ပရိတ်သတ်တွေ စိတ်ပူနေတဲ့ လက်ရှိအိမ်ထောင်ရေး အခြေအနေကို ပွင့်ပွင့်လင်းလင်း အသိပေးလာတဲ့ မယ်လိုဒီ

Posted on

တစ်သားမွေး တစ်သွေးလှပြီး အရမ်းကို လှပခန့်ညားတဲ့ အသွင်အပြင်နဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာသူလေးကတော့ သရုပ်ဆောင် မယ်လိုဒီပဲ ဖြစ်ပါတယ်။ သားလေးတစ်ဦးမွေးပြီး နောက်ပိုင်းမှာတောင် လှပတဲ့ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ ဆွဲဆောင်မှု ရှိလွန်းသူပါ။ SKP Entertainment

အနုပညာလမ်းကြောင်းပေါ်မှာ ပြန်လည်ရောက်ရှိလာတဲ့ မယ်လိုဒီကတော့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကိုလည်း လက်ရှိမှာ ရိုက်ကူးနေတာပါ။မကြာသေးခင်က ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကို သွားရောက်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီး အနုပညာလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နေပါပြီ။ SKP Entertainment

သူမရဲ့ အလှအပပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ စိတ်ခံစားချက်လေးတွေကိုလည်း အမြဲတမ်း ဆိုရှယ်မီဒီယာမှာ ဝေမ ျှတတ်သူပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပုံရိပ်လေးတွေကိုလည်း မကြာခဏ ဝေမ ျှတတ်ပါသေးတယ်။ SKP Entertainment

အမြဲလိုလို စိတ်ခံစားချက်တွေကို ရင်ဖွင့်တတ်တဲ့ မယ်လိုဒီကတော့ ခင်ပွန်းဖြစ်သူနဲ့ ပုံရိပ်လေးတွေကို အခုနောက်ပိုင်းမှာ မ ျှဝေခြင်း မရှိတော့ပါဘူး ။ အဲ့ဒါကြောင့် ပရိတ်သတ်တွေကတော့ သူမရဲ့ အိမ်ထောင်ရေးအခြေအနေနဲ့ ပက်သက်ပြီး စိုးရိမ် စိတ်ပူနေခဲ့ကြပါတယ်။ SKP Entertainment

စိတ်ပူနေတဲ့ ပရိတ်သတ်တွေကို သူမရဲ့ အိမ်ထောင်ရေးနဲ့ ပက်သက်ပြီး အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ ” မျိုးရဲ့ အလုပ်ကို သူလည်း ဝင်မစွက်ဖက်သလို သူ့ရဲ့ အလုပ်ကိုလည်း မျိုး ဝင်မလုပ်ပေးဘူး။ ဒီလိုပဲ ဖေ့စ်ဘွတ်အကောင့်ကိုလည်း မျိုးအကောင့်ကို သူမသုံးသလို၊ သူ့အကောင့်ကိုလည်း မျိုး မသုံးဘူး။ သူ့စည်းကမ်းနဲ့သူပေါ့။ မျိုးရော သူရော အလုပ်အပေါ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ဒါကလည်း တစ်ယောက်အပေါ် တစ်ယောက် လေးစားမှုရှိတယ်ဆိုတဲ့ သဘောပေါ့ ” ဆိုပြီး ဖြေကြားခဲ့ပါတယ်။ SKP Entertainment

သူမရဲ့ ဆိုရှယ်မီဒီယာမှာ အမြဲတမ်းလိုလို တွေ့ရတဲ့ ချာတိတ် ဆိုတဲ့ အကြောင်းလေးကတော့ သူမဟာ ” ချာတိတ် ” ဆိုတဲ့ ရုပ်ရှင်ရိုက်ကူးနေတဲ့အတွက်ပါတဲ့ ။ အဆိုပါ အကြောင်းအရာလေးနဲ့ ပက်သက်ပြီး မယ်လိုဒီက ” ချာတိတ်ဇာတ်လမ်းကလည်း ပြီးသွားပြီဆိုတော့ ချာတိတ်အကြောင်းက ရေးလို့မရတော့ဘူး။ နတ် ဇာတ်ကားရိုက်တုန်းကလည်း ခင်ပန်းစီ ဆိုတော့ ပန်းပုံလေးတွေပဲ တင်ဖြစ်တယ်။ တကယ်တော့ ကိုယ်က အသက်လည်းကြီးသွားပြီ၊ ကလေးအမေလည်းဖြစ်သွားပြီဆိုတော့ လူတွေက သိပ်စိတ်မဝင်စားကြတော့ဘူး။ အဲဒီတော့ ကိုယ့်ကို စိတ်ဝင်စားစေချင်တာပါ။ ပရိသတ်ကိုလည်း စိတ်ချမ်းသာ စရာလေးတွေပဲ ပေးချင်တဲ့ ဆန္ဒပါ ” ဆိုပြီး ပြောခဲ့ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ သရုပ်ဆောင် မယ်လိုဒီရဲ့ အိမ်ထောင်ရေး အကြောင်းလေးပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်စီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

Writer – Suki (SKP Entertainment)