သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို လိုချင်ခဲ့ပေမဲ့ အခုချိန်ထိ မရတဲ့အကြောင်းကို ရင်ဖွင့်လာတဲ့ မယ်လိုဒီ

Posted on

တစ်သားမွေး တစ်သွေးလှပြီး အရမ်းကို လှပခန့်ညားတဲ့ အသွင်အပြင်နဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာသူလေးကတော့ သရုပ်ဆောင် မယ်လိုဒီပဲ ဖြစ်ပါတယ်။ သားလေးတစ်ဦးမွေးပြီး နောက်ပိုင်းမှာတောင် လှပတဲ့ ခန္ဓာကိုယ် အချိုးအစားလေးနဲ့ ဆွဲဆောင်မှု ရှိလွန်းသူပါ။ SKP Entertainment

အနုပညာလမ်းကြောင်းပေါ်မှာ ပြန်လည်ရောက်ရှိလာတဲ့ မယ်လိုဒီကတော့ ရုပ်ရှင်ဇာတ်ကားသစ်ကြီးကိုလည်း လက်ရှိမှာ ရိုက်ကူးနေတာပါ။မကြာသေးခင်က ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ဘာလီကို သွားရောက်ခဲ့ပါသေးတယ်။ အခုချိန်မှာတော့ မြန်မာပြည်ကို ပြန်လည် ရောက်ရှိနေပြီး အနုပညာလုပ်ငန်းများကို အင်တိုက်အားတိုက် လုပ်ကိုင်နေပါပြီ။ SKP Entertainment

သူမရဲ့ အလှအပပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ စိတ်ခံစားချက်လေးတွေကိုလည်း အမြဲတမ်း ဆိုရှယ်မီဒီယာမှာ ဝေမ ျှတတ်သူပါ။ ဒါ့အပြင် ချစ်စရာကောင်းတဲ့ သားလေးနဲ့ ပုံရိပ်လေးတွေကိုလည်း မကြာခဏ ဝေမ ျှတတ်ပါသေးတယ်။

အမြဲလိုလို စိတ်ခံစားချက်တွေကို ရင်ဖွင့်တတ်တဲ့ မယ်လိုဒီကတော့ အခုတစ်ခါမှလည်း သူမရဲ့ ငယ်ဘဝကတည်းက လိုချင်ခဲ့တဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပုံဖော်ပြီး ရေးသားခဲ့ပါတယ်။ ငယ်ငယ်ကတည်းက ယောကျ်ားသားတစ်ယောက်လို ရုန်းကန်ကြိုးစားခဲ့ရပြီး အခုချိန်ထိလည်း အနားမရနိုင်သေးတဲ့အကြောင်းကို အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။ SKP Entertainment

သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာကတော့ ” ရှိခဲ့ဘူး ဘဝကိုစိတ်နဲ့ခန္ဓာ ပင်ပမ်းစွာရုန်းကန်ခဲ့ရတယ် ငယ်ငယ်ကတည်းက စိတ်ကူးယဉ်အိမ်မက်ဟာ သူများတွေနဲ့မတူဘူး အေးချမ်းသာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်တဲသာမန်အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဘဲဖြစ်ချင်ခဲ့တာပါ။ SKP Entertainment

တနေ့တနေ့ ထမင်းချက် အဝတ်လျှော် အိမ်ရှင်း ကလေးတွေကျောင်းပို့ ကျောင်းကြို ညစာ မိသားစုလက်ဆုံစား စကားတွေပြောကြ စနေ တနင်္ဂနွေနေ့ဆို အိမ်မှာ မုန့်လုပ်စား အဲ့လိုမိသားစုဘဝလေးဘဲ လိုချင်ခဲ့တာပါ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ခုချိန်ထိ ယောက်ျားသားတစ်ယောက်လို ရုန်းကန်ရင်းစီးပွါးရှာရတုန်း ၊ ယုံကြည်စွာ မှီခိုရင်းဘဝအမောတွေဖြေဖျောက်မယ့် နွေးထွေးတဲ့အိမ် ပျောက်ဆုံးနေတုန်း ၊ နေ့နေ့ညညမနားမနေကြိုးစားခဲ့တဲ့အဖိုးတန် စိတ်ခံစားချက်နဲ့စည်းစိမ်တွေဟာလဲ မျက်လှည့်ပြလိုက်သလိုပျောက်ဆုံးသွားခဲ့တယ်။ SKP Entertainment

မွေးကတည်းကဘာမှမပါလာလို့ ဘဝကိုအကြိမ်ကြိမ်ပြန်စဖို့ ဘယ်တုန်းကမှမကြောက်ခဲ့ပါဘူး ။ ကိုယ်မလုပ်တဲ့ကိစ္စမှာတောင် တာဝန်အပြည့်ယူရဲခဲ့ပါတယ်။ ဘဝမှာ တခုဘဲအကြောက်ဆုံး

အလိမ်ခံရမှာ အကြောက်ဆုံးမို့ ခဏ ခဏ အလိမ်ခံရတယ် ။ ငွေကြေး စည်းစိမ် ကျွန်မ ပြန်ရှာနိုင်ပါတယ်။ ဒါပေမယ် အလိမ်ခံလိုက်ရတဲ့အတွက် တဖက်လူအပေါ် ကျွန်မ အယုံအကြည်မရှိတော့သလို အထင်ကြီးလေးစားခြင်းတွေဟာလဲ ဘယ်လိုမှပြန်တည်ဆောက်လို့မရတော့ပါဘူး။ ရိုးသားတာလေးကို မက်မောခဲ့တာ အဲ့လူမှာရိုးသားတာမရှိတော့ရင် ဘာတန်ဖိုးရှိဦးမှာလဲ။ ဘဝကိုဟိတ်ဟန်မရှိဘဲရိုးရှင်းစွာနေနိုင်ရင် ဘယ်တော့မှဒုက္ခမရောက်ပါဘူး လောဘကိုချွန်းအုပ်ထားနိုင်ရပါမယ်။ တပ်မက်ခြင်းတွေရဲ့လိုအင်ကို အကုန်ဖြည့်ဆည်းစရာမလိုပါဘူး။ SKP Entertainment

ကိုယ်ခြင်းစာတရားရှိခြင်း လေးစားခြင်း တာဝန်ယူတတ်ခြင်းတွေဟာလည်း အမှားကိုသိရင် တောင်းပန်တတ်ရပါတယ်။ အမှားပေါ်အမှားဆင့် ထပ်စော်ကားလို့မရပါဘူး။ ရှက်ရမ်းရမ်းလို့လဲမရပါဘူး။စာတွေရေးရင်း ရှည်ကုန်ပြီ

ပြောချင်တာက ငယ်ငယ်ကတည်းကနေခုချိန်အလုပ်တွေ ပင်ပင်ပမ်းပမ်းလုပ် စိတ်ဒဏ်ရာတွေနဲ့နာကြင်ခံစားနေရတာတောင်မှ ကျွန်မရဲ့အလှတရားဟာ ထိမ်းမနိုင်သိမ်းမနိုင် ဖွက်ထားလို့မရအောင် မဟားတရားလှနေတုန်း ပါဘဲ။ စိတ်ချမ်းသာပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ဘဝမှာသာနေရရင် ဘယ်လိုတွေလှနေမလဲ အတွေးနဲ့တင် ငါဘုရင်မ ဖြစ်နေပြီ စာတွေဖတ်ပြီး အပျင်းပြေကြပါစေရှင် ” ဆိုပြီး ရင်ဖွင့်ထားတာပါ။ SKP Entertainment

ပရိတ်သတ်ကြီးရေ ခက်ခက်ခဲခဲနဲ့ အမြဲတမ်း ကြိုးစားနေတဲ့ မင်းသမီးလေး မယ်လိုဒီကို အားပေးစကားပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *