စာအုပ်တစ်အုပ်ထဲမှာ အရေးတယူဖော်ပြခြင်းခံခဲ့ရတဲ့ ပိုပိုရဲ့ ဘဝဇာတ်ကြောင်း

Posted on

အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်မှာ လေ ျှာက်လှမ်းနေပြီဖြစ်တဲ့ ပိုပိုကတော့ မကြာသေးခင်ကမှ တစ်ကိုယ်တော် ရှိုးပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုချိန်မှာ နေရာတစ်နေရာကို ရရှိနေပြီဖြစ်တဲ့ ပိုပိုရဲ့ အောင်မြင်မှုနောက်ကွယ်က ကြိုးစားမှုတွေကိုလည်း ပရိတ်သတ် အသိဆုံး ဖြစ်မှာပါနော်။ SKP Entertainment

သူမရဲ့ အောင်မြင်မှုနောက်ကွယ်က အထီးကျန်မှုတွေ ဒီနေရာထိ ရောက်အောင် ကျော်ဖြတ်ခဲ့ရတဲ့ အတိုက်အခိုက်တွေကိုတော့ ပိုပို့အပြင် ဘယ်သူကမှ မြင်နိုင်မယ် မထင်ပါဘူး။ SKP Entertainment

မိခင်ရဲ့ စွန့်ပြစ်ခြင်းကို ခံခဲ့ရတဲ့နောက် ချစ်ရတဲ့အဖွားနဲ့ အတူနေရင်း မြေးမတစ်ယောက်ရဲ့ တာဝန်ကျေပွန်အောင် ပြုစုပေးခဲ့သူပါ။ အရင်က မိခင်ကို စိတ်နာပေမဲ့ နောက်ပိုင်း ဘုရား တရား လုပ်ပြီးနောက် စိတ်ထားတတ်တဲ့ အကြောင်းလေးကိုလည်း အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ SKP Entertainment

ပရိတ်သတ်တွေကြား ရေပန်းစားနေတဲ့ ” ငါ့အတွက် ငါရှိတယ် ” ဆိုတဲ့ စာအုပ်လေးမှာ သူမဘဝဇာတ်ကြောင်း တချို့ဖော်ပြထားတာနဲ့ပက်သက်ပြီး လူမှုကွန်ရက်မှာ မ ျှဝေခဲ့ပါသေးတယ်။ ” ဘဝဆိုသည်မှာ ရုန်းကန် ရမှာပါပဲ အမာရွတ် တွေ ဒဏ်ရာတွေနဲ့ ကျင့်သားရနေပါပြီ ” ဆိုပြီး စာသားလေးနဲ့အတူ မ ျှဝေခဲ့တာပါ။ SKP Entertainment

ပရိတ်သတ်ကြီးရေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီး အထီးကျန်တဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတဲ့ တေးသံရှင် ပိုပိုအတွက် အားပေးစကားလေး ပြောခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *