ကျေးဇူးသိတတ်ပြီး ကြိုးစားတဲ့ ပညာတတ်သမီးငယ်လေးတွေကြောင့် ပီတိဖြစ်နေတဲ့ ပြေတီဦး

Posted on

ပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဟာဆိုရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြသူတွေပါ။ ကျွမ်းကျင်တဲ့ ဝါရင့်သရုပ်ဆောင်တွေ ဖြစ်တာနဲ့အညီ အကယ်ဒမီ ဆုများစွာကိုလည်း ရရှိထားကြပါတယ်။ လတ်တလောမှာတော့ သားတစ်ယောက် သမီးတစ်ယောက်နဲ့ ပရိတ်သတ်တွေ အားကျနေရတဲ့ မိသားစုဘဝလေးနဲ့ ပျော်ရွှင်နေကြတာပါ။ SKP Entertainment

ပြေတီဦးနဲ့ အူဝဲတို့ စုံတွဲဟာဆိုရင် အောင်မြင်မှုတွေ အသီးသီးရရှိနေပေမဲ့လည်း မာန်မာနမရှိ အလှူအတန်း အမြဲမပြတ် ပြုလုပ်နေသူတွေ ဖြစ်ပါတယ်။ ပြေသုဒြာ ရုပ်ရှင်ထုတ်လုပ်ရေးကို ထူထောင်ထားပြီး ရုပ်ရှင်ဇာတ်ကားကောင်းပေါင်းများစွာကိုလည်း ရိုက်ကူးနေသူတွေပါ။ SKP Entertainment

ပြေတီဦးဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး စတင်တည်ထောင်ချိန်မှစကာ ပညာတတ်ပေါင်းများစွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ဖောင်ဒေးရှင်းမှ အလှူရှင်တွေရဲ့ တစ်တပ်တစ်အား အကူအညီများနဲ့ ပညာတတ်များကို မွေးထုတ်ပေးနိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်းများစွာရှိလာခဲ့ပါပြီ။ SKP Entertainment

အဆိုပါ အကြောင်းအရာနဲ့ ပက်သက်ပြီး ပြေတီဦးကတော့ ” နောက်ထပ် ပန်းတစ်ပွင့် ထပ်ပွင့်ပြန်ပြီ…မိမိရဲ့ မိသားစု မိမိရဲ့ပတ်ဝန်းကျင် နဲ့ အကူအညီလိုအပ်နေသူများကို တတ်နိုင်သလောက်လေးကူညီပြီး စိတ်ချမ်းသာသာမှုလေးတေ ပေးစွမ်းနိုင်ပါစေ…” ဆိုပြီး ဝမ်းသာပီတိများနဲ့ ပြောကြားခဲ့ပါတယ်။ SKP Entertainment

ဆက်လက်ပြီး ဖောင်ဒေးရှင်းရဲ့ ကျေးဇူးဖြင့် ဘွဲ့ရရှိခဲ့တဲ့ ရတနာပုံဆိုက်ဘာစီးတီးမှ ညီမငယ်လေးရဲ့ ကျေးဇူးတင်စကားကိုလည်း ဝေမ ျှ ပေးလိုက်ပါတယ်။ သူမပြောခဲ့တာကတော့ ” ကျွန်မ မညိုစိန်သည် ( ၁၆.၂.၂၀၂၀ ) က နည်းပညာတက္ကသိုလ် ( ဆိုက်ဘာစီးတီး) မှ BE ( Electronics ) ဘွဲ့ကို ရရှိခဲ့ပါသည်။ SKP Entertainment

ဤဘွဲ့ကို ရရှိရန်အတွက် ၂၀၁၄ ခုနှစ်မှစ၍ ငွေကြေးထောက်ပံ့ပေးသော ပြေတီဦးဖောင်ဒေးရှင်းအား လည်းကောင်း ၊ ဖောင်ဒေးရှင်းသို့ လှူဒါန်းပေးသော အလှူရှင်များအားလည်းကောင်း အထူးကျေးဇူးတင်ပါသည်။ ” ဆိုပြီး ကျေးဇူးတင်စကား ရေးသားခဲ့တာ ဖြစ်ပါတယ်။ SKP Entertainment

နောက်ထပ်ပြီး ဆရာဝန်ဘွဲ့ကို ရရှိခဲ့တဲ့ ညီမငယ်လေးရဲ့ ကျေးဇူးတင်စကားကိုလည်း ဝေမ ျှပေးလိုက်ပါတယ်။ သူမကတော့ ” ကျွန်မ နှင်းနုနုလှိုင်သည် ( ၂၉ .၁.၂၀၂၀ , စနေနေ့ ) တွင် University of Medicine , Mandalay မှ MBBS ဘွဲ့ကို ရရှိခဲ့ပါသည်။ SKP Entertainment

ဤဘွဲ့ကို ရရှိရန်အတွက် ၂၀၁၂ ခုနှစ်မှ ( ပထမနှစ်မှ ) စ၍ စိတ်ခွန်အား ငွေအား ထောက်ပံ့ပေးပါသော ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ အကိုပြေတီဦး နှင့်တကွ တာဝန်ရှိသူများ အလှူရှင်များနှင့် မာမီလင်း ( မိတ်ကပ် လင်းလင်း ) တို့အား အထူးကျေးဇူးတင်ရှိပါသည် ” ဆိုပြီး ကျေးဇူးတင်စကား ရေးသားခဲ့တာ ဖြစ်ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရေ ပြေတီဦးဖောင်ဒေးရှင်းရဲ့ အလှူကတော့ တကယ်ကို အားကျစရာပါပဲနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *