လှချင်လွန်းလို့ ကြောက်မက်ဖွယ် မျက်နှာဖြစ်သွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဖြစ်ရပ်

Posted on

အခုခေတ်မှာ နည်းပညာတွေ ပိုမိုထွန်းကားလာတာကြောင့် သဘာဝအရ အိုမင်းမှုတွေကိုပင် ငွေနဲ့ အန်တုနေကြတဲ့ ခေတ်ပါနော်။ မျက်နှာပြစားရတဲ့ အလုပ်လုပ်ကိုင်သူတွေ၊အလှအပကိုမက်မောသူ အမျိုးသမီးတွေအနေနဲ့ကတော့ ဒီလိုလုပ်တာကို ရူးသွပ်မှုတစ်ခုလို စွဲမက်နေကြပါတယ်။

ထိုင်းနိုင်ငံက အမျိုးသမီးဦးဟာ မျက်နှာတင်းရင်းလှပနေစေဖို့အတွက် ဗိုတော့ခ် ထိုးရာကနေ အနာတွေအဖြစ် ရောင်ယမ်းလာပြီးတော့ မျက်နှာတစ်ခုလုံး ရစရာမရှိ ရုပ်ဆိုးသွားပါတယ်။ သူမဟာဆိုရင် ပိုမိုလှပဖို့အတွက် ငွေကုန်ကြေးကျခံဆောင်ရွက်ခဲ့တာဖြစ်ပြီးတော့ အခုလို အဖြစ်မျိုးကြုံလိုက်ရချိန်မှာတော့ အတော်လေး တုန်လှုပ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ လှပတဲ့မျက်နှာလေးက ပျက်ယွင်းသွားခဲ့လို့ပါ။

မြန်မာနိုင်ငံမှာလည်း ဒီယဉ်ကျေးမှုက ကူးစက်လာနေပါတယ်။ ပိုက်ဆံရှိအသိုင်းအဝိုင်းကလူတွေ အတွက်သာ လက်လှမ်းမီသေးတာပါ။ ဒီလို အလှအပရေးရာဆိုင်တွေကတော့ ပေါများလာနေပါတယ်။ ဒါကြောင့် သတိထားရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Writer – SMT ( Shwe Yaung Lan )