ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကယ်ဒမီပေးပွဲကို ရပ်ဆိုင်း

Posted on

၂၀၁၉ ခုနှစ် အကယ်ဒမီပေးပွဲကြီးဟာဆိုရင် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။ အကယ်ဒမီ ပေးပွဲကြီးကို မတ်လ ၂၉ နေ့ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ SKP Entertainment

၂၀၁၉ ခုနှစ် အကယ်ဒမီ ပေးပွဲကို Main Sponsor အဖြစ် Bella မှာ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကြီးရဲ့ အခမ်းအနားပြင်ဆင်မှုတွေကိုတော့ Star Event Production မှာ CEO ကိုဂျွန်လွင်ကိုယ်တိုင်က စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ၂၀၁၆ အကယ်ဒမီပေးပွဲတုန်းကလည်း Bella မှာ ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ကိုဂျွန်လွင်က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ SKP Entertainment

ရုပ်ရှင်နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲလည်း ရှိတာကြောင့် အရင်နှစ်တွေနဲ့မတူတဲ့ ထူးခြားဆန်းသစ်တဲ့ အပြင်အဆင်နဲ့ ဖျော်ဖြေပွဲတွေကို စီစဉ်ထားတာ ဖြစ်ပါတယ်။ ပရိတ်သတ်ရွေးချယ်ထားတဲ့ အနုပညာမျိုးဆက်သစ် ရွှေကြိုမောင်နှံတွေနဲ့အတူ ထူးခြားတဲ့ အစီအစဉ်တွေကိုလည်း ပရိတ်သတ်က မေ ျှာ်လင့်နေတာပဲ ဖြစ်ပါတယ်။ SKP Entertainment


၂၀၁၉ ခုနှစ် အကယ်ဒမီပေးပွဲကိုတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ရွှေ့ဆိုင်းခဲ့ရတဲ့အကြောင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က ပြောပါတယ်။ သူပြောခဲ့တာကတော့ ” ဝူဟန်ဗိုင်းရပ်စ်ကြောင့် WHO ကလည်း သတိပေးထားတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီး ဌာနကလည်း ထုတ်ပြန်ထားတယ်။ လူစုလူဝေး ပွဲတွေ မလုပ်ကြဖို့ ပေါ့။ ဒါကြောင့် အကယ်ဒမီပေးပွဲကို တာဝန်ရှိသူလူကြီးတွေ အကုန်လုံးတိုင်ပင်ပြီး ရွေ့ဆိုင်းလိုက်တယ်။ အကယ်ဒမီ ပေးပွဲကို မိုးမကျခင်လုပ်လို့ အဆင်ပြေမယ်ထင်တယ်။

မေလ လောက်ပေါ့နော်။ မေလဆန်းလောက်ဆို လုပ်လို့အဆင်ပြေတယ်ဆိုပြီးတော့ ညှိနှိုင်းဆုံးဖြတ်ထားပါတယ်။ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်တွေကလည်း ဇာတ်ကားတွေ အကုန်ကြည့်ပြီးသွားပြီ။ နောက်ဆုံးအနေနဲ့ စာအိတ်ပိတ်ဖို့ စောင့်နေကြတာပေါ့။ ရက်သာရွှေ့ထားတာ ကျန်တာတွေကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြမှာ။ Sponsor ပေးထားတဲ့ Bella နဲ့လည်း နေရာတွေ အပြင်အဆင်တွေ ညှိနှိုင်းသွားဖို့ရှိပါတယ်။ ” ဆိုပြီး မီဒီယာအင်တာဗျူးမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ SKP Entertainment

အခုဖော်ပြပေးခဲ့တာကတော့ ၂၀၁၉ ခုနှစ်ရဲ့ အကယ်ဒမီ ပေးပွဲကြီး ရက်ရွှေ့ဆိုင်း ခဲ့ရတဲ့အကြောင်း ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *