ချစ်သူတွေ ဖြစ်နေကြတဲ့ မြန်မာအိုင်ဒေါက နေလင်းကျော်နဲ့ ဆက်စီမော်ဒယ် ဇာဇာထက် တို့ အချစ်ရေး

Posted on

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ဒီနှစ် Myanmar Idol ရဲ့ Top 11 ရွေးချယ်မှုထဲက ဆံပင်ရှည်ရှည်နဲ့ ပျိုမေတွေရင်ထဲလင်းခနဲပေါ်တဲ့ အဆိုတော်လေး နေလင်းကျော်တစ်ယောက်ကတော့ ဆွဲဆောင်မှုရှိတဲ့ အရပ်အမောင်း ၊ သန့်ပြန်တဲ့ မျက်နှာနဲ့ နှုတ်ခမ်းနီမလေးတွေ အကြား ရေပန်းစားနေသူတစ်ဦးဖြစ်ပါတယ်။ သူရဲ့ သီဆိုမှုဟန်ပန်တွေကြောင့်လည်း နှုတ်ခမ်းနီမလေးများရဲ့ အာရုံကိုဖမ်းစားထားနိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူ့ရဲ့ Live Performence ညမှာလည်း အကောင်းဆုံး ဖျော်ဖြေခဲ့မှုကြောင့် လည်း ပရိသတ်အကြားရေပန်းစားနေတဲ့ခဲ့ ပြိုင်ပွဲဝင်တစ်ဦးလည်းဖြစ်ပါတယ်။ အခုတလောမှာတော့ အများစိတ်ဝင်စားခံနေရတဲ့ နေလင်းကျော် မှာ ချစ်သူရှိတယ်ဆိုတာကိုတော့ ဘယ်သူမှသိမနေခဲ့တဲ့အပြင် သိလိုက်ရချိန်မှာတော့ အားလုံးက အံ့သြသွားကြရတာပဲဖြစ်ပါတယ်။ သူ့ရဲ့ချစ်သူနဲ့က ချစ်သူသက်တမ်း ၄-၅ နှစ်ကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် နဲ့ နှစ်ပေါင်းများစွာကို ဖြတ်သန်းခဲ့တာလို့လည်း သိရပါတယ်။

ပရိသတ်တွေကို ပိုမိုအံ့သြစေတာက နေလင်းကျော်ရဲ့ ချစ်သူဟာ မော်ဒယ် ဇာဇာထက် ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။ ဇာဇာထက်ကတော့ Professional Sexy Model တစ်ဦးဖြစ်ပြီးတော့ အရမ်းဟော့တဲ့ ဓာတ်ပုံတွေနဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်သူလည်းဖြစ်ပါတယ်။ နေလင်းကျော် ဟာ လတ်တလော ရေပန်းစားနေတာကြောင့် ယခင်က ဇာဇာထက်နဲ့ ဗီဒီယို တစ်ခုလည်း ပျံ့နှံ့လာတာကိုတွေ့ရပါတယ်။

ချစ်သူနှစ်ယောက် ကတောက်ကဆဖြစ်တုန်းက အဆင်မပြေခဲ့တဲ့ အကြောင်း ဗီဒီယိုလေးကတစ်ဆင့် ပရိသတ်တွေက ရိပ်မိသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နေလင်းကျော်နဲ့ ဇာဇာထက်တို့ ပြန်လည်အဆင်ပြေပြီး အမြန်ဆုံး နားလည်မှုရရှိကြပါစေလို့ ပရိသတ်များကလည်း ဆုတောင်းပေးနေကြတယ်လို့ သိရပါတယ်။

  • ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *