သူ့ရဲ့ ဖွားဖွားကို ကားကြီးပေါ် တက်စီးဖို့ ခေါ်နေတဲ့ လွင်မိုးရဲ့ ချစ်စရာ မြေးလေး ( ဗီဒီယိုဖိုင် )

Posted on

( Video ဖိုင်ကို အောက်ဆုံးမှာတွဲပြီး တင်ပေးထားပါတယ် )

ဖိုးဖိုး လွင်မိုးနဲ့ မေမေ ယွန်းဝတီလွင်မိုးတို့ရဲ့ မျိုးဆက်လေးဖြစ်တဲ့ Liam လေးတစ်ယောက်ဟာဆိုရင် ကျန်းမာပြီးေ ပျာ်ရွှင်နေတာကြောင့် အင်မတန်မှကို ချစ်ဖို့ကောင်းတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။အခုဆို သူဟာ အသက် ၁ နှစ် နဲ့ ၃ လကျော်ပြီ ဖြစ်ပါတယ်။သူဟာ အသက်ငယ်ငယ်လေးထဲကလည်း မေမေ နဲ့အတူ ကြော်ငြာတွေပါ ပါဝင်သရုပ်ဆောင် တတ်တဲ့ မင်းသားလေးပဲဖြစ်ပါတယ်။

အခုတော့ မေမေနဲ့ ဖေဖေ ကျောင်းပိတ်လို့ ပြန်လာမယ်ဆိုတော့ Liam တစ်ယောက်ပျော်နေပုံပါပဲ ။ဖိုးဖိုးနဲ့ ဖွားဖွားကလည်း Liam လေးကို အရိပ်လို အပျောက်မခံပဲ တုန်နေအောင်ချစ်ကြပါတယ်။ မြေးလေးက အိပ်ရင်တောင် ဖိုးဖိုးနဲ့ ဖွားဖွားကြားမှာ အိပ်တာလို့လည်းသိရပါတယ်။ သူဟာ တီတီတာတာလေး ပြောတတ်တာကြောင့်လည်း အဖိုးရဲ့အချစ်တော် အဖွားရဲ့အချစ်တော်လေး ဖြစ်နေခဲ့တာပါ။

အခုလည်း သူ့ရဲ့ ကားလေးနဲ့ ဖွားဖွားကို လည်လည်သွားရအောင်ဆိုပြီး ခေါ်နေတာလေးးက အင်မတန်မှကို အူယားစရာကောင်းပါတယ်။ ဖွားဖွားကတော့ သူ့ဖေဖေ မေမေ ရော အလွမ်းပြေဖို့ ပရိသတ်ရော အလွမ်းပြေဖို့အတွက် Liam ရဲ့ ဗွီဒီယိုလေးတွေကိုအမြဲတမ်း ပြန်လည်ဝေမျှပေးလေ့ရှိပါတယ်။ အခုလည်း Liam က သူ့အဖွားကို ကားနဲ့လည်လည်သွားဖို့ ခေါ်နေတာလေးကို
Instagram မှာ မျှဝေပေးထားတာကို ပရိသတ်ကြီး ကြည့်ရှုနိုင်အောင် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

  • ရုပ္သံဖိုင္အားၾကည့္ရန္ နွိပ္ပါ

Writer- SMT(Shwe Yaung Lan)

Leave a Reply

Your email address will not be published. Required fields are marked *