောင်းပန်ဖို့သာ တောင်းဆိုခဲ့ပါတယ်။

သူမဟာ ဒီအဖြစ်အပျက်ကို Twitterပါ်တင်ခဲ့ပါတယ်။ သူမတင်ထားတဲ့ ပို့စ်မှာတော့ ဗွီဒီယိုနဲ့တကွ သူမဟာ အသားမစားခဲ့တာ ၂နှစ်ရှိပြီဖြစ်လို့ ဝက်သားစားမိတဲ့အခါမှာ ဗိုက်နာလာတာဖြစ်ကြောင်းနဲ့ သူမဒီဆိုင်နဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရသွားပြီဖြစ်တာကြောင့်Gregg မုန့်ဆိုင်ကို ဒီတစ်သက်မသွားတော့ဘူးလို့ ဆိုပါတယ်။

Gregg မုန့်ဆိုင်က မန်နေဂျာကတော့ ဒီလိုဖြစ်ရပ်တွေအတွက် မုန့်ဖိုးပြန်လည်ပေးရတာက သူတို့တာဝန်ဖြစ်ကြောင်းနဲ့ တောင်းပန်ဖို့အတွက် ရုံးချုပ်ကိုတင်ပြထားကြောင့် ကုမ္ပဏီရဲ့အဆင့်အတန်းအရ လူသိရှင်ကြား တောင်းပန်မှာဖြစ်ကြောင်း mailမှတစ်ဆင့် ပြောကြားခဲ့ပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-Trib