Category: Baydin

လာဘ်လာဘ ပိတ်နေသူများအတွက်… လက်တွေ့ချမ်းသာရှင်သီဝလိ ဂါထာ

ကျွန်ုပ် နှင့် ဆရာတော်အရှင်စန္ဒာသူရိယတို့ လက်တွေ့အသုံးပြုထားသောရှင်သီဝလိကိုယ်တော်ကြီးအားပူဇော်ကန်တော့၍လာဘ်လာဘရရှိရန်ဆုတောင်းသောလာဘ်ဖွင့်အစီအရင်တစ်ခုပါ။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ဖယောင်းတိုင်တစ်တိုင်ကို သနချေ သိဒ္ဓိတင်ဂုဏ်တော်ရွတ်ဖတ်ပြီးပါက ရှင်သီဝလိ ဂါထာကို ဖယောင်းတိုင်မှာဖယောင်းတိုင်အခြေကနေစရေးပါ။ထို့ နောက်ရှင်သီဝလိကိုယ်တော်ကြီးကို 1- ဆွမ်းအဖြူ တစ်ပွဲကို ဆီစမ်း 2 – ငှက်ပျောသီးတစ်လုံးအခွံနွှာ သကြားဖြူး 3 – ရှင်သီဝလိဂါထာရေးထားသောဖယောင်းတိုင်ကိုပုဂံသန့် သန့် တစ်ချပ်ထဲမှာထွန်း 4 – ထိုဆွမ်း ငှက်ပျောပွဲ ဂါထာဖယောင်းတိုင်ကို ဘုရားကျောင်းဆောင်ဘေးတွင်ရှင်သီဝလိကိုယ်တော်ကိုရည်မှန်းကပ်လှု၍ တောင်းဆုပြုပါ။ ဖယောင်းတိုင်တွင်ရေးရမဲ့ရှင်သီဝလိဂါထာ သီဝလိစ မဟာထေရော ၊ ဒေဝ မနုဿ ပူဇိတော ၊ သောရဟော ပစ္စယာဒိနံ ၊ မဟာလာဘံ ကာရောတုမေ ။ ထို ဂါထာအား

02.5.2019 မှ 08.5.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်းစိတ်ပျော်စရာတွေများနေတတ်ပါတယ်။ ချစ်သူခင်သူတွေနဲ့ ခရီးသွားရတာ၊ပျော်ပွဲစား ထွက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း တတ်ညီလက်ညီနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်သွားနိုင်မဲ့ကာ လပဲဖြစ်ပါတယ်။ လူငယ်များချစ်သူရဲ့ surprise လုပ်တာမျိုး ကြုံရတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီကာလမှာ ဒေါင်ဒေါင်မြည်ကောင်းနေတာမျိုးတွေ့ရပါတယ်။ မိမိစိတ်ဝင်စားတဲ့၊မိမိဝါသနာပါတဲ့အလုပ်တွေကို ဦးစားပေးလုပ် နိုင်ပါလိမ့်မယ်။ ငွေရွှင်ပါလိမ့်မယ်။ အလုပ်ကောင်းနေတဲ့အတွက်ဝင်ငွေလဲကောင်းနေတတ်ပါတယ်။ သူတစ်ပါးရဲ့ အကူအညီများစွာရလာနိုင်ပါတယ်။ ပြောင်းရွေ့လို့မရသောဥယျာဉ်၊ခြံ၊မြေ၊လယ်များ ၀ယ်ယူလို့ကောင်းတဲ့ နေ့ရက် တွေ ပါပဲ။ စန်းအား ကောင်းနေတဲ့နေ့ရက်တွေပါပဲ။ ချစ်သူရည်စားမရှိသူများ ချစ်သူရည်းစားအလွန်ပဲရ လွယ်နေ တတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး ကိုယ်ပိုင်အလုပ်များကတော့ နားလည်တတ်ကျွမ်းသူတွေရဲ့နည်းပေးလမ်းပြ လုပ်ကိုင်မှုကြောင့်အဆင်ပြေပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကျန်းမာရေးအတွက်အနည်း ငယ်ပူပန်နေရတတ်ပါတယ်။ ပညာရေးကံကတော့ အလွန်ကောင်းနေတာတွေ့ရပါတယ်။ အကျိုးပေးဂဏန်း 9/2/6 အထူးဟော စိတ်ချမ်းသာမဲ့ကာလပါ။ ယတြာ လာဘ်ဦးလက်ဖျားငွေကို မိမိကြိုက်နှစ်သက်ရာဒါနတစ်ခုခုလုပ်လိုက်ပါ။

လာဘ်ပွင့်စေရန် မိမိရရန်ရှိသော ငွေများပြန်ရရန် /မိမိ ပေးရန်ရှိသော ကြွေးများပေးနိုင်ရန် အောက်ပါ အစီအရင် ပြုလုပ်ပါ

1 မည်သည့်နေ့သားသမီး မဆို တနင်္ဂနွေနေ့ နံနက် 5နာရီတွင် ပြုလုပ်ပါ 2 တောင်းထဲတွင် ဆန်တစ်ပြည်ထည့်ပါ 3. ဖီးကြမ်း ငှက်ပျောသီး 5ဖီးကို သင့်တော်သလို စီထည့်ပါ(ဖီးကြမ်းသာ ဖြစ်ရမည် အခြားငှက်ပျောမရပါ) 4. သပြေခက် 3ခက် ဖယောင်းတိုင် တစ်ထုပ် အမွှေးတိုင် တစ်ထုပ်ကို သင့်လျော်သလို စီ၍ ထည့်ပါ 5. အလယ်တွင် ငွေထီး တစ်လက်စိုက်ပါ 6. ဘိုးတော် သိကြားမင်းနှင့်တကွ နတ်အပေါင်းအား လှူဒါန်းပါသည်ဟု ကပ်လှူပါ 7. မိမိရွတ်ဆိုနေကျ ဘုရားစာရွတ်ဆို၍ ဘုရားရှိခိုးပါ။ အမျှအတန်းများဝေပါ 8 ငွေကြေးနှင့် ပတ်သက်၍ မိမိလိုရာ ဆုတစ်ခုသာ တောင်းပါ 9.

25.4.2019 မှ01.5.2019 အထိ တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ ဒီကာလအတွင်း လုပ်စရာတွေများနေတတ်ပါတယ်။ အိမ်နဲ့ မိသားစုနဲ့ပက်သက်တဲ့အလုပ်တွေရော၊ လုပ် ငန်းခွင်အလုပ်တွေရော အနားယူချိန်နည်းပါးနေတတ်ပါတယ်။ အလုပ်များတော့ အခြားအရေးမပါတာတွေခဏ မေ့ထားပြီး ကြိုးစားကြည့်ပါ။ဒီကာလမှာ ကြိုးစားထားသမျှတွေက မိမိကိုယုံကြည်မှုတိုးစေပါတယ်။ ၀န်ထမ်းဆို အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချမယ်ဆိုရင်တော့ အထက်လူကြီးဆီapprove ယူပြီးမှလုပ်စေချင်ပါတယ်။ အိမ် ပြောင်းချင်သူများဒီကာလမှာပြောင်းရရွှေ့ရတတ်ပါတယ်။ကျန်းမာရေးကတော့ ဒီနေ့မှာအထူးအားနည်းနေတာကို တွေ့ရပါတယ်။ အပူဒဏ်မခံနိုင်တဲ့သူတွေကတော့ ဒီနေ့မှာခေါင်းမူးခေါင်းကိုက်ဖြစ်ရတတ်ပါတယ်။ ဦးနှောက်နဲ့ ပက်သက်သောရောဂါတွေကိုသတိထားလိုက်ပါ။အထက်လူကြီးများက လုပ်ငန်းဆောင်တာတွေကို မိမိတို့ကိုလွှဲ ပေးတာမျိုးတွေကြုံရတတ်ပါတယ်။ ဒါကြောင့်အလုပ်မှာတာဝန်ယူမှုတွေများနေတတ်ပါတယ်။ အချစ်ရေးကတော့ စီးပွားရေးတွေနဲ့ပက်သက်ပြီး ချစ်သူနဲ့တိုင်ပင်ဆွေးနွေးနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးနဲ့ပက်သက်ပြီးတော့လဲ အထူးစိတ်ညစ်ရတတ်ပါတယ်။ ပညာရေးကတော့အကောင်းများတယ်။ ကြိုးစားစေချင်ပါတယ်။ အကျိုးပေးဂဏန်း1/6/0 အထူးဟော တာဝန်ယူရတာတွေများနေမည်။ ယတြာ သပြေပန်းဘုရားကပ်လှူလိုက်ပါ။ တနင်္လာ ဒီကာလအတွင်း စိတ်လက်ပေါ့ပါးကြည်လင်နေတတ်ပါတယ်။ ဒါကြောင့်ဒီလိုကာလမျိုးဟာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုချမှတ်နိုင်ပါလိမ့်မယ်။ အရေးကြီးတဲ့ဆွေးနွေးပွဲများပြုလုပ်ခြင်း၊ ဆရာသမားတွေဆီက အကြံ

တနင်္ဂနွေသားသမီးများအတွက် တစ်နှစ်စာ ဟောစာတမ်း

သက်ရှိသက်မဲ့အားလုံးနှင့် ကံတရား၏ မျက်နှာသာပေးခြင်းကို ခံရခြင်း ၊ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာခြင်း ၊ ကိုယ်ပိုင်ဟန် ကိုယ်ပိုင်ဥာဏ်များဖြင့်အောင်မြင်ခြင်း ၊ မိတ်ဆွေရင်း လူရင်းများက သစ္စာဖောက်ခြင်း ၊ အောက်လက်ငယ်သား ဆန့်ကျင်တော်လှန်ခြင်း ၊ ဆွေမျိုးသားချင်းတို့၏ ကူညီမစခံရခြင်း ၊ လူအများ ပရိတ်သတ်နှင့် လုပ်ဆောင်ရသောအလုပ်များတွင် ကြီးကြီးကျယ်ကျယ်အောင်မြင်ခြင်း ၊ စုတ်ရော လာဘ်ရောပွင့်နေခြင်း ၊ ပြည်တွင်းပြည်ပခရီးကိစ္စများအောင်မြင်ခြင်း ၊ နာမည်ဂုဏ်သတင်း ထင်ပေါ်ကျောဇောခြင်း ၊ အကောင်းပြောချီးမွမ်းခံရခြင်း ၊ တို့ မုချကြုံတွေ့ရလတ္တံ့။ ကံဇာတာပွင့်လန်းတိုးတက်အံ့။ လုပ်သမျှ ကြံသမျှ အောင်မြင်ထမြောက်လတ္တံ့။ အကြံအစည် ရည်ရွယ်ချက်များကို မြန်ြမန်ဆန်ဆန် အကောင်အထည်ဖော်ဆောင်ရွက်သင့်အံ့။စီးပွားလုပ်ငန်းများကို အင်နှင့်အားနှင့်တိုးချဲ့သင့်အံ့။အခက်အခဲ အကြပ်အတည်းများကို ဖြတ်ကျော်နိုင်စွမ်းရှိအံ့။ ပြဿနာများကို

သင့်လက်ဖဝါးကပြောတဲ့ သင့်အနာဂတ်၊ အိမ်ထောင်ဖတ်၊ စီးပွားဥစ္စာ တို့အကြောင်း

နိမိတ်ဖတ်လက္ခဏာ ဗေဒပညာနဲ့ပတ်သတ် ပြီးတော့ ကျွန်တော့်ရဲ့ ဗေဒင်ဟောလာတဲ့သက်တမ်း တစ်လျှောက်မှာ ဘယ်အရာမှ အမှုမဲ့ အမှတ်မဲ့မနေဘဲ သေသေချာချာ ဟောကြားရင်း လေ့လာထားတဲ့ လက္ခဏာအရေးအကြောင်းလေးတွေကို မှတ်စုမှာ မှတ်တမ်းတင်ထားလေ့ရှိပါတယ်။ အဲဒီမှတ်တမ်းလေးတွေထဲကနေပြီး လက္ခ ဏာကို စိတ်ဝင်စားတဲ့ မည်သူမဆို မိမိတို့ရဲ့လက် တွေဖြန့်ကြည့်ရင်း တိုက်ဆိုင်ကြည့်နိုင်အောင် ရေး သားဖော်ပြလိုက်ပါတယ်. နံပါတ်(၁)ပုံမှာ ပြထားတဲ့အတိုင်း အသက် လမ်းကြောင်းကနေပြီးတော့ ထောင်တက်လာတဲ့ လမ်းကြောင်းဟာ အပေါ်ဘက်မှာ ရှိတဲ့Óာဏ်လမ်း ကြောင်းကို သွားထိနေမယ်ဆိုရင်တော့ သင်ဟာ စီးပွားဥစ္စာတိုးတက်မယ်၊ အိမ်ကြီးအိမ်ကောင်းတွေပိုင် ဆိုင်ပြီးတော့ တန်ခိုးသြဇာထက်မယ့်သူ၊ နောက်ပြီး အစိုးရဝန်ထမ်းဆိုရင်တော့ ရာထူးတက်တာတို့၊ ဒီ့ အပြင် မိန်းကလေးတွေ ဆိုရင်တော့ ခင်ပွန်းကောင်း တွေရတတ်တယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။

အချစ်ရေးမှာ ဘယ်ရာသီခွင်တွေက သစ္စာအရှိဆုံးလဲ

(၁၂) လ ရာသီခွင်တွေရဲ့ သဘောသဘာဝအရ ထွက်ပေါ်လာတဲ့ လက္ခဏာရပ်တွေ များစွာ ရှိတဲ့အနက်မှ သစ္စာ အရှိတတ်ဆုံး ရာသီခွင်တွေ အကြောင်းကို ဒီတစ်ခါ ဖော်ပြပေးချင်ပါတယ်။ သစ္စာ အရှိဆုံး တွေကနေ မရှိဆုံးအထိ အစဉ်လိုက် စီပေးထားပါတယ်။ ကိုယ့် ရာသီခွင်တွေနဲ့ တိုက်ကြည့်ကြပြီး မှန် မမှန်လည်း ပြန်ပြောဦးနော်.. (1) Cancer (ကရကဋ်)- June 22 to July 22 ကရကဋ် ရာသီဖွားနဲ့ ချစ်မိပြီဆိုရင် တစ်ဘဝစာ လက်တွဲဖော် ရပြီလို့သာ မှတ်လိုက်ပါ။ သူတို့ဟာ သစ္စာ အရမ်းရှိပြီး သင်လည်း သူတို့ဆီက ယုံကြည်မှု ပြန်ရလိုက်ပြီဆိုရင် နှစ်ဦးနှစ်ဖက် နားလည်မှုရှိစွာ

အချစ်ရေး အဆင်ပြေဖို့ (သို့မဟုတ်) အချစ်ရေးပြန်အဆင်ပြေစေဖို့

ချစ်သူ(ရည်း စား) ဘ၀ မှာ မကြာခဏ စကားများ၊ ခိုက်ရန်ဖြစ်၊ စိတ်ကောက်၊ မခေါ်မပြော၊ အဆင်မပြေဖြစ်ရလို့ စိတ်ညစ်နေရသူတွေ ဖြစ်စေ၊ လတ်တလော အချိန်မှာ အကြောင်းတစ်မျိုးကြောင့် ချစ်သူနဲ့ အဆင်မပြေဖြစ်ပြီး အမြန်ဆုံး ပြန် အဆင်ပြေ စေချင်သူတွေဖြစ်စေ ဒီအစီအမံကို လုပ်ကြည့်ပါ။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ ဘယ်နေ့ဖွားဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒီ အစီအမံမှာ အဓိကလိုအပ်တဲ့ ပစ္စည်းကတော့ သပြေရွက် အရွယ်ညီနှစ်ရွက် ဖြစ်ပါတယ်. ပန်းအိုးထိုးတဲ့ သပြေပန်းရဲ့ အရွက်ပဲဖြစ်ဖြစ် စားလို့ရတဲ့သပြေသီး သီးတဲ့ သပြေပင်က အရွက်ပဲဖြစ်ဖြစ် အဆင်ပြေရာ သုံးနိုင်ပါတယ်..သပြေရွက်တစ်ရွက်ရဲ့ အတွင်းဘက် မျက်နှာပြင် ရွက်ကြော အပေါ်ဘက်နေရာမှာ အညှာဘက်မှ အဖျားဘက်ကို အမျိုးသားနာမည်

သွေးအမျိုးအစားအလိုက် သင်ဟာ ဘယ်လိုချစ်သူကောင်မလေးမျိုးလဲဆိုတာ ပြောပြပေးမယ်

လူတွေရဲ့ အမူအကျင့်လေးတွေက သူတို့ရဲ့သွေးအမျိုးအစားနဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတာကို လက်ခံတယ်ဆိုရင် အခုဖော်ပြမယ့် သွေးအမျိုးအစားအလိုက် သင်က သင့်ချစ်သူအတွက် ဘယ်လိုချစ်သူမျိုးဖြစ်နေလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦးနော်။ အေသွေး အရှေ့ကတစ်ယောက်ကို လက်လွှတ်ဆုံးရှုံးရအောင် လုပ်ထားမိလို့ အခုတစ်ယောက်ကို သင့်ရဲ့ နောက်ဆုံးချစ်သူဖြစ်ဖို့မျှော်လင့်နေတဲ့သူပါ။ ချစ်သူကို အချိန်တိုင်းဂရုစိုက်ပြီးတော့ သူနဲ့ကိုယ့်ရဲ့ အနာဂတ်ကို အမြဲတမ်းပုံဖော်နေတတ်သူလည်းဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သူမဟုတ်တဲ့ တခြားတစ်ယောက်နဲ့တွဲမြင်လို့တောင်မရလောက်အောင် ဖြစ်နေပါတယ်။ ကိုယ့်စွဲလန်းစိတ်တွေကို ကိုယ်ကိုယ်တိုင်တောင် မထိန်းချုပ်နိုင်ပါဘူး။ သူ့ရဲ့ အာရုံစိုက်မှုကို ရအောင်လို့ ပြဿနာတွေကို တစ်ခုပြီးတစ်ခု ဖန်တီးချင်နေသူပေါ့။ စိတ်ဆတ်တဲ့ မရင့်ကျက်တဲ့ အပြုအမူတွေက သူ့ကိုချစ်လို့ဆိုတာကို သိစေချင်နေသူဆိုလည်း ဟုတ်ပါတယ်။ ချစ်သူကို အရမ်းချစ်ပြီး ပျော်အောင်ထားချင်ပေမယ့် အမြဲစိတ်ညစ်အောင် လုပ်မိနေတာ အေသွေးလေးတွေပါ။ ဘီသွေး သင်က

အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ရာသီခွင်ကနေတဆင့် သိနိုင်

မွေးဖွားတဲ့ ရာသီခွင်အပေါ် မူတည်ပြီး အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းပြောဆိုနိုင်ပါတယ် သင့်ကို မွေးဖွားတဲ့ ရာသီခွင်အပေါ် မူတည်ပြီး အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကို ယေဘုယျအားဖြင့် ခန့်မှန်းပြောဆိုနိုင်ပါတယ်လို့ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာရှင်တွေက ဆိုပါတယ်။ အခုဖော်ပြပေးမှာက ၁၂ လရာသီခွင်တွေရဲ့ အတိတ်ဘဝမှာ ဘယ်လိုသေဆုံးခဲ့လဲဆိုတဲ့ စိတ်ဝင်စားစရာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ (၁) မိဿရာသီဖှား (Aries) မိဿရာသီဖွားတွေကတော့ ရာသီခွင်အရ အတိတ်ဘဝမှာ ချစ်ခင်ယုံကြည်ရသူ တဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မိဿရာသီဖွားအများစုဟာ အယုံကြည်လွယ်သူတွေ ဖြစ်တာကြောင့် ဒီအချက်ကိုတော့ သတိထားသင့်ပါတယ်။ (၂) ပြိဿရာသီဖွား (Taurus) စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ ပြိဿရာသီဖွားတွေရဲ့