Day: May 10, 2019

ပျိုမေတို့ တစ်လတစ်ခါကြုံတွေ့ရတဲ့ စိတ်ဓာတ်ကျဆင်းမှုဝေဒနာကို ဘယ်လိုရင်ဆိုင်မလဲ?

အမျိုးသမီးတွေဟာ လစဉ် ဓမ္မတာလာချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာကိုရော စိတ်ပိုင်းဆိုင်ရာ ဝေဒနာကိုပါ ခံစားကြရပါတယ်။ ဓမ္မတာလာခါနီး ရက်ပိုင်းအလိုမှာကတည်းက ဝေဒနာတချို့ကို စတင်ခံစားကြရတာပါ။ အဲဒါလို ဓမ္မတာအကြိုဝေဒနာလက္ခဏာရပ် Premenstrual Syndrome (PMS) လို့ ခေါ်ဝေါ်ပါတယ်။ အဲဒီလို လက္ခဏာရပ်တွေထဲမှာ စိတ်တိုခြင်း၊ စိတ်အလိုမကျခြင်းနဲ့ ဝမ်းနည်းခြင်းတို့ ပါဝင်ပါတယ်။ စိတ်ဖိအားများခြင်းနဲ့ စိတ်ဓာတ်ကျဆင်းခြင်းတို့လို စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေ ဖြစ်ပေါ်တာကိုတော့ Premenstrual Dysphoric Disorder (PMDD) လို့ ခေါ်ပါတယ်။ ဓမ္မတာမလာခင်ကတည်းက ကြိုတင်ကြုံတွေ့ရတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေက ဘာတွေလဲ? စိတ်ဖိအားများခြင်း၊ အလိုလို စိတ်ဓာတ်ကျဆင်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ အလိုလို ဒေါသထွက်ခြင်း၊ သတိမေ့ခြင်း၊ အလိုလို ငိုချင်စိတ်ပေါက်ခြင်း၊ အအိပ်လွန်ကဲခြင်း

ဇနီးဖြစ်သူဟာ မယားငယ်မဟုတ်ကြောင်း တုန့်ပြန်ဖြေရှင်းလိုက်တဲ့ ကိုဥက္ကာကျော်

တစ်ချိန်က အနုပညာလောကထဲဝယ် ကျန်းမာသန်းစွမ်းပြီးလှပတဲ့ဆံပင်ရှည်ကြီးနဲ့ ပရိသတ်ရဲ့အမြင်အာရုံတွေကိုဖမ်းစားခဲ့တဲ့ ဆုပန်ထွာဟာဆိုရင် မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ် နာမည်ကြီးအောင်မြင်ကျော်ကြားခဲ့ပြီး လက်ရှိအချိန်ထိ ပရိသတ်တွေကချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် သီချင်းတွေဆိုရတာကိုလဲ ၀ါသနာပါသူမို့ တေးစီးရီးတွေလဲ ထွက်ရှိထားပါသေးတယ်။ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားပြီး အေးချမ်းပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ဆုပန်ထွာကတော့ ရုပ်ရှင်တွေ၊ ကြော်ငြာတွေရိုက်ကူးရင်း ရှိုးပွဲတွေလိုက်လံဖျော်ဖြေရင်းနဲ့ သူမချစ်တဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဆုပန်ထွာကတော့ စိတ်ရင်းစိတ်ထားကောင်းသူပီပီ အလှူရေစက်လက်နဲ့မကွာအောင် ကုသိုလ်ရေးပိုင်းမှာလည်း အမြဲသဒ္ဒါထက်သန်သူဖြစ်ပါတယ်။ သူမတည်ဆောက်ထားတဲ့မိသားစုဘ၀လေးထဲမှာ ပျော်ရွှင်စွာနေထိုင်ရင်း အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်နေပေမယ့် ဝေဖန်သူတစ်ချို့ရဲ့တိုက်ခိုက်မှုတွေကို ခံလာရပါတယ်။ အဲ့တာကတော့ ဆုပန်ထွာကို သူမရဲ့မိသားစုဘ၀လေးနဲ့ပတ်သက်ပြီး မယားငယ်ဆိုကာ ဝေဖန်တိုက်ခိုက်သူတွေရှိလို့နေပါတယ်။ ထိုဝေန်မှုတွေကြောင့် ခင်ပွန်းဖြစ်သူကိုဥက္ကာကျော်က ဆုပန်ထွာဟာ မယားငယ်မဟုတ်ကြောင်းနဲ့ တရားဝင်လက်ထပ်ယူထားတဲ့ ဇနီးမယားသာဖြစ်ကြောင်း ဝေဖန်တိုက်ခိုက်နေမှုတွေအပေါ် တုန့်ပြန်ဖြေရှင်းလိုက်ပါတယ်။ ဝေဖန်မှုတွေအပေါ် ကိုဥက္ကာကျော်ဖြေရှင်းလိုက်တာကတော့ “ဒီမိသားစုလေး ဒီအခြေအနေရောက်ဖို့အတွက်

ကြောက်ဖို့ ကောင်းတဲ့ အမွှေးတိုင် အန္တရာယ် အကြောင်း သိကောင်းစရာ…!

အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ် ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာဖြစ်နိုင် ။ ဟိန္ဒူ ဘာသာရေး ပွဲတော် များတွင် အသုံးများသော အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များသည် ဆေးလိပ်ငွေ့ထက် အန္တရာယ် ပိုများပြီး ကင်ဆာ ဖြစ်ပွား နိုင်ကြောင်း လေ့လာမှု တစ်ရပ်က ဖော်ပြသည် ။ အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် ကင်ဆာ ဖြစ်နိုင်သည့် အဆိပ်အတောက်များ ပါဝင်ကြောင်း တရုတ် သုတေသီ များ၏ လေ့လာမှု အရ သိရသည် ။ အမွှေးတိုင်မှ ထွက်သော အခိုးအငွေ့ များတွင် အဆိပ် ရှိသော

မီးပျက်ပြီး ပူပြင်းတဲ့ညတွေမှာ ကောင်းမွန်စွာအိပ်ပျော်စေရန် လုပ်သင့်သည်များ

မီးမလာတဲ့နေ့တွေကို ဘယ်လိုကျော်ဖြတ်ရမှာပါလဲကွယ်။ မီးမလာလို့ ဖုန်းအားကုန်၊ ထမင်းဟင်းမချက်နိုင်၊ အဝတ်လျှော် မီးပူတိုက်ဖို့မလုပ်နိုင်၊ အလုပ်တွေလည်း ကောင်းကောင်းလုပ်မရ၊ အဆိုးဆုံးက မီးပျက်တော့ ရေပါမလာ။ နောက်တစ်ခုက အခုလိုပူအိုက်တဲ့ နွေညတွေမှာ မီးမလာပဲ အိပ်ရတာ သိပ်တော့မဟန်ဘူးပေါ့နော်။ အထူးသဖြင့် တိုက်ခန်းတွေနဲ့နေတဲ့သူတွေဆို ပိုဆိုးတာပေါ့။ လေဝင်လေထွက်မရှိ၊ သစ်ပင်ကမရှိ၊ ဘေးပတ်ပတ်လည်ကလည်း တိုက်တွေနဲ့ပိတ်။ ဘယ်လိုပဲဖြစ်ဖြစ် မီးပျက်တာက မီးအလုပ်၊ အိပ်ပျော်အောင် အိပ်ရမှာက ကိုယ့်အလုပ်။ ဒီတော့ မီးမရှိလည်းပဲ ဦးတို့အိပ်ပျော်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။ ညအိပ်ခါနီး ချွေးထွက်စေတဲ့ လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပါတယ်။ လုပ်မယ်ဆိုရင်လည်း အိပ်မယ့်အချိန်နဲ့ ၄နာရီလောက် ခြားပြီးမှ လုပ်ပါ။ ညအိပ်ခါနီး အရက်၊

မိန်းမချောလေးတွေလို့ ထင်မှတ်ရလောက်အောင် အရမ်းကိုလှနေတဲ့ လေဒီဘွိုင်း ၁၀ ယောက်

သင်ဟာ ထိုအလှပဂေးတွေကို သူတို့ရဲ့ အလှမယ်ဘွဲ့ထူးဂုဏ်ထူးများကြောင့်လည်းကောင်း အောင်မြင်သော မော်ဒယ်လ်များအဖြစ်လည်းကောင်း၊ လူမှုကွန်ရက် မီဒီယာများမှတဆင့်လည်းကောင်း သိနိုင်ပါတယ်။ သူတို့တတွေဟာ လိင်အဂါင်္ပြောင်းလဲထားသူတွေဖြစ်ပြီး ထိုင်းနိုင်ငံတွင် ရေပန်းစားနေကြသူများလည်း ဖြစ်ပါတယ် ၁၀။ Chalisa Rose Yuemchai Chalisa Rose Yuemchai ကတော့ အကျိုးအမြတ် အမေရိကန်ဒေါ်လာ ၁၀၇သန်းရရှိခဲ့သော Lost in Thailand တရုတ်ဟာသကားတွင် အရံသရုပ်ဆောင်အဖြစ်ပါဝင်ပြီးနောက် ကျော်ကြားလာခဲ့ခြင်းဖြစ်ပါတယ်။ Rose ဟာ မန်ဒရင်း တရုတ်ဘာသာစကားကို ကောင်းကောင်း ပြောဆိုနိုင်ခြင်းကြောင့် ပရိသတ်တွေ အံ့သြခဲ့ရပါတယ်။ ထိုနောက်မှာတော့ သူမမှာ တရုတ်လူမျိုး ပရိသတ်များ ခိုင်မာစွာ ရရှိခဲ့ပါတယ်။ ၉။ Patta Nadia Wiruntanaki Nadia