အောင်လအန်ဆန်းရဲ​့ ချန်ပီယံဆုကို စိမ်ခေါ်မယ့် ဖိုက်တာကောင်းတစ်ယောက်ထွက်ပေါ်လာပါပြီ

Posted on

မြန်မာ့ဂုဏ်ဆောင် MMA သိုင်းပေါင်းစုံလက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်ကတော့ သူ့ရဲ့ချုပ်ကွက်တွေကြောင့် အားကစားလောကမှာ Burmese Python မြန်မာ့စပါးအုံးဆိုတဲ့ နာမည်တစ်ခုကို ရရှိထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ယှဉ်ပြိုင်ပွဲမှာ အောင်လအန်ဆန်ဟာ စိန်ခေါ်သူ ဖိလစ်ပိုင်နိုင်ငံက MMA အားကစားသမားဖြစ်သူ ဗီရာကို အနိုင်ရခဲ့ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။ ဘာကြောင့် ကမ္ဘာကျော်လဲဆိုတော့ One Champion ရဲ့ နှစ်ပတ်လည်ပွဲဖြစ်သလို ၊ ကမ္ဘာ့နိုင်ငံတွေကိုလည်း အခမဲ့ပြသချိန်ဖြစ်တာကြောင့် အောင်လအန်ဆန်ဟာ ကမ္ဘာ့အလယ်မှာ မြန်မာအလံကို ဝင့်ထည်စွာခြုံပြီး အနိုင်ယူခဲ့တာဖြစ်ပါတယ်။

မနေ့က ဂျာကာတာမှာကျင်းပတဲ့ One Championship ပွဲစဉ်မှာတော့ နယ်သာ လန်သား ရိန်နီယာဒီရိုက်ဒါ က ဘရာဇီးသား အက်တိတ်ဒက်စ်ကို အမှတ်နဲ့အနိုင် ရ ခဲ့ ပါတယ်။ ဒီလို အမှတ်နဲ့ အနိုင်ရခဲ့တဲ့ ဒီရိုက်ဒါက စင်ပေါ်က အောင်လအန်ဆန်းကို အခုလိုပဲ စိန်ခေါ်လိုက်ပါတယ်။

“အောင်လ၊ မင်း အဆင်သင့်ဖြစ်ပြီလား၊ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်နဲ့ ကြိုက်တဲ့နေ့ ရွေးလိုက်ပါ။ မင်းက အဲဒီလိုရွေးဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ရွှေခါးပတ်တော့ ပြောင်လက်နေအောင် ဆက်ပြီး လုပ်ထားပါ။ ငါယူဖို့ လာနေပြီ” လို့ အောင်လကို စိန်ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းကို အောင်လအန်ဆန်ကလည်း သူ့ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာကနေ အနိုင်ရသူ ဒီရိုက်တာကို ဂုဏ်ပြုထားပြီး မကြာခင်မှာ ကြိုးဝိုင်းအတွင်းထိုးသတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

Writer – SMT ( Shwe Yaung Lan )