Category: News

ရန်ကုန်လေဆိပ်မှာ လေယာဉ်ပြေးလမ်းချော်ပြီးထိခိုက်မှု ခရီးသည် ၂၇ ဦးခန့်ထိခိုက်မှုရှိ

ရန်ကုန် မေ ၈။ ။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ လေယာဉ်ပြေးလမ်းချော်ပြီး ပျက်စီးမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည်တွေ ထဲက ခရီးသည် ၂၇ ဦး ထိခိုက်မှု ရှိပြီး လက်ရှိမှာ ထိခိုက်မိသူ ၁၀ ဦးကျော်ကို မြောက်ဥက္ကလာ ဆေးရုံးကြီးကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အခင်းဖြစ်စဉ်မှာကူညီပေးနေတဲ့K ambulance လူမှု ကူညီရေး အသင်းက ကိုမင်းသီဟ က “ထိခိုက်မိသူ ၂ရဦးဆိုပဲ သိရတယ်၊ဆယ်ယောက်ကျော်လောတယ်ဆို မသိသေးဘူး ၊ ကူညီရေး ကားတွေ အများကြီး ရောက်နေပြီ၊ ဆေးရုံပို့တဲ့သူကလည်း ဆယ်ယောက်ကျော်လောက်တော့ ရှိနိုင်ပြီ၊ ရှုပ်ရှက်ခတ်နေလို့ အတိအကျ မသိရသေးတာပါ ” လို့ပြောပါတယ်။ ပြေးလမ်းချော်ပြီး ပျက်စီးတဲ့

လေးလောင်းပြိုင်လူသတ်မှုတရားခံ ရုတ်တရက် သေဆုံးရခြင်းအကြောင်း

တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှု၏ အဓိက တရားခံအဖြစ်စစ်ဆေးဖမ်းဆီးခံထားရသော ဦးတင်အုန်းသည် မေလ၄ရက်နေ့လည် ၁၂နာရီခန့်က ကျန်းမာရေးအခြေအနေကြောင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။ ” ကျန်းမာရေးက သူ့မှာ ဆီးချို ရှိတယ်။ ဂေါက်ရှိတယ်လို့သိရတယ်။ အချုပ်မှာ ကျန်းမာရေးဖောက်လာလို့ ဆေးရုံပို့တာ ဆေးရုံရောက်ချိန်မှာ သေဆုံးတယ်လို့ပဲသိရသေးတယ်။ အသေးစိတ်ကို ညနေလောက်မှထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။ လက်ရှိအချိန်တွင် ဦးတင်အုန်းနှင့်အတူ ပူးပေါင်း၍ပြစ်မှုကျူးလွန်သူ တစ်ဦး လွတ်မြောက်နေစဲဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၌ ဧပြီလ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုအား ကျူးလွန်သူ တင်အုန်းသည် ယနေ့ မေလ ၄ ရက်၊ နေ့လယ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း

Endgame ကြည့်ပြီး ရုံအပြင်မှာ အော်ကြီးဟစ်ကျယ် spoil ခဲ့တဲ့လူကို ပရိသတ်တချို့က ဝိုင်းသမခဲ့

မာဗယ်ရဲ့ပရိသတ်တွေ တစ်နှစ်တာလုံး စောင့်ဆိုင်းလာရတဲ့ Avengers: Endgame ကို ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ကတည်းက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ရုံတင်ပြသနေပါပြီ။ ကြိုတင်လက်မှတ်ရောင်းချချိန်ကလည်း အလုအယက်ဝယ်ယူခဲ့ကြတဲ့ ရုပ်ရှင်ကို ဘယ်သူကမှတော့ spoil မမိချင်တာ သေချာပါတယ်။ အဲဒါကြောင့် ကြည့်ပြီးတဲ့သူတွေအနေနဲ့ spoil မလုပ်ကြဖို့ မာဗယ်ကရော ပရိသတ်တွေကပါ လူမှုကွန်ယက်စာမျက်နှာတွေက တဆင့် မေတ္တာရပ်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ ဟောင်ကောင်မှာတော့ ရုပ်ရှင်ကြည့်ပြီးထွက်လာတဲ့ လူတစ်ယာက် ဟာ ရုပ်ရှင်ရုံအပြင်ဘက်မှာ ဇာတ်လမ်းအကြောင်းကို အော်ကြီးဟစ်ကျယ်လျှောက်ပြောခဲ့တာကြောင့် ပရိသတ် တချို့က ဝိုင်းသမတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ AsiaOne သတင်းဌာနက ဖော်ပြထားတဲ့ ဓာတ်ပုံမှာတော့ ဝိုင်းသမခံလိုက်ရတဲ့ အဲဒီလူဟာ သွေးစသွေးနတွေ ပျံ့ကြဲနေတဲ့ သံမန်တလင်းပေါ်မှာ

ခြေထောက်တစ်ဖက်ကို မလွှတ်တမ်း အရိုးကျိုးအထိပတ်ထားတဲ့မြွေရဲ့ လက်ထဲကနေ သူငယ်ချင်းဖြစ်သူကို ကယ်ထုတ်နေတဲ့ဗီဒီယိုဖိုင်

ချစ်ပရိတ်သတ်ကြီးရေ…. မြွေဆိုတဲ့ သတ္တဝါဟာ အင်မတန် ကြောက်စရာကောင်ပြီး အညှိုးကြီးတတ်တဲ့ တိရိစ္ဆာန်တစ်မျိုးဆိုတာပရိတ်သတ်ကြီးလည်းသိပြီးသားပါနော်။ ထင်သလောက်မဆိုးတဲ့မြွေအမျိုးအစားတွေလည်းရှိသလို သူ့ကိုမထိလိုက်နဲ့ ထိလိုက်တဲ့သူကို မသေမချင်းနည်းအမျိုးမျိုးနဲ့သတ်တတ်တဲ့မြွေဆိုးတွေလည်းရှိပါတယ်နော်။ ကြောက်စရာအကောင်းဆုံးကတော့ အကောင်သေးပြီးလက်သံပြောင်တဲ့မြွေမျိုးတွေပါ။ တွေ့တာနဲ့ဝေးဝေးရှောင်သင့်တဲ့ တိရိစ္ဆာန်ပေါ့။ ဒီတစ်ခုကတော့ စပါးကြီး စပါးအုန်းမြွေတွေထဲမှာဆိုရင် အကောင်သိပ်မကြီးသေးတဲ့ အလတ်စားမြွေတစ်ကောင်ကြောင့် ဒူးနဲ့ ပေါင်ရိုးကျိုးရမယ့်အဖြစ်ကနေ ကံကြီးစွာပဲလွတ်မြောက်ခဲ့တဲ့ အကြောင်းကို ဗီဒီယိုဖိုင်လေးနဲ့တစ်ကွ ဗဟုသုတဖြစ်ဖွယ်ပြောပြမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးထဲမှာဆိုရင် စပါးအုံးတွေထဲမှာ မကြီးမသေး အလတ်စားသာသာရှိတဲ့ မြွေတစ်ကောင်ဟာ ရေကန်ထဲဆင်းပြီး ငါးပက်နေတဲ့လူငယ်လေးရဲ့ ခြေထောက်ကို အရိုးကျိုးကျေတဲ့အထိရစ်ပတ်ပြီး ရေထဲဆွဲနှစ်ထားလိုက်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ စပါးအုံးဆိုတာသိတဲ့အတိုင်းပဲ အဆိပ်မရှိပေမယ့် ညှစ်အားကတော့ရှယ်ကောင်းတဲ့ အကောင်မျိုးဆိုတော့ လူငယ်လေးကတော့ တကယ်ကိုမစားသာပဲ မချိမဆံ့ခံစားနေခဲ့ရပါတယ်။ ဒါကိုသူငယ်ချင်းဖြစ်သူက မြွေအကြောင်းနားလည်ပုံရပြီး တင်းတင်ကျပ်ကျပ်ပတ်ထားတဲ့ မြွေရဲ့အမြီးထိပ်ကအရိုးကို ကိုက်ချိုးပြီးအားလျော့အောင်လုပ်ကာ ပတ်ထားတဲ့မြွေကို အတင်းဆွဲဖယ်ပစ်ခဲ့ရပါတယ်။ အပတ်ခံရတဲ့လူငယ်လေးကလည်း

မင်္ဂလာပွဲမှာ သတို့သမီးလိုဝတ်ပြီး ချစ်သူကိုလာပြန်လုတဲ့ ရည်းစားဟောင်း (ရုပ်သံ)

တရုပ်နိုင်ငံက မင်္ဂလာဆောင်ပွဲ တစ်ခုမှာ သတို့သမီးနဲ့ သတို့သားတို့ မင်္ဂလာယူနေချိန်၊ အခမ်းအနားမှူးကလည်း သြဘာစာဖတ်ပြီး သူတို့နှစ်ဦး မင်းပရိသတ်အပေါင်းတို့ရဲ့ ရှေ့မှာ အကြင်လင်မယားမြောက်ကြောင်း အနမ်းခြွေရတော့မယ့် အချိန်မှာ သတို့သမီးလို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦး စင်ပေါ်ကို တက်လာတာကြောင့် အားလုံး အံ့အားသင့်ခဲ့ကြရပါတယ်။ အဆိုပါအဖြစ်ပျက် ရုပ်သံဟာ တရုပ်လူမှုကွန်ယက် မီဒီယာပေါ်မှာ လျှပ်စီးလက်သလို ချက်ခြင်းပျံ့နှံ့သွားခဲ့ပါတယ်။ ရုပ်သံမှာတော့ အမျိုးသမီးဟာ စင်ပေါ်တက်လာပြီး သတို့သားရဲ့လက်ကို အတင်းဆွဲကာ တောင်းပန်နေပါတယ်။ သတို့သားက ပြန်ရုန်းပြီး သူ့ရဲ့မင်္ဂလာသတို့သမီးနားမှာ သွားပြန်ရပ်နေပါတယ်။ မင်္ဂလာသတို့သမီးကတော့ မျက်နှာပျက်နေပါပြီ။ နောက်ဆုံးမှာ ရှက်စိတ်နဲ့ သတို့သမီးဟာ စင်ပေါ်ကနေ ထွက်သွားပါတယ်။ သတို့သားကို အမျိုးသမီးက ဆွဲထားပေမယ့် တွန်းဖယ်ပြီး မင်္ဂလာသတို့သမီးနောက် လိုက်သွားတာကို

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှာ မတ်လ ၁၉ ရက်နဲ့ မတ်လ ၂၃ ရက်တို့မှာ အချိန်ပိုင်းမီးပြတ်မည်

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှာ မတ်လ ၁၉ ရက်နဲ့ မတ်လ ၂၃ ရက်တို့မှာ အချိန်ပိုင်းမီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာလိုက်ပါတယ်။ ကမာရွတ်၊ လမ်းမတော်၊ ကြည့်မြင့်တိုင်၊ ဗဟန်း၊အလုံ၊စမ်းချောင်၊လှိုင်၊ရန်ကင်း၊တာမွေ၊ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွေက ရပ်ကွက်အချို့မှာ အဆိုပါ ရက်တွေမှာ မနက် ၉ နာရီကနေ နေ့လယ် ၁၂ နာရီအထိ အချိန်ပိုင်းဓာတ်အားပြတ်တောက်မှုအနည်းငယ်ရှိနိုင်တယ်ဆိုပြီး ကြေညာထားတာပါ။ ခရိုင်နဲ့ မြို့နယ်တွေက ၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံတွေ ၊Distribution Transformer တွေကို ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ၊ ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ဖို့အတွက် ဟောင်းနွမ်းပြီး ဝန်အားမနိုင်တော့တဲ့ (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုတွေကို

သင်အံ့သြသွားစေမယ့် ရွှေတိဂုံစေတီတော်ရဲ့ ဘဏ္ဍာငွေ ရရှိမှု

မြန်မာတစ်နိုင်ငံလုံးမှ ဘုရားဖူးဧည့်သည်များသာမက ကမ္ဘာလှည့်ခရီးသွားများပါ နေ့စဉ်လာရောက်မှုများသည့် ရွှေတိဂုံစေတီတော်တွင် လက်ရှိဘဏ္ဍာတော်ငွေမှာ ကျပ်သန်းပေါင်း ၇၈,ဝဝဝ ကျော်(၇၈,၆၉၁ သန်း)နှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ ဒဿမ ၉ သန်းရှိကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရသည်။အဆိုပါ ဘဏ္ဍာငွေပမာဏမှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၈ ရက်နေ့အထိ စာရင်းချုပ်ထားသည့် ငွေပမာဏ ဖြစ်ကြောင်း သိရသည်။ ” ဘဏ္ဍာတော်ငွေနဲ့ ပတ်သက်လို့လည်း ကျွန်တော်တို့ စည်းကမ်းတကျဆောင်ရွက်ထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ အတိုချုံးရှင်းပြရမယ်ဆိုရင်တော့ နှစ်အလိုက် ရသုံးမှန်းခြေငွေစာရင်းရေးဆွဲပါတယ်။ ရသမျှ ငွေသိမ်း၊ သုံးစရာရှိတာ ထုတ်သုံးတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရင် ၂ဝ၁၈၊ ၂ဝ၁၇၊ ၂ဝ၁၆ တုန်းက

ရန်ကုန်တစ်မြို့လုံးပတ်ပြီး လိမ်နေတဲ့ ဂျင်းဒိန်ချဉ်သည် ( သတိထားလို့ရအောင်ရှဲပေးပါ )

ဒီပို့စ်ကတော့ စမ်းချောင်းမြို့နယ်မှာနေတဲ့သူတစ်ယောက်တင်ထားတဲ့ပို့စ်ပါ။ ပို့စ်မှာ ရေးထားတဲ့ပုံအရ အဲဒီဒိန်ချဉ်သည်အနေနဲ့ ဒီလိုမျိုးလုပ်စားနေတာ ၁၅ နှစ်လောက်ရှိပြီး မြို့နယ်အစုံမှာလိုက်လိမ်နေတယ်လို့သိရပါတယ်။ ဘာကြောင့်တိုင်တာတောတာမလုပ်လဲဆိုတော့ သူလိမ်တဲ့ပမာဏကလည်း ရဲစခန်းတိုင်ရလောက်အောင် များတဲ့ပမာဏမဟုတ်တော့ အလုပ်ရှုပ်ခံပြီးမတိုင်ကြတာလည်း ပါပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် တာဝန်ရှိတဲ့အတိုင်း အားလုံးသတိထားလို့ရအောင် တင်ပေးလိုက်ပါတယ်။ ဒီနေ့ဒိန်ချဉ်အော်သံကြားလို့ အိမ်ကကောင်မလေးကို ၄ ခွက်ဆင်းဝယ်ခိုင်းပါတယ်။ မလိုင်ထည့်မလားမေးလို့ ဒိန်ချဉ်ပါဆိုမှ မလိုင်ထည့်မှာပေါ့ လို့ပြန်ပြောလိုက်တယ်။ အဲ့မှာ ဂျင်းမိတာပါ။ မလိုင်တစ်ခွက် ၃ ထောင် ဒိန်ချဉ် ၇၀၀ စုစုပေါင်းလေးခွက် ၁၈၄၀၀ တဲ့။ ဈေးလုံးဝမပြောပဲ ရှင်းခါနီးမှတောင်းတာပါ။ ကြုံသလိုအမြဲသောက်နေကျ။ တစ်ခါမှ အဲ့သလိုမကြားဖူးပါဘူး။ အဲ့တော့ ကိုယ်တိုင်ဆင်းသွားပြီး ကောင်းကောင်းပြောပေးလိုက်တယ်။ သူတို့လိမ်စားတာခံလိုက်ရတယ်ထင်မှာစိုးလို့ သေသေချာချာပြောပစ်တာ။ ပထမတော့ ဗြူးဗြဲလုပ်သေးတာ။ ကိုယ်ကချက်နဲ့လက်နဲ့မေးတော့မှ

အခိုးခံလိုက်ရတဲ့ ၂လခွဲသားကလေးငယ်တစ်ဦး ပြန်လည်တွေ့ရှိ

မတ်လ ၁၃ ရက်နေ့က အခိုးခံလိုက်ရတဲ့ ၂ လခွဲအရွယ် ကလေးငယ်တစ်ဦးရဲ့ သတင်းကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ မိုးကုတ်မြို့နေအိမ်မှ မနက် ၉နာရီအချိန်ခန့်က အခိုးခံလိုက်ရတာဖြစ်ပြီး ကလေးငယ်ရဲ့ ဂုတ်မှာ အနီရောင်အမှတ်သားတစ်ခုပါရှိကြောင်း မိဘများက သက်ဆိုင်ရာကို တန်းခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်လေးကို မိုးကုတ်ရဲစခန်းမှူးနှင့်တကွ ရဲတပ်သားများ သက်ဆိုင်ရာဆွေမျိုးများရဲ့ ဝိုင်းဝန်းရှာဖွေမှုကြောင့် ဒီကနေ့ မတ်လ ၁၄ရက်နေ့ မကြာသေးမီလောက်က ပြန်လည်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ကလေးငယ်လေးကတော့ ကလေးခိုးသူရဲ့ အိပ်ဆေးတိုက်ထားမှုကြောင့် မနှိုးသေးပဲ အိပ်မောကြနေကြောင်း တွေ့ရပါတယ်။ သားသမီးကို ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ဝမ်းနည်းမျက်ရည်တွေနဲ့အတူပျော်ရွှင်ခဲ့တဲ့ မိဘနှစ်ပါးရဲ့ ဖြစ်စဉ်ကိုတော့ ပရိသတ်တွေလည်းတွေ့ရှိမှာပဲဖြစ်ပါတယ်။ ကျေးဇူးရှိသော ရဲမှူးကြီးကိုလည်း ကိုယ်တိုင်လက်အုပ်ချီကန့်တော့ခဲ့ကြတာလည်းတွေ့ရပါတယ်။

မြန်မာ့တေးဂီတကို လက်သံပြောင်ပြောင်တီးပြခဲ့တဲ့ ဆယ်နှစ်ဝန်းကျင့်ကလေးငယ်လေးများ

တိမ်ကောပျောက်လုနီးပါးရှိနေတဲ့ မြန်မာ့ရိုးရာတေးဂီတတွေကို ပြည်တွင်း ပရိသတ်တွေလည်း ကြားနိုင်ဖို့မလွယ်ကူတော့ပါဘူး။ ခေတ်ရေစီးကြောင်းနဲ့ လိုက်ကာ ရိုးရာအငြိမ့်ပွဲတွေမှာတောင် သမိုင်းဖော် ပြဇာတ်တွေထက် ခေတ်ပေါ် အလန်းလေးတွေကိုပဲ နေ့စဉ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ အဆိုပါ ခေတ်ပေါ်လောကကြီးမှာ မြန်မာတူရီယာတွေကို တီးခတ်နေတဲ့ ဆယ်နှစ်ဝန်းကျင် ကလေးငယ်တွေရဲ့ ဗီဒီယိုဖိုင်လေးကတော့ ပရိသတ်တွေကြားမှာရေပန်းစားခဲ့တာတွေ့ရပါတယ်။ အဆိုပါ ကလေးငယ်လေးတွေကတော့ အင်းတော် လက်ပန်ကုန်းရွာ မှ ကလေးငယ်လေးတွေဖြစ်ပြီး စည်တော်ပင့်ဆောင်ပွဲမှာ တီးခတ်ပြခဲ့တဲ့ မြန်မာ့တေးဂီတစစ်စစ်တွေပဲဖြစ်ပါတယ်။ ၎င်းပွဲလေးကိုတော့ မတ်လ ၉ရက်နေ့ မကြာသေးမီကပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိကြည့်ရှု့သူပေါင်း သိန်းချီရှိခဲ့ပြီပဲဖြစ်ပါတယ်။ အဖွဲ့ညီညီတီးခတ်ခဲ့ကြတဲ့ မြန်မာ့ရိုးရာတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လာရောက်တဲ့ ဧည့်ပရိသတ်တွေကိုလည်း ကျေနပ်ပီတိဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ မြန်မာ့ရိုးရာဂီတကို ထိန်းသိမ်းစောင့်ရှောက်ရင်း မကြာသေးမီကတီးခတ်ခဲ့ကြတဲ့ ဆယ်နှစ်ဝန်းကျင်ကလေးငယ်တွေရဲ့ မြန်မာ့တီးဝိုင်းဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတ်ွကမျှဝေပေးလိုက်ပါတယ်။ myanmarload