ကွဲကွာသွားတဲ့ ဖခင်ကို ပြန်လာပေးဖို့ မြန်မာအိုင်ဒေါကနေ ငိုပြီး တောင်းဆိုခဲ့တဲ့ ပြိုင်ပွဲဝင် ထက်အဉ္ဇလီ ( ဗီဒီယို )

Posted on

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

လက်ရှိမှာ Myanmar Idol Season 4 မှာပါဝင်ယှဉ်ပြိုင်နေတဲ့ ကယားမလေး ထက်အဉ္ဇလီဟာ တစ်ယောက်ဟာဆိုရင် ယှဉ်ပြိုင်top 11 စာရင်းမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။သူဟာ ဆိုရင် ဂီတကိုရူးသွပ်သလို ဖြစ်သလို ၊ ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဘဝအတိတ်လေးကတော့ သူ့ဂီတတွေလောက် မလှပ မချိုမြိန်လှပါဘူး။

သူဟာဆိုရင် သူငယ်စဉ်ကတည်းက ဖခင်ဟာ ကွဲကွာသွားတာဖြစ်ပြီးတော့ ယနေ့တိုင်ပြန်လည်တွေ့ဖို့အတွက် မျှော်လင့်နေတယ်လို့ သူမက ဆိုပါတယ်။ ဒါကြောင့်လည်း တစ်နိုင်ငံလုံးက ကြည့်တဲ့ Myanmar Idol က နေတစ်ဆင့် သူမရဲ့ အဖေများကြည့်လေမလား ၊ တွေ့လေမလား လို့ မျှော်လင့်နေပါတယ်။ အဲ့ဒီကတစ်ဆင့် ဖခင်က ဆက်သွယ်လာမလားလို့ ယနေ့တိုင် စောင့်မျှော်နေတယ်လို့ ဆိုပါတယ်။

သူမရဲ့ သီဆိုမှုတွေဟာ ထင်မှတ်မထားအောင် ကောင်းတာကြောင့် ဒိုင် ၃ ဦးလုံးလည်း အံ့သြရပါတယ်။ သူမဟာဆိုရင် အကောင်းဆုံးကြိုးစားပြီးတော့ ဖခင်ဆက်သွယ်လာမယ့်နေ့ကို စင်ပေါ်က မျှော်လင့်နေပါတယ်။ သူမ စင်ပေါ်မှာ ရှိချိန်ပိုများလေ ဖခင်ကို တွေ့ရဖို့အခွင့်အရေးပိုလေလို့ ဆိုတာကြောင့် သူမကို စင်ပေါ်မှာ ဆက်လက်ရှိနေဖို့အတွက် အားပေးကြဖို့ မမေ့ပါနဲ့နော်။

  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *