ငွေကျပ်သိန်းရာချီ အကုန်အကျခံကာ နှာခေါင်းခွဲစိတ် ပြုပြင်လိုက်တဲ့ မင်းသား ဇေရဲထက်

Posted on

ပရိတ်သတ်ကြီးရေ ဖြူဝင်းတဲ့ အသားအရည်ကို ပိုင်ဆိုင်ထားပြီး ပိုင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အောင်မြင်မှု ရရှိနေတဲ့ မင်းသား ဇေရဲထက်ကို အထူးမိတ်ဆက်ပေးစရာ မလိုလောက်ပါဘူးနော်။ ပြည်သူချစ် မင်းသားတစ်ယောက်အပြင် မိဘအပေါ်လည်း အထူးသိတတ်တဲ့ သူလေးပါ။ SKP Entertainment

ကိုယ့်ဒူးကိုယ်ချွန်ပြီး ကြိုးစားခဲ့တာကြောင့် အခုချိန်မှာတော့ အရမ်းကို လိုချင်ခဲ့တဲ့ စိတ်ကူးထဲက အိမ်လေးကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်လို အရမ်းကို တိုးတက်နေတဲ့ ခေတ်မှာ အနုပညာရှင်တိုင်း လိုလို အလှအပအတွက် ခွဲစိတ်ပြုပြင်မှုတွေ လုပ်နေကြတာ မြင်ကြမှာပါနော်။ SKP Entertainment

မင်းသား ဇေရဲထက်ကတော့ အခုတစ်ခေါက်က ဒုတိယအကြိမ် နှာခေါင်း ခွဲစိတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ သူ ရွေးချယ်ခဲ့တဲ့ ဆေးခန်းကတော့ Let me in ဆိုတဲ့ မွေးရာပါ မလှပတဲ့သူ မျက်နှာခွဲစိတ်ပြုပြင်ဖို့ လိုအပ်နေသူတွေကို သေချာစိစစ်ရွေးချယ်ပြီး ခွဲစိတ်ပြုပြင်ပေးနေတဲ့ အစီအစဉ်မှာ နာမည်ကြီးနေတဲ့ ဆေးခန်းဖြစ်ပါတယ်တဲ့ ။ မင်းသား ဇေရဲထက်ရဲ့ နှာခေါင်းခွဲစိတ်မှု အကြောင်း အပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။ SKP Entertainment

ဇေရဲထက်ကတော့ ” let me in မှာ အရမ်းနာမည်ကြီးနေလို့ နှာခေါင်းပြန်ခွဲတာ ဘတ်(637000) မြန်မာငွေနဲ့ဆိုရင်တော့ သိန်း(၃၀၀) ကျော်ပေါ့။ ကျွန်တော် ကျေနပ်ပျော်ရွှင်တယ်လေ ကိုယ်ဒီလိုနာမည်ကြီး meko clinicမှာ ဘာလို့လုပ်ရလည်းသိလား တော်ရုံ သူဌေးတောင်မလုပ်နိုင်ဘူး။ (ချေတာမဟုတ်ဘူးနော် တချို့လူတွေ က ကိုရီးယားပဲဈေးကြီးတယ်ထင်လို့)သွားနိုင်ပါတယ် ကိုရီးယားတောင်အာ့လောက်မပေးရဘူး။ SKP Entertainment

တစ်ခုရှိတာက ပိုက်ဆံရှိတိုင်းလည်းခွဲလို့မရဘူးနော်။ ဒီဆေးရုံက ကူးဆက်ရောဂါေ တွ ယုတ်ဆွအဆုံး အဆုတ် နှလုံးတစ်ခုခုဖြစ်ရင်တောင်လုံးဝလက်မခံတဲ့ Top 1 ဆေးရုံ အရေးကြီးတာက တစ်ခုခုဆို နီးတယ်လေ။ အရေးနဲ့အကြောင်းနဲ့ဆို အာ့ကြောင့်လည်းပါ တယ်။ (အရင်နှာခေါင်း ပြင်ထားတာလည်း ကြိုက်ပါတယ် ဒါပေမယ့်ဆေးရုံကိုစိတ်ဝင်စားလို့)ကိုယ်ကြိုက်တာလုပ်ရင်ကျေနပ်တယ် ” ဆိုပြီး သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားထားတာ ဖြစ်ပါတယ်။ SKP Entertainment

ပရိတ်သတ်ကြီးရေ အခုဖော်ပြခဲ့တာကတော့ မင်းသားဇေရဲထက်ရဲ့ နှာခေါင်းခွဲစိတ်ပြုပြင်ခဲ့တဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ SKP Entertainment

Writer – Suki (SKP Entertainment)

Leave a Reply

Your email address will not be published. Required fields are marked *