Category: Health

ပျိုမေတို့ တစ်လတစ်ခါကြုံတွေ့ရတဲ့ စိတ်ဓာတ်ကျဆင်းမှုဝေဒနာကို ဘယ်လိုရင်ဆိုင်မလဲ?

အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာလာချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာကိုရော စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုပါ ခံစားကြရပါတယ်။ ဓမ္မတာလာခါနီး ရက်ပိုင်းအလိုမှာကတည်းက ဝေဒနာတချို့ကို စတင်ခံစားကြရတာပါ။ အဲဒါလို ဓမ္မတာအကြိုဝေဒနာလက္ခဏာရပ် Premenstrual Syndrome (PMS) လို့ ခေါ်ဝေါ်ပါတယ်။ အဲဒီလို လက္ခဏာရပ်တွေထဲမှာ စိတ်တိုခြင်း၊ စိတ်အလိုမကျခြင်းနဲ့ ဝမ်းနည်းခြင်းတို့ ပါဝင်ပါတယ်။ စိတ်ဖိအားများခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်ပေါ်တာကိုတော့ Premenstrual Dysphoric Disorder (PMDD) လို့ ခေါ်ပါတယ်။ ဓမ္မတာမလာခင်ကတည်းက ကြိုတင်ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေက ဘာတွေလဲ? စိတ်ဖိအားများခြင်း၊ အလိုလို စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အလိုလို ဒေါသထွက်ခြင်း၊ သတိမေ့ခြင်း၊ အလိုလို ငိုချင်စိတ်ပေါက်ခြင်း၊ အအိပ်လွန်ကဲခြင်း

ကြောက်ဖို့ ကောင်းတဲ့ အမွှေးတိုင် အန္တရာယ် အကြောင်း သိကောင်းစရာ…!

အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ် ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာဖြစ်နိုင် ။ ဟိန္ဒူ ဘာသာရေး ပွဲတော် များတွင် အသုံးများသော အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ်ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာ ဖြစ်ပွား နိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြသည် ။ အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် ကင်ဆာ ဖြစ်နိုင်သည့် အဆိပ်အတောက်များ ပါဝင်ကြောင်း တရုတ် သုတေသီ များ၏ လေ့လာမှု အရ သိရသည် ။ အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် အဆိပ် ရှိသော

အမျိုးသမီးတိုင်း လျစ်လျှူရှုမထားသင့်တဲ့ ကင်ဆာရောဂါ ရှေ့ပြေးလက္ခဏာများ

ဘယ်ရောဂါမဆို စောစောသိလေ ကုသပျောက်ကင်းနိုင်ဖို့ ရာခိုင်နှုန်းများလေပဲ ဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ အမျိုးသမီးတွေ သတိထားသင့်တဲ့ ကင်ဆာရောဂါရဲ့ရှေ့ပြေးလက္ခဏာတွေပဲဖြစ်ပြီး ကင်ဆာရောဂါရဲ့အစောပိုင်းအဆင့် လက္ခဏာတွေလည်းဖြစ်တာကြောင့် သတိပြုစေနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ရပါတယ်။ (၁) မကြာခဏဆိုသလို လေပွနေမယ် ဓမ္မတာ လာခါနီးတိုင်း အမျိုးသမီးတွေဟာ လေပွတာမျိုး ကြုံတွေ့ရတတ်ပြီး ရာသီလာပြီးသွားတဲ့ အချိန်တွေအပြင် မကြာခဏဆိုသလို ခံစားနေရမယ်ဆိုရင်တော့ ဒါဟာ သားဥအိမ်ကင်ဆာ ဒါမှမဟုတ် သားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။ (၂) ပုံမှန် မဟုတ်ဘဲ သွေးဆင်းနေမယ် တလတခါ ပုံမှန် ဓမ္မတာလာ သွေးဆင်းတာမျိုး မဟုတ်ဘဲ ရာသီစက်ဝန်း တခုနဲ့တခုကြားမှာပါ သွေးဆင်းနေမယ်၊ သွေးဆင်းတဲ့အခါမှာလည်း သားအိမ်တဝိုက်က နာကျင်ကိုက်ခဲနေမယ်ဆိုရင်တော့ ဒါဟာလည်း သားဥအိမ်နဲ့ သားအိမ်ကင်ဆာရောဂါမျိုး ဖြစ်နေနိုင်တာကြောင့် သွားရောက်

ဇက်ကြောတက် သူတွေ အတွက် ကန်စွန်းရွက်

ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာ များ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။ ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက် လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ

ပင်လယ်စာကြိုက်သူများ သတိပြုရမယ့် မာကျူရီအဆိပ်သင့်ခြင်း

မာကျူရီအဆိပ် အများဆုံးပါဝင်တဲ့ အစားအစာက ပင်လယ်စာပါတဲ့။ ဒါ့အပြင် စက်ရုံတွေ၊ သာမိုမီတာတွေ၊ သွေးပေါင်ချိန်ကိရိယာတွေ၊ သွားပြုပြင်ကိရိယာတွေ၊ ဆေးမှုတ်တာ၊ သုတ်ဆေးတွေမှာလည်း မာကျူရီပမာဏတွေ မြင့်မားစွာ တည်ရှိပါဝင်နေပါတယ်။ အဲဒီထဲမှာ အန္တရာယ် အကြီးဆုံးကတော့ ပင်လယ်ငါးပုဇွန်တွေမှာ ပါဝင်နေလေ့ရှိတဲ့ မီသိုင်းမာကျူရီ အမျိုးအစားဖြစ်ပါတယ်။ မာကျူရီဟာ ပင်လယ်ရေမှာ မြင့်မားစွာ ပျော်ဝင်နေပြီး ရှင်သန်ကျက်စား ပေါက်ပွားနေတဲ့ ပင်လယ်သတ္တဝါ မျိုးရင်းတိုင်းကို အဆိပ်အပြင်းဆုံး မာကျူရီဓာတ် စိမ့်ဝင်နေစေပါတယ်။ ပုဇွန်ဆိတ်လိုမျိုး သေးကွေးတဲ့ ပင်လယ်သတ္တဝါတွေမှာ မာကျူရီ ပိုများများပါ ပါသတဲ့။မာကျူရီဓာတ်ဟာ ပတ်ဝန်းကျင်က အရာဝတ္ထု အတော်များများမှာ ပါဝင်လျက်ရှိပါတယ်။ သဘာဝအတိုင်း ပါဝင်နေတဲ့ မာကျူရီဓာတ်ဟာ မိုးရေ၊ မြေကြီးနဲ့ သောက်သုံးရေထဲမှာ စိမ့်ဝင်နေပြီး ထိကပ်နီးစပ်နေတဲ့

လက်သည်းနီဆိုးပြီးနောက် ခန္ဓာကိုယ်မှာ ပျက်စီးသွားနိုင်တဲ့ အရာများ

လက်သည်းလေးတွေကို အရောင် လှလှလေးတွေ ဆိုးကြသလို အရုပ်လေးတွေ နဲ့လည်း ပုံဖော် ဆိုးကြပါတယ်။ လက်သည်းနီ ဆိုးဆေးတွေမှာ ဓါတု ပစ္စည်းတွေ ပါဝင်တာ ကြောင့် ထိခိုက်တာတွေ ရှိနိုင်တယ်လို့ အကြမ်းဖျင်း သိထားကြ ပါတယ်။ ဘယ်လို ဓါတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာတွေကို ထိခိုက် စေသလဲ ဆိုတာ ဖော်ပြပေးလိုက် ပါတယ်။ လက်သည်းနီမှာ ပါဝင်တဲ့ ဖော်မလင်ဟာ သွေးနဲ့ ဆိုင်သော ရောဂါများနဲ့ ပန်းနာ ရင်ကျပ်ရောဂါ ကို ဖြစ်စေနိုင် ပါတယ်။ လက်သည်းနီတွေ လက်သည်းမှာ ကြာကြာ ခံဖို့နဲ့ ဆိုးတဲ့ အခါ ချောမွေ့မှု ဖြစ်နေအောင် Toluene လို့ ခေါ်တဲ့

ည အိပ်ယာ မဝင်ခင် သောက်ပေးပြီး ဝမ်းဗိုက် အဆီတွေကို ဖယ်ရှားမယ်

ကျန်တဲ့နေရာမဝပေမဲ့ ဗိုက် မှာ အဆီတွေစုနေတာ တကယ်ကို မအီမသာဖြစ်စရာပါ။ နေရလည်းခက်လှပါတယ်။ ဝမ်းဗိုက်အဆီတွေကို ဖယ်ရှားဖို့ တကယ်ကိုခက်ပါတယ်။ အဲဒီအတွက် ကိုယ်လက်လေ့ကျင့်ခန်းတွေသာမက သဘာဝ အဆီတွေကို ဖယ်ရှားပေးမယ့် ဖျော်ရည်ကိုလည်း အိမ်မှာလုပ်ပြီး သောက်သုံးပေးနိုင်ပါတယ်။ ဝမ်းဗိုက်အဆီပိုတွေကိုဖယ်ရှားနိုင်ဖို့အတွက် ပြုလုပ်နိုင်တဲ့ သဘာဝ အဆီကျဖျော်ရည်ကို ညအိပ်ယာမဝင်ခင် ၁နာရီအလိုမှာ သောက်ပေးရမှာပါ။ ဖျော်ရည်လုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုယိုသီး ၁ လုံး (အရည်ညှစ်ပါ) ဂျင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ရှလကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း သစ်ကြမ်းပိုးခေါက်မှုန့် အနည်းငယ် ရေ လီတာဝက် နံနံပင်အနည်းငယ် ပြုလုပ်နည်း ခွက်တစ်လုံးထဲမှာ ရေကိုဆူအောင်သည်ပြီး ပါဝင်ပစ္စည်းတွေအားလုံးကိုရောလိုက်ပါ။ ပြီးရင်

ရုတ်တရက်လေဖြတ်လျှင် ချက်ချင်းအကောင်းပကတိဖြစ်အောင်ပြုစုကုသနည်း”

ပုစုကုသနည်းမှာသမားတော်ကြီးဣစ္ဆာသယ ဦးမောင်မောင်၏နည်းဖြစ်ပါသည်။ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းတွင် ဆောင်းပါးရှင်၊မြင့်မြတ်ထွန်းက စိတ်ဝင်စား ဖွယ်ရေးသားထားပြီး မကြာမီကပင် လေဖြတ်သလိုဖြစ်၍ ပါးရွဲ့ခြေလက်လှုပ်မရသူမိတ်ဆွေတစ်ဦးအား သမားတော်ကြီး ညွန်ပြပါ နှိပ်ကွက်နေရာလေးများအားနှိပ်ပေးပါရန် အကြံပေးလေရာ(၃)ရက်အကြာတွင် အကောင်းပကတိဖြစ် ခဲ့သည်မို့ အဖြစ်များလှသော လေဖြတ်လေဖြန်းရောဂါ များကြုံခဲ့ဖြစ်ခဲ့ပါလျှင် အသုံးပြုနိုင်ပါရန် ထပ်ဆင့်မျှဝေလိုက်ပါသည်။ လေရောဂါသည်အသက်(၄၀)နှင့်(၆၀)ကြားအဖြစ်များပါသည်။ အအေးများရာက လေအထက်သို့ဆောင့်တက်၍ လေဖြတ်ပြီး ပါးရွဲ့၊ခြေထောက်ဆာ၊ခြေလက်တို့ လှုပ်မရအောင်ဖြစ်တတ်ပါသည်။ ရုတ်တရက်လေမိသူကို ယခုတင်ပြမည့်နှိပ်ကွက်လေးများဖြင့် နှိပ်ပေးပါမည်ဆိုလျှင် ပျောက်ကင်းသက်သာမှုကိုရရှိစေပြီး လွယ်ကူစွာရှင်းရှင်းပြတ်အောင် သက်သာပျောက်ကင်းစေပါသည်။ (၁) နှိပ်ကွက်(၁) ခြေမျက်စိနှင့်နောက်တွင်ကပ်နေသော သွေးပြန်ကြောကိုခပ်နာနာလေးနှိပ်ပေးပါ။ (၂) နှိပ်ကွက်(၂) ခြေဖ၀ါးအလယ်ဘေးသားကအကြောကို ကျေညက်အောင်နှိပ်ချေပေးပါ။ (၃) နှိပ်ကွက်(၃) ဒူးဆစ်အောက်မှာရှိတဲ့ ခြေတံကောက်ကြောကိုနှိပ်ချေပေးပါ။ (၄) နှိပ်ကွက်(၄) ပေါင်တွင်းကြောကိုကြိတ်ချေပြီး နှိပ်ပေးပါ။ အဲ့လိုနှိပ်ကွက်

မျက်ကပ်မှန်ကြောင့် ဗက်တီးရီးယား ပိုးဝင်ပြီး မျက်ကြည်လွှာ ဖောက်စားခံရတဲ့ အဖြစ်

ယခုပြောပြမဲ့ အကြောင်းအရာကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့က United States မှာရှိတဲ့ Vita ဆိုတဲ့ မျက်စိအထူးကုန်ဆေးခန်းက ဆရာဝန် Dr. Patrick Vollmer တင်ထားတဲ့ post အကြောင်းပဲဖြစ်ပါတယ်။ မျက်စိလာပြတဲ့ လူနာရင်တစ်ယောက်အကြောင်းဖြစ်ပြီး မျှဝေသူ ၃သိန်းနီးပါရှိခဲ့တာကြောင့် ဒီသတင်းဟာ အွန်လိုင်းမှာ ပျံနှံသွားခဲ့တာဖြစ်ပါတယ်။ အဖြစ်အပျက်ကတော့ မျက်စိလာပြတဲ့ လူနာရှင်ဟာ မျက်ကပ်မှန်တပ်အိပ်တာကြောင့် ဘက်တီးရီးယားပိုးဝင်ပြီး မျက်ကြည်လွှာအတွင်း ပိုးဝင်ခံရတာပဲဖြစ်ပါတယ်။ လူနာရှင်ရဲ့ မျက်ကြည်လွှာဟာ Pseudomonas ဘက်တီးရီးယားပိုးဝင်တာဖြစ်ပြီး မျက်ကြည်လွှာဆုံးရှုံးဖို့အတွက် ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါ့အပြင် အခက်မသင့်ရင် လျင်မြန်စွာ မျက်စိကွယ်နိုင်ပါတယ်။ အဆိုပါ ဘက်တီးရီးယားဟာ မျက်ကြည်လွှာအတွင်းမှာရှိတဲ့ Soupy တွေနဲ့ white necrosis လို့ခေါ်တဲ့

လူတိုင်းဓါတ်ဆားရေသာက်ကြပါတယ် ဓာတ်ဆားရေ သောက်တော့မယ်ဆိုရင် ဒါတွေသတိထား

(ဓာတ်ဆားဆိုတာ ဘာလဲ…ဘာအတွက်သုံးတာလဲ)… ဓာတ်ဆားမှုန့်(Oral Rehydration Salts)ဆိုတာ…ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက်ရေနဲ့ဖျော်သောက်တာပါ…ယခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ရေနဲ့ဆားဓာတ်တွေပြန်လည်ဖြည့်တင်းဖို့အကောင်းဆုံးဆေးမှုံ့ပေါ့… (ဘယ်လိုဓာတ်ဆားသောက်ရင်အကောင်းဆုံးလဲ) မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိုးစုံ…အပြင်ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများ…အများအပြားရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲ…အားလုံးကောင်းကြပါတယ်…အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့…မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ… (ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ) ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး…လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်…ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး… (ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ)… ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို…ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…ဓာတ်ပျယ်သွားတတ်လို့ပါ…ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာမထားသင့်ပါဘူး…ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ… (တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူးလဲ ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်…၂