ပုဂံဘုရား တစ်ခုမှာ ဓမ္မပါလ စစ်သူကြီးက အမျိုးသမီး တစ်ဦးကို ဝင်ရောက်ပူးကပ်ပြီး တန်ခိုးပြတဲ့ ဖြစ်စဉ် ( ရပ်သံ )

Posted on

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

မြန်မာမှန်လျှင် ပုဂံတော့ ရောက်ဖူးရမယ်ဆိုတဲ့ စကားအတိုင်း ရှေးဟောင်းအမွေအနှစ်နဲ့ စေတီပုထိုးတွေ လက်ညှိုးထိုးမလွဲအောင်ရှိတဲ့ ပုဂံကို လူတိုင်းရောက်ဖူးကြမှာပါ။ ပုဂံဘုရားများစွာရှိတဲ့ အထဲက ဓမ္မရာဇက ဘုရားဟာဆိုရင်လည်း နာမည်ကြီးဘုရားတစ်ဆူပဲဖြစ်ပါတယ်။ ရှေးဟောင်းလက်ရာအမွေအနှစ်များ ၊ ဘုရားပတ်လည်မှာ ထွင်းထုထားတဲ့ အနုပညာများ ၊ ဘုရားဇာတ်နိပါတ်တော်ကျောက်ချပ်များလည်း များစွာရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။

ဒီဘုရားမှာ ယခင်က နိုင်ငံခြားသားတွေဟာ အဲ့ဒီလက်ရာကျောက်ပြားတွေကို ခွားပြီး ခိုးခဲ့ကြဖူးပါတယ်။ ဒါပေမယ့် လေဆိပ်မှာ ပြန်ဖမ်းမိခဲ့ပါတယ်။ဒါ့အပြင် ဓာတ်ပုံရိုက်တဲ့ အခါ အချို့ပုံတွေမှာ ဘုရားအဝင်ဝမှာ စစ်သူကြီးတစ်ဦးရပ်ပြီးစောင့်နေတဲ့ ပုံ ပေါ်တယ်လို့ နာမည်ကြီးသလို ၊ ဘုရားအဝင်ဝမှာလည်း အဲ့ဒီဓာတ်ပုံကို ပြသထားတာကြောင့် စစ်သူကြီး စောင့်ကြပ်တဲ့ ဘုရားရယ်လို့ လူတွေကအသိများ ကျော်ကြားလှပါတယ်။

ဒါဟာ ပါးစပ်အပြောလား ရာဇဝင်လားဆိုတာ မသိချာခဲ့ပေမယ့် ဒီနေ့မှာတော့ ဓမ္မရာဇိက ဘုရားဖူးသွားတဲ့ ပဌာန်းဆက် ရှိသူတစ်ဦးကို အဲ့ဒီစစ်သူကြီးက ဝင်ပူးပြီးတော့ သစ္စာတရားအကြောင်းကို ပြောပြခဲ့တာကိုတွေ့ရပါတယ်။ ဒီလို ပူးကပ်စဉ်မှာ သူဟာ တမာရွက်ခူးပြီး သစ္စာအဓိဌာန်ပြုကာ တမာအခါးပေါ့အောင် လက်တွေ့ သစ္စာဆိုပြခဲ့တာကိုလည်းတွေ့ရပါတယ်။ အံ့သြစရာကောင်းသလို ထူးဆန်းလှတဲ့ အဖြစ်အပျက်လေးမို့ ပရိသတ်တွေ သိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်နော်။

  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *