စိုင်းစိုင်းရဲ့ အိုက်တင်ပိုင်းနဲ့ ပက်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောလာတဲ့ ချိုပြုံး

Posted on

စိုင်းစိုင်းရဲ့ အနုပညာမှတ်တိုင်တစ်ခု ဖြစ်လာမဲ့ ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးဟာ မကြာမီအချိန်တွင်း ပရိတ်သတ်ရှေ့မှောက် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကြီးမှာ စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ တက်သစ်စ မင်းသမီးလေး ပိုးမမှီသာတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ SKP Entertainment

ဝါရင်သရုပ်ဆောင်ကြီးများ ဖြစ်တဲ့ အကယ်ဒမီ ကျော်သူ ၊ အကယ်ဒမီ ချိုပြုံး ၊ အကယ်ဒမီ စိုးမြတ်သူဇာ တို့ အပါအဝင် အခြားသရုပ်ဆောင်ပေါင်းများစွာကလည်း ပါဝင်အားဖြည့်ထားပါတယ်။ အကယ်ဒမီ ချိုပြုံးကတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ အဖွားအဖြစ် ” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ထားပါတယ်။ SKP Entertainment

” ပိတောက်ကတဲ့ ဂီတ ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပက်သက်ပြီး အကယ်ဒမီ ချိုပြုံးကတော့ သူမရဲ့ အမြင်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” စိုင်းစိုင်းနဲ့ ဒီဇာတ်ကားလေးနဲ့ လိုက်တယ်။ ဘာကြောင့်လဲဆိုတော့ အဆိုတော်လေ။ မေချိုတို့ ရဲစခန်းမှာ သွားရိုက်တုန်းကလည်း တကယ်ပဲ အားပေးတဲ့သူတွေက ဝိုင်းနေတာ ဆိုတော့ တကယ်လုပ်ထားသလိုပဲ။ အရမ်းလည်းကောင်းတယ် သူ့ အိုက်တင်တွေလည်း အရမ်းတိုးတက်လာတယ်လို့ မေချိုထင်တယ်။ SKP Entertainment

မေချိုနဲ့ အတူတွဲရိုက်တဲ့ အချိန်တွေမှာ သိတယ်လေ။ ဇာတ်တစ်ခုအပေါ် တော်တော်လေး သက်ဝင်ခံစားတတ်လာ တယ်။ အရင်တုန်းကတော့ စိုင်းစိုင်းနဲ့ ဗီဒီယိုဇာတ်ကားတွေရိုက်တာပေါ့။ အခုတော့ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သူနဲ့ ဆုံရတဲ့အတွက် သူ့အရည်အချင်းက အရမ်းကောင်းပါတယ်။ SKP Entertainment

မေချိုကလည်း အဆိုတော် တစ်ယောက်ဆိုတော့ အခုလို အဆိုတော်တစ်ယောက်က ရိုက်တဲ့ ဇာတ်ကားအတွက် အရမ်းအောင်မြင်စေချင်တယ်။ မေချိုက သီချင်းဆိုတာက စပြီးတော့ သရုပ်ဆောင်ဘက်ကို ပြောင်းလာတာဖြစ်တဲ့အတွက် အခုလို ဇာတ်ကားကောင်းလေးတစ်ခုကို အပင်ပန်းခံပြီးတော့ သေသေချာချာ ပုံဖော်ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကျေလည်း ကျေနပ်တယ်။ အောင်မြင်ဖို့အတွက်လည်း ဆုတောင်းတယ်” ဆိုပြီး ဖဖော်ဝါရီလ ၂၆ ရက်နေ့က “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရော ဒီဇာတ်ကားကြီး ရုံတင်ရင် သွားရောက်အားပေးမှာလားဆိုတာ ပြောခဲ့ပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)