သားဖြစ်သူက မြန်မာငွေ သိန်း ၂၀ ကျော်တန် iPhone နဲ့ စပရိုက် လုပ်လိုက်လို့ ပျော်နေတဲ့ နေမျိုးအောင်

Posted on

မင်းသားကြီးနေမျိုးအောင်ဟာ အပစ်အခတ်အကြမ်းအရမ်း…အနုအရွ..သဘာဝ စွယ်စုံရတဲ့ မင်းသားကြီးပဲ ဖြစ်ပါတယ်….. ဗီဒီယိုခေတ်မှာဆိုရင် အရမ်းကို အောင်မြင်ကျော်ကြားသူတစ်ဦးဖြစ်ပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးနေသူတစ်ဦးဖြစ်ပါတယ်…စွယ်စုံရသူတစ်ဦးလို့ ဆိုရမှာဖြစ်ပြီးတော့ သရုပ်ဆောင်တဲ့နေရာမှာလည်း ပိုတာလိုတာမရှိ သဘာဝကျကျ သရုပ်ဆောင်တတ်သူဖြစ်တာကြောင့် ပရိသတ်က သဘာဝမင်းသားရယ်လို့ လက်ခံထားကြတာပဲ ဖြစ်ပါတယ်….

ယမန်နေ့ နိုဝင်ဘာ ၇ ရက်နေ့က သဘာဝမင်းသားကြီး နေမျိုးအောင်ရဲ့ မွေးနေ့ပဲ ဖြစ်ပြီးတော့ နေမျိုးအောင်ဟာ ချစ်တဲ့ မိသားစုနဲ့အတူ ရိုးရှင်းတဲ့ မွေးနေ့ပွဲလေးတစ်ခု ကျင်းပခဲ့ပါတယ်…
အဲဒီမွေးနေ့ဟာ နေမျိုးအောင်ရဲ့ သားဖြစ်တဲ့ မင်းထိုက်က ဖခင်ဖြစ်သူအတွက် iPhone 11 promax တစ်လုံးကို မွေးနေ့လက်ဆောင်ပေးပြီး Surprise လုပ်ခဲ့တာပဲ ဖြစ်ပါတယ်…

သားဖြစ်သူရဲ့ မွေးနေ့လက်ဆောင်ကြောင့် နေမျိုးအောင်တစ်ယောက် အရမ်းကို ပျော်ရွှင်နေခဲ့တာကို ဓာတ်ပုံတွေထဲမှာ တွေ့ရှိရပါတယ်…
နေမျိုးအောင်ဟာ လက်ရှိမှာ ချစ်တဲ့ဇနီး..သားလေး ၂ ယောက်တို့နဲ့အတူ နေထိုင်နေတာဖြစ်ပြီးတော့ သားကြီးဖြစ်တဲ့ မင်းထိုက်ကလည်းပဲ အနုပညာသွေးပါသူပီပီ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်….

နေမျိုးအောင်တို့ မိသားစုရဲ့ ပျော်ရွှင်စရာမွေးနေ့ပွဲ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးအောင် ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Source : Min Htike

Leave a Reply

Your email address will not be published. Required fields are marked *