Category: Knowledge

မီးပျက်ပြီး ပူပြင်းတဲ့ညတွေမှာ ကောင်းမွန်စွာအိပ်ပျော်စေရန် လုပ်သင့်သည်များ

မီးမလာတဲ့နေ့တွေကို ဘယ်လိုကျော်ဖြတ်ရမှာပါလဲကွယ်။ မီးမလာလို့ ဖုန်းအားကုန်၊ ထမင်းဟင်းမချက်နိုင်၊ အဝတ်လျှော် မီးပူတိုက်ဖို့မလုပ်နိုင်၊ အလုပ်တွေလည်း ကောင်းကောင်းလုပ်မရ၊ အဆိုးဆုံးက မီးပျက်တော့ ရေပါမလာ။ နောက်တစ်ခုက အခုလိုပူအိုက်တဲ့ နွေညတွေမှာ မီးမလာပဲ အိပ်ရတာ သိပ်တော့မဟန်ဘူးပေါ့နော်။ အထူးသဖြင့် တိုက်ခန်းတွေနဲ့နေတဲ့သူတွေဆို ပိုဆိုးတာပေါ့။ လေဝင်လေထွက်မရှိ၊ သစ်ပင်ကမရှိ၊ ဘေးပတ်ပတ်လည်ကလည်း တိုက်တွေနဲ့ပိတ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးပျက်တာက မီးအလုပ်၊ အိပ်ပျော်အောင် အိပ်ရမှာက ကိုယ့်အလုပ်။ ဒီတော့ မီးမရှိလည်းပဲ ဦးတို့အိပ်ပျော်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ ညအိပ်ခါနီး ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ လုပ်မယ်ဆိုရင်လည်း အိပ်မယ့်အချိန်နဲ့ ၄နာရီလောက် ခြားပြီးမှ လုပ်ပါ။ ညအိပ်ခါနီး အရက်၊

ကမ္ဘာကျော် ရုပ်​ရှင်​တွေထဲက လူတိုင်းသတိမထားမိလိုက်​တဲ့ ထူးခြားချက်​ များ

ဒါက ရုပ်​ရှင်​စွဲလမ်းသူ​တွေကို စိန်​​ခေါ်လိုက်​သလား​တောင်​ ​ပြောစရာရှိလာပါတယ်​။ စိတ်​ဝင်​စားကြမှာပါ။ သိပ်​​သေချာတာက​တော့ ရုပ်​ရှင်​ဖန်​တီးသူ​တွေ ရဲ့ လှည့်​ကွက်​တစ်​​ကျောမှာ အာရုံစိုက်​သူ​တွေကို ​ကျောသွားနိုင်​တဲ့ အားသာချက်​​တော့ရှိ​ပေမယ့်​ ဦး​နှောက်​လျင်​မလျင်​ စမ်းသပ်​ကြည့်​ရ​အောင်​ပါ။ ရုပ်​ရှင်​တမ်းတမ်းစွဲသူ​တွေရဲ့ အနှစ်​သက်​ခံရဆုံး ရုပ်​ရှင်​ဇာတ်​ကား​တွေထဲက လူတိုင်းသတိမထားမိလိုက်​တဲ့ ထူးခြားအချက်​ ၈ ချက်​ ကို အခု တင်​ဆက်​​ပေးလိုက်​ပါပြီ။ Titanic Titanic မှာ​တော့ ဒါရိုက်​တာကြီး ဂျိမ်းစ်​ကင်​မရွန်းရဲ့ အထူးတလည်​ အ​သေးစိတ်​ ဂရုစိုက်​မှုကို မြင်​ရမှာပါ။ ပုံမြင်​ကြည့်​ရင်​ အစွန်​ဆုံး သ​ဘောင်္​ခေါင်းတိုင်​က မီးခိုးအူမ​နေတာ ​တွေ့ရပါလိမ့်​မယ်​။ ဒါဟာ ရည်​ရွယ်​ချက်​ရှိရှိ ပြင်​ဆင်​ထားခဲ့တာပါ။ အပြင်​က တကယ့်​ တိုင်​တန်းနစ်​ သ​ဘောင်္ကြီးအတိုင်းပါပဲ။ အဲ့ဒီ​ခေါင်းတိုင်​ကြီးက သ​ဘောင်္ကို အလှဆင်​ဖို့သက်​သက်​ တည်​​ဆောက်​ခဲ့ကြတာသာဖြစ်​ပါတယ်​​။ ကင်​မရွန်းက

စားပွဲထိုး၊ ပန်းကန်ဆေး ဘဝတွေကိုဖြတ်သန်းခဲ့ရတဲ့ ယခု နာမည်ကြီး အောင်မြင်နေသူများ

Celebrities တွေဆိုတိုင်းသူတို့ဘဝကို ငယ်ငယ်တည်းက အောင်မြင်လာခဲ့တဲ့သူတွေလို့မထင်လိုက်ပါနဲ့။ လူတိုင်းကတော့ ဘဝမှာ ခက်ခဲ့တဲ့အချိန်အတိုင်းတာ တစ်ခုကို ဖြတ်ကျော်ပြီးမှ အောင်မြင်မှု ပန်းတိုင်နေရာကိုရောက်လာခဲ့ကြတာပါ။ အဲ့လို့ပဲ အခုချိန်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ကြပေမယ့် တစ်ချိန်တုန်းကတော့ သာမန်လူတွေလိုပဲ ဘဝကိုခက်ခဲစွာဖြတ်သန်းလာခဲ့တဲ့သူအချို့ကိုပြောပြချင်ပါတယ်။ 1.Nicki Minaj Nicki ကတော့ Rapper မလေး တစ်ယောက် အဖြစ်မကျော်ကြားခင် အချိန်တုန်းက Red Lobster ဆိုင်မှာ စားပွဲထိုးအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အကုန်လုံးသိထားတဲ့ Nicki ရဲ့ ပေါင်းသင်းဆက်ဆံရေးအရ သူမဟာ အဲ့ဆိုင်မှာ အဆင်မပြေခဲ့ပါဘူး။ သူမကိုယ်တိုင် သူ့ရဲ့ စိတ်မရှည်မှုကြောင့် Customer Service အလုပ်ဟာ သူ့အတွက်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Red Lobster ဆိုင်မှ

လက်ရှိရည်းစားကို အရင်ရည်းစားနဲ့ပတ်သက်ပြီး ပြောပြသင့်တဲ့အကြောင်းအရာများ

လူတိုင်းမှာတော့ ရည်းစားဟောင်းဆိုတာ ရှိတတ်စမြဲပါပဲ။ တစ်ချို့တွေကတော့ အခုလက်ရှိရည်းစားကို အရင်ကရည်းစားဟောင်းအကြောင်းကို မပြောပြပဲဖုံးဖိထားတတ်ကြပါတယ်။ ဒီလိုမလုပ်ပဲ အရင်ရည်းစားနဲ့ပတ်သက်ပြီး အကုန်လုံးတော့မဟုတ်ပေမယ့် သိထားသင့်လောက်တဲ့အရာမျိုးတွေကိုတော့ ပြောပြပေးသင့်ပါတယ်နော်။ ဘယ်လောက်တွဲခဲ့တယ်ဆိုတာ အခုလက်ရှိရည်းစားအနေနဲ့ သင်တို့ဘယ်လောက်ကြာအောင်တွဲလာခဲ့တယ်ဆိုတာမျိုးကို အမှန်တိုင်းသိထားဖို့ကတော့ လိုအပ်တယ်လို့ထင်ပါတယ်။ သူမမေးလဲ ပြောပြထားသင့်တဲ့ အကြောင်းအရာတစ်ခုပေါ့။ ဘယ်လိုအကြောင်းမျိုးကြောင့် လမ်းခွဲခဲ့တာလဲ ပြတ်သွားပြီးတဲ့အချိန်မှာတော့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုတာမျိုးတွေကို ပြောမနေတော့ပဲ လမ်းခွဲဖြစ်ခဲ့တဲ့ ပြဿနာကိုပဲ ပြောပြပေးသင့်ပါတယ်။ ဒါမှလည်း သင်မကြိုက်တာတွေကို သူသိပြီးဆင်ခြင်နိုင်သလောက်ဆင်ခြင်မှာပေါ့။ နာမည်ကလည်း ပြောပြထားသင့်တဲ့အရာပါ ရည်းစားဟောင်းဆိုတာ ဖုန်းကွယ်ထားသင့်တဲ့အရာတော့မဟုတ်ပါဘူး။ ကိုယ့်ဘက်ကစိတ်ရှင်းနေတယ်ဆိုရင်တော့ အခုလက်ရှိရည်းစားကို ရည်းစားဟောင်းနာမည်လေးတော့ ပြောပြထားသင့်တာပေါ့။ ဘယ်လိုတွေ့ခဲ့တာလဲဆိုတာ ဘယ်လိုစပြီး ကြိုက်သွားတယ်ဆိုတဲ့အကြောင်းအရာတွေကလည်း သိထားသင့်တဲ့အရာတွေဖြစ်တာကြောင့် ပြောပြထားဖို့လိုပါတယ်။ ပြောပြတဲ့အချိန်မှာလည်း ကြည်နူးနေတဲ့ပုံစံမျိုးတော့ မဖြစ်စေနဲ့ပေါ့။ စိတ်ဆိုးတာခံရနေအုန်းမယ်။ အခုချိန်ထိအဆက်အသွယ်ရှိနေသေးလား

မျိုးပွားအင်္ဂါနှစ်ခုပါတဲ့ အမျိုးသမီး နဲ့ သူမကိုယ်တိုင်ဖွင့်ချလိုက်တဲ့ ချစ်သူဘဝအတွင်းရေးအွန်လိုင်းမှာ နာမည်ကြီးနေ

အမေရိကန်နိုင်ငံ၊ ဝစ္စကွန်ဆင် ပြည်နယ်မှာနေထိုင်တဲ့ အသက် ( ၂၁ ) နှစ်အတွက် မက်ဒီ ရှုလာ ဟာ မွေးကတည်းက ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပါဝင်လာပါတယ်။ အဲ့ဒါကတော့ သူမမှာ မျိုးပွားအင်္ဂါ ( Reproduction Organ ) နှစ်ခုပါဝင်သလို သားအိမ် ( Uterus ) လည်း နှစ်ခုပါဝင်နေတာပါပဲ။ အဲ့ဒါကိုတော့ ဆရာဝန်တွေက Uterus Didelyphys ( ပုံမှန်မဟုတ်တဲ့ သားအိမ်ဖွံ့ဖြိုးခြင်း ) လို့သမုတ်ပါတယ်။ ပုံမှန်ဆိုရင် သားအိမ်နှစ်ခုပါဝင်တဲ့ လူနာတွေဟာ မျိုးပွားအင်္ဂါတစ်ခုတည်းပါဝင်တာပါ။ ဒါပေမယ့် မက်ဒီ မှာ မအင်္ဂါနှစ်ခုပါဝင်တဲ့အတွက် ထူးခြားတာထက်ပိုပြီး ထူးခြားနေပါတယ်။ မြင်အောင်ပြောရမယ်ဆိုရင် သူမရဲ့ မျိုးပွားအင်္ဂါဟာ

သင့်ကောင်လေး သင့်ကိုပြောပြမှာမဟုတ်တဲ့ လျှို့ဝှက်ချက် (၅)ခု

ယောက်ျားလေးတွေက မိန်းကလေးတွေဆီက ဘယ်လိုအရာတွေမျှော်လင့်လဲ? ယောက်ျားလေးတွေ ဘာကြိုက်တတ်လဲ? ယောက်ျားလေးတွေ စိတ်ဝင်စားအောင် ဘာလုပ်သင့်လဲ? စသဖြင့် ဆယ်ကျော်သက် ကောင်မလေးတွေ စိတ်ဝင်စားတဲ့အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဒီတစ်ခါတော့ ချစ်သူကောင်လေးက သူ့ကောင်မလေးကို ဘယ်တော့မှ ပြောပြမှာ မဟုတ်တဲ့ လျှို့ဝှက်ချက်လေးတွေကို သိချင်မယ်လို့ထင်ပါတယ်။ ၁. သင့်ချစ်သူဖြစ်ရတာကို သဘောကျတယ် မိန်းကလေးအများစုထင်ကြတာက ယောက်ျားလေးတွေက ငပွေးတွေ၊ Single ဘဝနဲ့ အခြေချချင်သူတွေ၊ အထူးသဖြင့် မိန်းမနဲ့ပတ်သက်လာရင် တစ်ယောက်တည်းနဲ့မတင်းတိမ်နိုင်သူတွေရယ်လို့ ထင်ကြပါတယ်။ အဲလိုထင်အောင် တကယ်မကောင်းတဲ့သူတွေကလည်း ရှိကြတာကိုး။ တကယ်တော့ မကောင်းတဲ့သူကတော့ ယောက်ျားလေးရော မိန်းကလေးပါ ရှိတာပဲလေ။ ယောက်ျားအားလုံးမကောင်းဘူးဆိုပြီး ဝါးလုံးရှည်နဲ့ရမ်းလို့တော့မရဘူးပေါ့။ ယောက်ျားတိုင်းက ပွေရှုပ်ပြီး မရင့်ကျက်တဲ့သူတွေမဟုတ်ပါဘူး။ ဒါ့အပြင် ယောက်ျားလေးတွေက မိန်းကလေးတွေထက်တောင်

ယောင်္ကျားလေးတစ်ယောက်ရဲ့စရိုက်အမှန်ကို အကြမ်းဖျင်းဖော်ပြနေတဲ့ ဆံပင်ပုံစံများ

ဆံပင်စတိုင်ဟာ လူတစ်ယောက်အတွက် အရေးကြီးတဲ့ပုံရိပ်ဖြစ်သလို ဒီဆံပင်စတိုင်ကိုရွေးချယ်တဲ့သူရဲ့ အကြောင်းကိုလည်း အကြမ်းဖျင်းဖော်ပြနိုင်ပါသေးတယ်။အကြမ်းဖျင်းခန့်မှန်းထားတာကြောင့် အားလုံးအတွက် တစ်ထစ်ချမှန်မယ်လို့တော့အာမမခံနိုင်ပေမယ့် ပျော်စရာတစ်ခုအနေနဲ့မျှဝေပေးလိုက်ပါတယ်။ ။ 1.Long Hair ဒီလိုဆံရှည်စတိုင်အမျိုးသားတွေဟာ စိတ်ကူးကောင်းသလို ယောင်္ကျားတစ်ယောက်မှာရှိသင့်တဲ့စရိုက်လက္ခဏာတော်တော်များများ ပိုင်ဆိုင်သူပါ။ 2.Short cuts temples & nap ဒီဆံပင်စတိုင်ကတော့ ယောင်္ကျားဆန်တဲ့ရွေးချယ်မှုလို့ဆိုရပေမယ့် ဒီလိုဆံပင်စတိုင်ရွေးချယ်ထားတဲ့ ယောင်္ကျားလေးတွေဟာ မနာလိုသဝန်တိုတတ်ပါတယ်။ပင်ကိုယ်အရည်အချင်းနဲ့ပြည့်စုံပြီး ဟာသညဏ်ရှိသူတွေလည်းဖြစ်ပါတယ်။ 3.No hair at all ဒီလိုဂတုံးကေရွေးချယ်ညှပ်လေ့ရှိသူတွေကတော့ ထက်မြက်ပြီး ဆံပင်မရှိတာကြောင့် စိတ်ရှင်းရှင်းနဲ့တွေဝေခြင်းမရှိ ဆုံးဖြတ်ချက်အမှန်တွေကို ချနိုင်သူတွေဖြစ်ပါတယ်။သူတို့ဟာ သူတို့ရဲ့အပြုံးနဲ့ မိန်းကလေးတွေအာရုံကိုဖမ်းစားနိုင်စွမ်းရှိသလို သစ္စာလည်းအရမ်းရှိကြပါတယ်။အများအားဖြင့် ဒီလိုဆံပင်စတိုင်ကိုတော့ ဆံပင်မွှေးတွေနဲ့ပတ်သက်ပြီး အာရုံနောက်မခံနိုင်သူတွေထားတာများပါတယ်။ 4.Middle Parting ဒီလိုဆံပင်စတိုင်မျိုးကိုတော့ အလုပ်ကြိုးစားပြီး မိမိပန်းတိုင်သို့ရောက်အောင် မရပ်မနားဇွဲနပဲနဲ့ကြိုးစားတတ်သူတွေ ရွေးချယ်လေ့ရှိကြပါတယ်။

အခက်ခဲဆုံးရိုက်ကူးခဲ့ရတဲ့ ကမ္ဘာမှာတပုံထဲသာ ရှိနိုင်တဲ့ ဓာတ်ပုံများ

ဓာတ်ပုံရိုက်တဲ့ပညာဟာ ကတော့တကယ့်ကို ပညာသားပါတဲ့ အနုပညာတခုလို့ပဲ ပြောရမှာပါ။ ကောင်းမွန်ပြီး ပြီးပြည့်စုံတဲ့ ပုံကောင်းတပုံထွက်ဖို့အတွက် အများကြီးလေ့လာရပြီး လွယ်လွယ်ကူကူနဲ့တော့ မရနိုင်ပါဘူး။ ဓာတ်ပုံကို ကြည့်လိုက့်ရတဲ့ သူတွေအတွက်သာ လွယ်ပေမယ့်လည်း တကယ်တမ်းဓာတ်ပုံ တပုံဖြစ်လာဖို့ဖန်တီးဖို့ကတော့ ပညာတွေလေ့လာမှုတွေ ပတ်ဝန်းကျင်တွေ အများကြီးလိုပြီး အခက်ခဲတွေအများကြီး ရှိပါတယ်။ ဒါကြောင့် အခုတခါပြောချင်လွန်းလို့ပေ့ခ်ျက ဖော်ပြပေးချင်တာကတော့ အခက်ခဲဆုံးရိုက်ကူးခဲ့ရတဲ့ ပညာသားပါလွန်းတဲ့ ဓါတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁.ဒီပုံလေးကတော့ ချစ်သူစုံတွဲတွေအတွက် တကယ့်ကို အားကျတဲ့စရာကောင်းပြီး ရိုက်ချင်စရာကောင်းလွန်းတဲ့ ဓာတ်ပုံတပုံ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဓာတ်ပုံလေးရဖို့ ဘယ်လောက်ခက်ခဲလည်းဆိုတာကို တွေးမိကြမှာပါ။ ၂.ခရုနှစ်ကောင်ပုံကို ကြည့်လိုက်ပါက ဖန်တီးပြီးလုပ်ထားတဲ့ ပုံလို့ထင်ကောင်းထင်မိမှာပါ။ ဒါပေမယ့်လည်း တကယ့်ကို ခက်ခက်ခဲခဲနဲ့ အမိအရရိုက်ကူးထားတဲ့ ပုံတပုံဖြစ်ပါတယ်။ ခရုတွေကလည်း

အထီးကျန် အမျိုးသမီးတွေရဲ့ တောင့်တမှုအစစ်ကိုပြောပြလာတဲ့ဘာလီကျွန်းက ကိုယ်ရံတော်

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ နိုင်ငံတကာက အမျိုးသမီးခရီးသွားတွေအကြားရေပန်းစားနေတဲ့ အမျိုးသားတစ်ယောက်ရှိတယ်။ သူကတော့ သူ့ကိုယ်သူ Bali Boyfriend လို့ခေါ်ပါတယ်။ သူအရမ်းနာမည်ကြီးနေတဲ့အချက်က သူဟာ အထီးကျန်နေတဲ့အမျိုးသမီးတွေကို အကောင်းဆုံးအဖော်လုပ်ပေးနိုင်တဲ့အချက်ပါ။ အဖော်လုပ်ပေးတယ်ဆိုတဲ့နေရာမှာ sex ကိစ္စတင်မဟုတ်ပဲ အမျိုးသမီး နဲ့အတူ ကျွန်းကို လျှောက်လည်တာ၊ နေဝင်ချိန်ရှုခင်းအတူတူကြည့်တာ၊ ညစာအတူတူစားတာတွေနဲ့ သူမကျွန်းပေါ်မှာရှိနေတဲ့အချိန်တောက်လျှောက် ချစ်သူတစ်ဦးလိုအဖော်ပြုပေးတာတွေ ပါဝင်ပါတယ်။ သူ့နာမည်က Steve ပါ။သူ့ကို bodyguard အဖြစ်ဌားရမ်းကြသူတွေကတော့ အများအားဖြင့် အမျိုးသမီးတွေဖြစ်ကြပြီး ၃၅ ကနေ ၄၀ ကြားအရွယ်တွေများပါတယ်။ နောက်ပြီး အမျိုးသမီးတွေဟာ လိင်ကိစ္စထက်စာရင် အပေါ်မှာ ပြောပြခဲ့တဲ့အရာတွေကို ပိုပြီးတောင့်တတတ်ကြတယ်တဲ့။ သြစတေးလျန်း၊ ကိုရီးယန်း၊ ဂျပန် နဲ့ အနောက်နိုင်ငံသူတွေက သူ့ကိုဌားရမ်းကြတယ်။ အဲ့ဒီအတွက်

ဘယ်တော့မှ စိတ်ချမ်းသာမှုရှိမှာမဟုတ်တဲ့ Relationship ပြဿနာ (၉)မျိုး

Relationship တစ်ခု ခိုင်မြဲပြီး သစ္စာရှိဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်ပေးရုံတင်မကဘဲ စဉ်းစားတွေးခေါ်နိုင်စွမ်းလည်း လိုအပ်ပါတယ်။ တကယ်လို့ သင်ဟာ ပြသာနာတစ်ခုခုကို စိတ်ခံစားချက်အတိုင်း ဖြေရှင်းမယ် အရှေ့အနောက်စဉ်းစားမှုမရှိဘူးဆိုရင် ကောင်းမွန်တဲ့ အဖြေတစ်ခုတစ်ခု ထွက်မလာဘဲ ပြသာနာတွေသာ တိုးပွားလာနိုင်ပါတယ်။ တကယ်တော့ ခိုင်မာတဲ့ Relationship ဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုပေးပြီး လေးစားမှုရှိရပါတယ်။ မကြာခဏ ပြသာနာတွေတက်၊ စကားများနေတဲ့ဆက်ဆံရေးဟာ ရေရှည်ဆို ကိုယ့်ကိုပဲထိခိုက်စေပါတယ်။ ၁။ သူငယ်ချင်းတွေနဲ့အပြင်သွားရင် မလွှတ်ဘူး သူငယ်ချင်းတွေနဲ့ တွေ့ရင်လည်း တွေ့ပြန်ပြီ၊ ခဏတဖြုတ် အလည်သွားရင်လည်း သွားပြန်ပြီဆိုပြီး ပြသာနာရှာတတ်တဲ့ Relationship တွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူပါမှ သွားရမယ်ဆိုပြီး ဘေးကနေ အမြဲတမ်းတကောက်ကောက်