ညီမလေး သံစဉ်မောင်အတွက် အင်တာဗျူးဖြေရင်း မျက်ရည်ကျခဲ့တဲ့ ဘေဘီမောင်ရဲ့ ဗီဒီယို

Posted on
  • ဗီဒီယိုဖိုင်ကို အောက်မှာ ထည့်ပေးထားပါတယ်။

မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်တစ်ယောက်ကတော့ သူမရဲ့လှပတဲ့အချိုးအဆစ်တွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိတ်သတ်က အားပေးတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာဆိုရင် မကြာသေးခင်က ပြဿနာတက်နေတဲ့ မော်ဒယ် သံစဉ်မောင် ရဲ့ အမဖြစ်သူလည်းဖြစ်ပါတယ်။

သံစဉ်မောင်နဲ့ သရုပ်ဆောင် နေဒွေးတို့ဟာ လူငယ်ချင်း ချစ်ခင်ခဲ့ကြပါတယ်။ ဒီလို ချစ်ခင်တဲ့ ကာလမှာ အဆင်မပြေ မှု သဝန်တိုမှုတွေကြောင့် နေဒွေးက ထိုးကြိတ် ရိုက်နှက်တာတွေအထိဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို အဖြစ်အပျက်တွေကို သည်းမခံနိုင်တော့တာကြောင့် သံစဉ်မောင်က သရုပ်ဆောင် နေဒွေးကို တရားရုံးကနေ အပြင်းအပြန်နာကြင်စေမှုနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့ မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်ကတော့ အခုလို ဖြစ်တဲ့ အပေါ် စိတ်မကောင်းဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ယောက်ျားလေးနဲ့ မိန်းကလေး အားမမျှတာကြောင့် ရန်ဖြစ်ရင်တောင် အေးအေးဆေးဆေးပြောဆိုကြစေချင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်

“ညီမလေး နဲ့ မိဘ အတွက် တော်တော်လေး စိတ်မကောင်း ဖြစ်နေရပါတယ်။ အဖေ့ ကို ဆဲနေတာတွေ မမြင်ချင်ဘူး။ ညီမတို့ မိသားစုက သူများကို မတရား မလုပ်ပါဘူး”

လို့ သူမချစ်တဲ့ ပရိသတ်ကို အခုလိုပဲ ရင်ဖွင့်လိုက်ပါတယ်။

  • ဗီဒီယိုဖိုင်ကို ကြည့်ရန် နှိပ်ပါ

Writer – SMT ( Shwe Yaung Lan )
Video- MC