Category: Buddha

မန်းရွှေစက်တော် တည်းခိုဆောင်ခက်ခဲပါက ဘုရားရွာမှာ တည်းခိုနိုင်ပြီ

ယခုနှစ် ဖေဖော်ဝါရီ ၉ရက်မှစ၍ ရက်၇၀ကြာကျင်းပမည့်မင်းဘူးခရိုင် မန်းရွှေစက်တော်ဘုရားပွဲတော်လာ ပြည်သူများအနေဖြင့် လူစည်ကားချိန်ရက်များ၌တည်းခိုဆောင်နေရာမရခြင်း၊ ဈေးနှုန်းအဆမတန်မြင့်မားနေခြင်းများကြုံတွေ့ရပါက ပွဲတော်အနီး ဘုရားရွာရှိ နေအိမ်များတွင် သဒ္ဓါကြေးပေး၍ တည်းခိုနိုင်ကြောင်း ဒေသခံများထံမှ သိရသည်။ အကြောင်းအမျိုးမျိုးကြောင့်တည်းခိုဆောင်အဆင်မပြေသူများအနေဖြင့် ဘုရားရွာတွင် သဒ္ဓါကြေးဖြင့် တည်းခိုနိုင်ကြောင်း၊ ယခုနှစ်တွင် ဖောက်လုပ်လိုက်သော မန်းရွှေစက်တော်ကားပတ်လမ်းကြောင့်ဘုရားဖူးပြည်သူများ သွားလာမှုအဆင်ပြေကာ ဒေသခံပြည်သူများတွင်လည်း ငွေဆောင်၊ချောင်းသာဒေသအနီးရှိ ကျေးရွာများကဲ့သို့အကျိုးဖြစ်ထွန်းမှုများ ရှိလာမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောပြ၍သိရသည်။ တည်းခိုဆောင်တွေမှာ အခက်အခဲဖြစ်ရင် သဒ္ဓါကြေးပေးပြီးတည်းခိုလို့ရပါတယ်။ တစ်အိမ်ကိုလူ၁၀ယောက်ကနေ ၁၅ယောက်ထိတည်းခိုနိုင်ပါတယ်။ လာတည်းတဲ့သူတွေကတော့ တစ်ညတည်းရင်ငွေကျပ်နှစ်သောင်းလောက် ပေးခဲ့ကြပါတယ်။ သတ်မှတ်ပြီးတောင်း တာမရှိပါဘူး။ ရွာနဲ့ မန်းချောင်းကပေ၂၀ဝလောက်ပဲကွာတယ်။ ရွာမှာလျှပ်စစ်မီးနဲ့ရေ ပြည့်ပြည့်စုံစုံရှိပါတယ်ဟု ဘုရားရွာမှ ဒေသခံကိုကြည်လွင်က ပြောပြ၍ သိရသည်။ ဇေယျတု(မကွေး)

ရွှေတိဂုံစေတီတော်ရဲ့မြောက်ဖက် ဓါတ်လှေကားထိပ်ရှိ အရံစေတီအမှတ်၂၆ ၏ လက်ရှိအခြေအနေ

ရွှေတိဂုံစေတီတော်ရဲ့မြောက်ဖက် ဓါတ်လှေကားထိပ်ရှိ အရံစေတီအမှတ်၂၆ ၏ လက်ရှိအခြေအနေ…ရွှေတိဂုံစေတီတော်ကြီး၏မြောက်ဖက် ဓါတ်လှေကား ထိပ်… အရံစေတီတော်အမှတ်(၂၆)စေတီ၏ ငှက်ပျောဖူး အောက်နားမှ…အနီရောင်အရည်များ စီးကျ နေကြောင်း… ဒီလိုဖြစ်စဉ်ကို…”ကိတ်လွှတ်ခြင်း”…ဟုပြောဆိုနေကြ သလို တချို့ကလည်း…ဒီအရည်ဟာ စေတီတော် ကို တည်ဆောက်ထားတဲ့ အုတ်တွေက အချိန်ကာလနဲ့ ရာသီဥတုဒဏ်ကြောင့် ပျက်စီးယိုယွင်းပြီး အုတ်သား များ အရည် ပျော်ကျလို့…အခုလို အနီရောင်ဖြစ်နေတာ ဟု ထင်မြင်ယူဆနေကြပြီး …မည်သည့်အတွတ်ကြောင့် ဒီအရည်တွေ အခုလို စီးကျနေရတာလည်း ဆိုတာကို တော့…တိတိကျကျအနေဖြင့် အခုထိ မသိရသေးပါဘူး။“ကိတ်လွှင်ခြင်း”…ဆိုတာကို မသိကြသေးတဲ့သူတွေ အတွတ် အောက်မှာ ဖော်ပြပေးထားပါတယ်။ ကိတ်လွှတ်ခြင်း ဟူသည်စေတီ၊ပုထိုး၊ဘုရား၊ကျောင်း၊ ကန် စသော သာသနိကအဆောက်အဦးတို့မှ ထင်ရှား စွာ ဖြစ်ပေါ်လာသော နိမိတ်ပင်တည်း။ကျေးရွာတစ်ခု၏

ဘုရားရှင်အား သောက်တော်ရေချမ်းကပ်ရာတွင် သန့်ရှင်းသပ်ရပ်မှုရှိသော်လည်း အနည်းငယ်လွဲမှားမှုများ ရှိနေတဲ့ ဗုဒ္ဓဘာသာဝင်များ

ဗုဒ္ဓဘာသာဝင်များအတွက် ဘုရားရှင်ကို ဆွမ်းကပ်တဲ့အခါ ဒါမှမဟုတ် သောက်တော်ရေကပ်တဲ့အခါတွေမှာ သာမန်အားဖြင့် သန့် ရှင်းသပ်ရပ်အောင် ပြုလုပ်ပြီး ကပ်တက်ကြပါတယ်။ ရဟန်းသံဃာတော်များကို ဆွမ်းကပ်တဲ့အခါလည်း အတတ်နိုင်ဆုံး ကောင်းမွန်သန့် ရှင်းအောင် ပြုလုပ်ပြီးကပ်တတ်ကြပါတယ် ဒါပေမဲ့ အဓိက အရေးကြီးတာ မပြုလုပ်နိုင်ကြဘူး ဖြစ်နေတယ်။ အဲဒါဘာလည်းဆိုတော့ ဘုရားရှင်ကိုပဲ ကပ် ကပ် ရဟန်းသံဃာတော်ကိုပဲ ကပ်ကပ် သောက်တော်ရေကို ရေစစ် နဲ့ စစ်ပြီး ကပ်ဖို့ ပါပဲ ဝိနည်းတော်မှာ ရေစစ် နဲ့  စစ်ပြီး မကပ်ဘူးဆိုရင် သောက်သုံးသူ ရဟန်းတော်များဟာ အာပတ် သင့်ပါတယ်။ ဘုရားရှင်ကို ဖူးမြင်ဖို့ ဂန္တာရ ခရီးကို ဖြတ်လာတဲ့ ရဟန်းနှစ်ပါးဟာ ရေကန်တခုကိုတွေ

နတ်ပြည်က လာပင့်သည်ကို ငြင်းပယ်ခဲ့သည် ဆရာတော်ကြီး

” နတ်ပြည်ကလာပင့်သည်ကိုငြင်းပယ်ခဲ့သည် ဆရာတော်” မကွေးတိုင်းဒေသကြီး မကွေးမြို့အရှေ့မြောက် မိုင် ( ၃၀ )ခန့်အကွာတွင် မကွေး နတ်မောက် ရေနံချောင်းဟူသောမြို့သုံးမြို့တို့၏အလယ်( ဖိုခနောင့်ဆိုင်)ထူးထူးဆန်းဆန်း ရွာတည်ထားသော ရွာလေးတစ်ရွာရှိ၏ အိမ်ခြေ ၁၈၀ ခန့်ရှိသောထိုရွာလေးကား ” သက်ရင်းတောရွာလေးပင်”ဖြစ်၏ ရွာ၏အရှေ့တောင်ဘက်မနီးမဝေးတွင်ကား အလောင်းစည်သူမင်းကြီးတည်ထားခဲ့သော သမိုင်းဝင်ဆုတောင်းပြည့်” သက်တော်ရှည်သိုက်ဘုန်း”ဘုရားကြီးသပ္ပါယ်စွာတည်တည်ရှိလေ၏၊ ရွာ၏တောင်ဘက်တွင် စေတီများ အရိပ်အာဝါသ ကောင်းလှသော မန်းကျည်းပင်ကြီးများနှင့် သာယာသပ်ရပ်စွာ ထိုရွာသူ/ရွာသားတို့၏ သဒ္ဓါတရားကို ထင်ဟပ်ပြသနေသော သက်ရင်းတောကျောင်းတိုက်ကြီး ထီးထီးမားမားတည်ရှိလေသည် ရပ်ရွာများ၌ ကိုရင်ငယ်လေးများရှားပါးချိန်တွင် ပင်ထိုကျောင်းတိုက်ကြီးမှာတော့နှစ်တွေ ဘယ်လိုဟောင်းဟောင်း ရာသီတွေ ဘယ်လိုပြောင်းပြောင်း ကိုရင်လေးများအပါး ၂၀ / ၂၅ ပါးလောက်ကတော့ အမြဲသီးတင်းသုံးကာ ပညာသင်လေ့ရှိ၏။ရှေ့ခေတ်ဘုန်းကြီးကျောင်းပညာရေးစနစ်၏ကောင်းမွေများပင်ဖြစ်၏ သက်ရင်း တောကျောင်းတိုက်ကြီး၏

ဘုရားဆွမ်းတော်ကပ်ရာတွင် မှန်ကန်သည်ထင်နေသည့် အမှားလေးများ

ဗုဒ္ဓဘာသာအများရဲ့ အလွဲတွေထဲက နောက်ထပ်အလွဲတစ်ခုက ဘုရားဆွမ်းတော် ကပ်တာလေးပါ။ ဆွမ်းတော်ကပ်လှူတာကို ပြောတာပါ။ နတ်တင်သလိုမျိုး ဘုရားဆွမ်းတော်တင်တာမျိုး မဟုတ်ပါဘူး။ ဆွမ်းတော်ကပ်တာ ဆိုတဲ့အတွက် သက်ရှိထင်ရှား ဘုရားရှင်ကို ရည်ရွယ်အာရုံပြုပြီး ကပ်ဖို့လိုပါတယ်။ ဘုရားက ဘာမှ မပြောဘူးဆိုပြီး ဖြစ်သလိုလေး တင်သွားတာမျိုးတော့ မဖြစ်သင့်ပါဘူး။ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ အိမ်မှာဘုရားဆွမ်းတော် ကပ်တာလေးတွေ တွေ့ဖူးပါတယ်။ ထမင်းပန်းကန်လေးပေါ်မှာ သကြားလေးဖြူ၊ ထန်းလျှက်လေးနဲ့ တင်ထားတာကိုပါ။ အိမ်မှာ စားစရာမရှိလို့၊ သူတို့ကိုယ်တိုင် ဒီသကြား၊ ထန်းလျှက်တွေနဲ့ စားနေရလို့ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ကိုယ်စားနိုင်တာ၊ ကိုယ်ရှိတာလေးနဲ့ ကိုယ်နဲ့ထပ်တူထားပြီး ဘုရားရှင်ကိုလည်း မရှိရှိတာ ကပ်တဲ့သဘောပါ။ ခုဟာက အဲလိုမဟုတ်ပါဘူး။ မကပ်နိုင်လို့ မဟုတ်ပါဘူး။ ကိုယ်စားတဲ့အခါ

ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း

ပဌာန်းရွတ်ပွားခြင်းအကျိုး ပဋ္ဌာန်း မှန်မှန် ၊ နှစ်ရှည် ရွတ်ခြင်း၏ အကျိုးများကို ယုတ္တိ သဘောဖြင့် ဆင်ခြင်ကြည့်ခြင်း …ပဋ္ဌာန်းရွတ်တယ် ဆိုတာ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ တို့ ကို ရွတ် ဆိုတာ ကိုဆိုလိုပါတယ်။မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ပဋ္ဌာန်းဒေသနာကို အရှင်သာရိပုတ္တရာ က မကျဉ်းမကျယ် ပြန် ဟောထားတဲ့ ပဋ္ဌာန်း ၅ ကျမ်းကိုတော့ မြည်သံမစဲ ပဋ္ဌာန်းပွဲ ဆိုပြီး ရွတ် ဆိုကြတာလည်းရှိပါတယ်။ ကိုယ့် တစ်နိုင်တစ်ပိုင်ကတော့ ပဋ္ဌာန်း ပစ္စယ ဥဒေသ နဲ့ ပစ္စယ နိဒေသ ကို ပဲ ရွတ်ကြပါတယ်။ အသံမှန်

တန်ခိုးအရာ ပြိုင်ဘက်ကင်းသော လက်ဝဲတော်ရံ အရှင်မောဂ္ဂလာန်

အရှင်မဟာမောဂ္ဂလာန် သည် “လက်ဝဲတော်ရံ အဂ္ဂသာဝကမထေရ်မြတ်” ဖြစ်သည်။ မထေရ်မြတ်မှာ ဘုန်းတန်ခိုးအာနုဘော် ကြီးမားလှသဖြင့် မြတ်စွာဘုရား အားထားရသော ခေါင်းဆောင်မထေရ်ကြီး တစ်ပါး ဖြစ်သည်။ နန္ဒောပနန္ဒာနဂါးကို မာန်စွယ်ကျိုးအောင် ဆုံးမတော်မူပြီး မြတ်စွာဘုရားထံ ခေါ်ဆောင်ခဲ့ကာ သရဏဂုံတည်စေခဲ့သည်။ နတ်ပြည်သို့ကြွ၍လည်း နတ်သားနတ်သမီးတို့၏ ဘ၀အကြောင်း လူ့ရွာ၊လူသား ဒကာ ဒကာမများအား အဖြစ်မှန်ကို ပြန်လည်ဟောပြ အားကျစေခဲ့သည်။ ငရဲဘုံ ၊ ပြိတ္တာဘုံသို့ ကြွရောက်၍လည်း ဆင်းရဲဒုက္ခ ခံစားနေကြရသော ငရဲ ၊ပြိတ္တာတို့၏ ဘ၀ကို လူ့လောကမှ ဒကာ ဒကာမတို့အား အကုသိုလ်မူမပြုကြရန် ပြန်လည်ဟောပြတော်မူသည်။ အဂ္ဂသာဝကမထေရ်နှစ်ပါးသည် “နေနှင့်လ” ပမာ လွန်စွာ ထင်ရှားသည့် သာသနာ ကျက်သရေဆောင်ကြီးများ ဖြစ်ကြသည်။

ပုဂံပြည်ကြီးမှာ မုဆိုးမပင် ဘုရားတည်နိုင်တဲ့အထိ ချမ်းသာ ကြွယ်ဝစေခဲ့တဲ့ ရှင်အဇ္ဇဂေါဏရဲ့ ဒဏ္ဍာရီ

ရှင်အဇ္ဇဂေါဏ နှင့်ဘုရားအမှတ်(၅၀၉-က)မည်သို့ဆက်စပ်နေသနည်း ရေးသားသူ – သုခုမ အလင်းတန်းများ ပုဂံသမိုင်းကို ပြောရမည်ဆိုလျှင် ရှင်အဇ္ဇဂေါဏသည် မပါမပြီးချေ။ ရှင်အဇ္ဇဂေါဏ ခေါ်ရှင်မထီးဆိုသည်မှာ ထေရဝါဒမထွန်းကားမှီ ပုဂံပြည်သေဉ်လည်ကြောင်မင်းတရားကြီးလက်ထက်တွင် လောကီရေးရာ အဂ္ဂိရတ်ဖိုထိုးခြင်းမှ ဓါတ်လုံးအောင်ပြီး ပုဂံပြည်တွင် မုဆိုးမပင် ဘုရားတည်နိုင်သည်ဟု ပြောစမှတ်တွင်ခဲ့သူ ဖြစ်သည်။ ပုံပြင်ဒဏ္ဍာရီယုံကြည်သူတို့အဖို့ ပုဂံပြည်သည် ဤမျှနယ်နမိတ် အတွင်းတွင် ဘုရားပေါင်းမြောက်များစွာတည်ရှိကြခြင်းသည် ရှင်အဇ္ဇဂေါဏ ကြောင့်ဖြစ်သည်ဟု ယုံကြည်ကြသည်မှာလည်း မထူးဆန်းပါ။ ရှင်အဇ္ဇဂေါဏ ဒဏ္ဍာရီကိုပြောရမည်ဆိုလျှင် ခရစ်နှစ် (344 ခုမှ 387) ခုနှစ်အထိ နန်းစံခဲ့သော သေဉ်လည်ကြောင်မင်းတရားကြီး လက်ထက်ခန့်က ဖြစ်ခဲ့သည်။ ရှင်အဇ္ဇဂေါဏ သည် ရွှေဖြစ်လမ်း၊ ငွေဖြစ်လမ်းလိုက်နေသော အဂ္ဂိရတ်ထိုးခြင်း အောင်မြင်ပါက ပုဂံတစ်ပြည်လုံးချမ်းသာလိမ့်မည် ဓါတ်လုံးမပေါက်ခဲ့ပါက

(၁၅) မိနစ် တရားထိုင်နည်း

တစ်နေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။ ထူးခြားသော အကျိုးကျေးဇူးများ၊ထူးခြားသော ကံကောင်းမှုများ၊သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည့် (၁၅) မိနစ်တရားထိုင်နည်း အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊ မလျော့မကုန်းလွန်းဘဲ အလိုက်သင့်သလို တာရှည်ထိုင်နိုင်အောင် ထားပါ။ဘယ်လက်ဝါးကို အောက်က ထား၍ ညာလက်ဝါးကို အပေါ်က ထားရမည်။ ယောဂီ၏ မျက်စိကိုလည်း တစ်ချို့မှိတ်လျှက်၊ တစ်ချို့ဖွင့်လျှက်၊ တစ်ချို့က မှေးမှေးထားလျှက် မိမိကြိုက်သလို ထိုင်နိုင်သည်။နှာသီးဝအဖျားတွင် ထွက်လေ၀င်လေတို့၏ ထိခတ်တိုးဝှေ့ရာ (ဖုသနဋ္ဌာန၊ နာသိက ကသိဏ)အရပ်ကလေးကို အသာအယာ သတိကပ်၍ ရှာဖွေရမည်။ တွေ့ရှိပါက ယခု လှုပ်သွားသည်မှာ ထွက်လေကြောင့်ဟု သိလျှင် လှုပ်သည်သိသည်နှင့် တစ်ပြိုင်နက် ထွက်လေဟု သိမှတ်ထားပါ။တစ်ဖန်

ဘုရားရှိခိုး မပျင်းနဲ့  (ဘုရားရှိခိုး ပူဇော်ရသော အကျိုး ရှစ်မျိုး )

ဘုရားရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ် မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ စိတ် ဓါတ်ဆီ ထည့်တာ စိတ် စက်ဆီ ဖြည့်တာ။သန့်စင်တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ် စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်း ထား။ ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာ မေတ္တာပို့ တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင် တာဟာ ကျန်းမာရေး လဲရ စိတ်ခွန်အား လဲကောင်း စိတ်ကြံခိုင်ရေး လဲတိုးတယ် ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက်