ရည်းစားဟောင်းက အသအရေဖျက်မှုနဲ့ တရားစွဲမယ်ဆိုတဲ့ သတင်းအပေါ် အစအဆုံး ပြန်လည်ဖြေရှင်းလိုက်တဲ့ ပိုပို

Posted on

အောင်မြင်တဲ့ ဂီတလမ်းကြောင်းပေါ်မှာ လေ ျှာက်လှမ်းနေပြီဖြစ်တဲ့ ပိုပိုကတော့ မကြာသေးခင်ကမှ တစ်ကိုယ်တော် ရှိုးပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိဘတွေ မရှိတော့ပေမဲ့လည်း ကိုယ့်ဒူးကိုယ်ချွန်ပြီး အခုဆိုရင် ဂီတလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရရှိနေပြီပဲ ဖြစ်ပါတယ်။ SKP Entertainment

ရည်းစားဟောင်းနဲ့ ပက်သက်ပြီး မကြာခဏ ရင်ဖွင့်တတ်တဲ့ ပိုပိုက အခုတစ်ခါမှာလည်း သူမရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားရင်ဖွင့်ထားတာ ဖြစ်ပါတယ်။ သူမနဲ့ ပြီးပြတ်သွားတဲ့ ရည်းစားဟောင်းကြားမှာ နှောင့်ယှက်ပြီး ရန်တိုက်နေတဲ့ သူတွေကိုလည်း သတိပေးထားတာပါ။ SKP Entertainment

သူမရေးသားထားတာကတော့ ” လွန်ခဲ့တဲ့ ၁နှစ်ခွဲ က ကြိုက်ခဲ့တဲ့ ရည်းစား တစ်ယောက်နဲ့ ပြတ်သွားတော့ ဒီနှစ် ဒီလိုအချိန်ပေါ့ ကျမ နဲ့ သိတဲ့ သူငယ်ချင်းတစ်ချို့ကို ကျမ အသည်းကွဲ ပြီး ရင်ဖွင့်ဖြစ်ခဲ့ပါတယ်။ သူ့ကို ချစ်တော့ ငါဘက်က ဘယ်လို လုပ်ပေးခဲ့တယ် ပေါ့ အဲ့လိုတွေ လုပ်ပေးတာတောင် ငါ့ကို သူက မချစ်ဘူး ၊ ဂရုမစိုက်ဘူးပေါ့ ဆိုပြီး ငိုပြီး ပြောခဲ့ဖူးပါတယ်။ ဟင်းတွေချက်ကျွေးတယ် သူကြိုက်တဲ့ လက်ဆောင်ပေးခဲ့ဖူးပါတယ်။ သူနေမကောင်းတော့ ငါဆေးခန်းပို့ပေးတယ် လိုက်စောင့်ပေးတယ် ပြုစုပေးတယ်။ SKP Entertainment

သူအိမ်က ယောကျားလေး နေတာညစ်ပတ်တယ် အဲ့ကြောင့် ကိုယ့်အိမ်မှာ အဝတ်တောင် မလျှော်တဲ့ ငါ ဟာ ငါကိုယ်တိုင် သူအိမ်ကို အဝတ်လျှော် သန့်ရှင်းရေးတွေ လုပ်ပေးခဲ့တယ် ငါအရမ်းကောင်းခဲ့တာ ဆိုပြီ းဂုဏ်ဆာဖူးပါတယ်။ ယုံကြည်ပြီးလဲ သူငယ်ချင် း အချို့ကို ရင်ဖွင့်ခဲ့ဖူးပါတယ်။ အဲ့ဒါကလဲ သူနဲ့ တွဲနေတာ မတော်တဆ သိသွားတဲ့ သူတွေ မို့လို့ပါငါအတွင်းကျကျ ပေါင်းခဲ့တဲ့ ဘော်ဒါတွေကတော့ အဲ့လို ဖွတတ်တဲ့ လိမ်ပြောတတ်တဲ့ စိတ်ယုတ် စိတ်ညစ်မရှိဘူး။ SKP Entertainment

ပြီးတော့ World wide KTV ကိုလဲ မသွားတာ ၁ နှစ်ကျော်ပါပြီ။ သွားလဲ မသွားပါ ပိုက်ဆံကုန်လို့ပါ။ KTV မှာ လူအများကြီးရှေ့မှာလဲ ငိုပြီး မပြောဖူးပါ ။သူ့က ငါ့ဆီက ချူစားတယ် တို့ အခု သူစီးနေတဲ့ ကားက ပိုပို ဝယ်ပေးတယ်တို့ သူ့ Studio ကို ပို က ပိုက်ဆံအကုန်ခံပြီး လုပ်ပေးတယ်တို့ တခါမှ မပြောဖူးပါ ချဲ့ကားပြီး သွားချွန်တွန်း လုပ်တဲ့သူတွေ ပျော်ပါစေနော် ။ SKP Entertainment

သူ က ပို့ဆီက ချူစားရအောင် သူက အရည်အချင်း မရှိသူမဟုတ် သူ့အရည်အချင်းကို သဘောကျခဲ့ပြီး တွဲခဲ့တာ သူ အသစ်ဝယ်တဲ့ကားကို မြင်တောင်မမြင်ဖူးပါ (Unfollow) လုပ်ထားပါတယ်။ အဲ့ဒါကို ပို က ဝယ်ပေးတယ်တို့ဘာတို့ ပြောတာတွေ သူStudio ကို သိန်း၂၀၀ အကုန်ခံပြီး ပိုပိုက လုပ်ပေးခဲ့တယ်လို့ ပြောတာမျိူးကို ရယ်ချင်တယ် (ဘယ်ဘဲ ကိုမှ ပိုက်ဆံ ရာနဲ့ချီပြီး မအမ်းပါ အမ်းရအောင်လဲ ကိုယ်တွဲ တဲ့ ဘဲတွေက အရည်ချင်းမရှိတဲ့ သူတွေမဟုတ် ၁ ယောက်ပဲ ချူစားသွားတာ) SKP Entertainment

သူ့ Home Studio က သူနဲ့ မတွေ့ခင်ကတည်းက သူက Studio ရှိပြီးသားပါ( ဉာဏ်ဖျင်းတဲ့သူတွေက အတို့အထောင်လုပ်ကြတာ စိတ်ပျက်စရာ) နောက်ရယ်စရာက ပိုပိုရေးတဲ့ သီချင်းကို သူက Own Copy လုပ်တယ်လို့ ပိုပိုက ဖြန့်နေတယ် ဆိုတာက တကယ်ရယ်စရာပါ။ သူဟာ အရည်အချင်း ပြည့်ဝတဲ့ သူတစ်ယောက်ပါ။ သူ့ဆီကတောင် ပြန်လေ့လာရဦးမှာပါ နောက်ပြီး သူ့ သူငယ်ချင်းတွေက ကျမဆီ ဝိုင်းညာစားကြတယ် တဲ့ မဟုတ်တဲ့ စကားတွေ ပြောတယ်ဆိုပြီး သူ့အရမ်းစိတ်ဆိုးနေပါတယ် အရမ်းဒေါသထွက်နေပါတယ် SKP Entertainment

အခုဖြစ်နေတဲ့ ပြသနာက သူ့ဆီ သွားသွားညှောင့်ကြတဲ့ သူတွေကြောင့် ကိုယ်နဲ့ မဆိုင်ပဲ မျက်နှာလို မျက်နှာရ ပြောသူတွေ ရော သူငယ်ချင်းဆိုပြီး ငါ နောက်ကျောကို ဓါးနဲ့ အထိုးခံ ရတာမျိူး တွေ စ ကား ဆိုတာ စ ကားပြီး သူ့ကို ပိုက ပို့ဆီက ချူစားပါတယ် လို့ သွားသွားပြောတဲ့ ဒီအနုပညာ လောက သားတစ်ချိူ့နဲ့ producer အချို့က သွားသွား ပြောတာ တွေကို သူက အရမ်းစိတ်ဆိုးပြီး ကျမကို အသရေဖျက်မှူနဲ့ တရားစွဲလို့ ရတယ် လို့ ပြောပါတယ် (ဒါပေမဲ့ သူမလုပ်ဘူးတဲ့) စွဲ ရင်လဲ သူ့ကို သွားသွားညှောင့်တဲ့ လူတွေက အရင် သက်သေ လိုက်ပေးရမှာနော် ဟွင်းဟွင်း ငါကတော့ မကြောက်ဘူး ငါမဟုတ်တာ ကို ငါရှင်းရဲတယ်။ SKP Entertainment

ပြောချင်တာ က ငါ မပြောပဲ လူယုတ်မာ မကြီးလို သူများကို မဟုတ်တာ လုပ်ပြောတတ်တဲ့ စိတ်ဓါတ်မကောင်းတဲ့ သူလို အဆက်ဆံခံရတာ ကိုက တင်းတာ 😡 အဲ့တော့ အခုပြောတဲ့ အချက်တွေကို ပိုပိုက ပြောတယ်ဆိုတဲ့ သက်သေ လာပြပါ မဟုတ်ပဲ ဝင်ဝင်ညှောင့်တဲ့သူတွေလဲ ကျန်းမာပါစေနော် သူနဲ့က မိတ်ဆွေလိုနေနေရာက မုန်းတဲ့ အဆင့်ရောက်သွားပြီ
အဲ့တော့ ယောကျားရင့်မာကြီးတွေ ဖြစ်ပြီး မဟုတ်တဲ့ စကားတွေကို သွားပြောကြတာကိုကျေနပ်ကြပါ လိပ်ပြာလုံကြပါ အောင်ပွဲခံကြပါ သူ့အကြောင်း ကို မပြောတာ ၆ လရှိပါပြီ ကျမရည်းစား အသစ် ရသွားတဲ့ အချိန်က စပြီး စိတ်ကို မဝင်စားတော့တာပါ သိက္ခာရှိရင် တော့ လူစုံပြီး ရှင်းကြမယ်လေ ပြီးတော့ $ပိုတွေ ပြောတော့ ဘာအကျိူးရှိလဲ ပြောကြည့်
ဗိုက်ဝသွားလား ဟဟ အေးပေါ့ သူ့ကို ညာစားနေကြတာကိုး SKP Entertainment

ပီးတော့ ငါ့မှာ fb ထဲမှာ ရည်းစားဟောင်းတွေ အများကြီးပဲ ငါစောင်းရေးတဲ့ အကြောင်းအရာက လဲ သူ့ကိုရေးတာမဟုတ်ဘူး တကယ်လိုလ ငါပြောခဲ့တယ်ဆိရင်တောင် ငါတောင်းပန်ပါတယ် လို့ပြောတော့ သူက Sorry တစ်လုံးနဲ့ ပြီးသွားရောလားတဲ့ ဘာလုပ်ပေးရမလဲ မသိတော့ဘူး အဲ့တော့ FB မှာ လူအများသိအောင် ပြောပြတာပါ သူ့ဂုဏ်သိက္ခာ ရော ကျမ ဂုဏ်သိက္ခာပါ ထိခိုက်လာ လို့ပါ။ SKP Entertainment

သူ့အကြောင်းလဲ ကျမ ဘယ်သူကိုမှ မပြောတော့ပါ ကြုံလို့တောင်မပြောပါ (ကျမ လက်ရှိရည်းစားမကြိုက်ပါ) ထပ်ထပ်ပြီး သွားညှောင့်နေသူများ ငါ့ကို မနာလိုသူများ သိဖို့ကသူက ချူစားတတ်တဲ့ သူမဟုတ်သလို သူဘဝကို သူ မတ်မတ် ရပ်တည်လာခဲ့တဲ့သူ သူဘဝကို လဲ ငါစိတ်လဲမဝင်စားဘူး သတ္တိရှိရင် ငါနဲ့သူနဲ့ ပြောတဲ့ သူနဲ့ ရှင်းမယ် ဟုတ်ပြီလား???သက်ဆိုင်သူကိုလဲ ဒီ စာနဲ့ ရှင်းအောင် ရေးပေးထားပါတယ်နော် မကျေနပ်သေးရင် ကြိုက်တာလုပ်ပါ ။ ” ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားခဲ့တာ ဖြစ်ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ ရည်းစားဟောင်းနဲ့ သူမကို ရန်တိုက်ပေးနေတဲ့ သူတွေကို ပွင့်ပွင့်လင်းလင်း သတိပေးထားတဲ့ ပိုပိုရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *