ထောင်ထဲမှာ သင်္ကြန်ကျခဲ့တုန်းက အမှတ်တရတွေကိုပြောလာတဲ့ မိုးအောင်ရင်

Posted on

မိုးအောင်ရင်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ဖခင် ဦးအောင်ရင်ရဲ့ခြေလှမ်းကို အမှီလိုက်နိုင်သူလေးပါ။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ စတင်ဖမ်းဆီးခံခဲ့ရပြီး ၂၀၁၈ ခုနှစ် နိုဝင်ဘာလ အတွင်းက အလုပ်နဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပါတယ်။ SKP Entertainment

မိုးအောင်ရင်ရဲ့ ထောင်ဒဏ်ကျခံရမှုအပေါ် အနုပညာရှင်ပေါင်းများစွာက သနားဂရုဏာသက်ခဲ့ကြပါတယ်။ ၂၀၁၉ ခုနှစ် မေလ ၇ ရက်နေ့မှာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ် ပြန်လည်လေ ျှာက်လှမ်းတော့မှာ ဖြစ်ပါတယ်။ SKP Entertainment

ထောင်ကနေ လွတ်မြောက်ပြီးနောက် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ခရီးအတူ သွားရောက်တဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်ထံ မ ျှဝေခဲ့ပါသေးတယ်။ ဘုရား တရားကို ယခင်ကထက် ပိုပြီး အချိန်ပေး လုပ်ကိုင်ဖြစ်တဲ့အကြောင်းကိုလည်း မီဒီယာမှာ ပြောကြားခဲ့ပါတယ်။ SKP Entertainment

ထောင်ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်အမှတ်တရတွေအကြောင်းကိုလည်း အခုလိုပဲ ပြောပြခဲ့ပါသေးတယ်။ မိုးအောင်ရင် ကတော့ ” ထောင်ထဲမှာတုန်းက သင်္ကြန်အတွင်း အမှတ်တရကိုပြောပါဆိုရင် ထောင်ထဲမှာ စပီကာကြီးတွေဖွင့်ပြီးတော့ သီချင်းတွေဆိုကြတာရှိတယ်။ ကကြတဲ့ သူတွေလည်းရှိတယ်။ ကိုယ်ကလည်း ကတဲ့နေရာကို ဘယ်တော့မှ မသွားဘူး။ ထောင်ထဲမှာ မိန်းမလျာတွေလည်း ရှိတယ်။ ညနေပိုင်းလောက်ကျတော့ အဆောင်မှူးက ကျွန်တော့်ကို သွားကမယ်ဆိုပြီးတော့ ခေါ်ရော အဲဒီမှာ ငြင်းလို့ကလည်း မရဆိုတော့ သွားလိုက်တာ အနှိုက်ခံလိုက်ရတယ် ” ဆိုပြီး ရယ်ရယ်မောမော ပြောခဲ့ပါတယ်။ SKP Entertainment

ယခုနှစ် သင်္ကြန်အစီအစဉ်တွေနဲ့ ပက်သက်ပြီး ” ဒီနှစ် သင်္ကြန်ကတော့ အဖေပြန်လာမလားလို့စောင့်မယ်။ အဖေ ပြန်လာရင် သူသွားတဲ့ ပွဲတွေရှိရင် အတူတူလိုက်မယ်။ ဆော့လို့ရမှာတော့ မဟုတ်ဘူး အဖေက ကျွန်တော့်ကို အရမ်းစိတ်ပူတာ။ အဖေ စိတ်ပူမှာစိုးလို့ မလုပ်လိုက်တဲ့ ကိစ္စတွေ အများကြီးရှိတယ်။ သင်္ကြန်ဆိုတာ တစ်နှစ်မဟုတ် တစ်နှစ်တော့ ကြုံရမှာပဲလေ။ အိမ်ထဲမှာ နေရတာ ကောင်းပါတယ်။ ကျွန်တော် ထောင်ထဲမှာ နေရတာမှ မဟုတ်တာဆိုပြီးတော့ဖြေသိမ့်လိုက်တယ် ” ဆိုပြီး ပြောခဲ့ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ မိုးအောင်ရင်ရဲ့ ထောင်ထဲမှာ သင်္ကြန်ကျတုန်းက အမှတ်တရတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *