ဂေါက်ရိုက်ပြိုင်ပွဲမှာ လေးကြိမ်မြောက်ဆုကြီးကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့ ပြေတီဦး

အကယ်ဒမီဆုများရှင် သရုပ်ဆောင် မင်းသားချော ပြေတီဦးကတော့ တစ်နိုင်ငံလုံးကချစ်ရတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာ နာမည်တစ်လုံးနဲ့ ရပ်တည်အောင်မြင်လာခဲ့တဲ့ ပြေတီဦးက သရုပ်ဆောင် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ ချစ်ခင်ပွန်းလည်း ဖြစ်ပါတယ်။ ပြေတီဦးက သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက် ဖြစ်ပါတယ်။ သားတစ်ယောက်၊ သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ပြေတီဦးက သာယာအေးချမ်းတဲ့မျသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြေတီဦးက ”အသည်းကွဲသာဓု” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါတယ်။ အားလပ်ချိန်လေးတိုင်းမှာ ဂေါက်ရိုက်တဲ့အားကစားနဲ့ အပန်းဖြေလေ့ရှိတဲ့ ပြေတီဦးက ဂေါက်ရိုက်ပြိုင်ပွဲတွေမှာလည်း ပါဝင်ယှဉ်ပြိုင်လေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း ပြေတီဦးက ဂေါက်ရိုက်ပြိုင်ပွဲမှာ ဆုတစ်ဆုကို နောက်တစ်ကြိမ် ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။

မေသဉ္ဇာဦး ရဲ့ ခမ်းနားလှတဲ့ အိမ်သစ်တက်ပွဲ ကို သွားခဲ့တဲ့ လင်းဇာနည်ဇော်

သရုပ်ဆောင် လင်းဇာနည်ဇော် ဟာဆိုရင်ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်ဝါရင့်အနုပညာရှင်တစ်ဦးပါ။ သူမ ကခုအချိန်ထိနုပျိုလှပနေဆဲဖြစ်ပြီး သူမသရုပ်ဆောင်ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာ ရှိတာကြောင့် ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားသူပါ။ ဒီတစ်ခါမှာတော့ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေ အတွက် သရုပ်ဆောင် လင်းဇာနည်ဇော် က မေသဉ္ဇာဦး ရဲ့ ကြီးကျယ် ခမ်းနားတဲ့ အိမ်းသစ် တက်ပွဲကို တက်ရောက်ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ လင်းဇာနည်ဇော် က သရုပ်ဆောင် မေသဉ္ဇာဦး ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အိမ်သစ်တက်ပွဲ ကြီးမှာ ရွှေတောင်ခောက်ဆွဲ ကျွေးခြင်းဖြင့်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ မေသဉ္ဇာဦး ရဲ့ အိမ်ကြီးကလည်း နန်းတော် ကြီးလားလို့ ထင်မှတ်ရလောက်အောင် ပါပဲ ။ လင်းဇာနည်ဇော်က ”

ဇက်ကြောတက် သူတွေ အတွက် ကန်စွန်းရွက်

ဇက်ကြောတက်ကြသူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ်ငွေ့နွေးနွေးနှင့် ဖျားချင် သကဲ့သို့ ဖြစ်ပြီး ကိုယ်လက်များ လေးလံခြင်း၊ ချွေးငုပ် ခြင်းများ ခံစားရပါက သိန္ဓောဆား အနည်းငယ်မျှကို ကန်စွန်းရွက် ကြိတ်ညှစ်ရည် စပ်ပေးပါ။ ထိုဆေးရည်ကို လူကြီး ဆေးတစ်ခွက်စာ အတွက် ဟင်းစာ စတီးဇွန်းနှင့် တစ်ခွန်းကို နံနက် တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ်၊ ညတစ်ကြိမ် တစ်နေ့ သုံးကြိမ် တိုက်ကျွေးပေးပါ။ အဆိုပါ လက္ခာဏာ များ အတွက် ဤဆေးရည် တစ်စက်ကို သန့်ရှင်းသော ရေဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်း ဆေးရည် အဖြစ် ခပ်ပေး နိုင်ပါသည်။ ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက် လတ်ဆက်သည့် ကန်စွန်းရိုးနီ၊ ရွက်ကျ

စားပွဲထိုး၊ ပန်းကန်ဆေး ဘဝတွေကိုဖြတ်သန်းခဲ့ရတဲ့ ယခု နာမည်ကြီး အောင်မြင်နေသူများ

Celebrities တွေဆိုတိုင်းသူတို့ဘဝကို ငယ်ငယ်တည်းက အောင်မြင်လာခဲ့တဲ့သူတွေလို့မထင်လိုက်ပါနဲ့။ လူတိုင်းကတော့ ဘဝမှာ ခက်ခဲ့တဲ့အချိန်အတိုင်းတာ တစ်ခုကို ဖြတ်ကျော်ပြီးမှ အောင်မြင်မှု ပန်းတိုင်နေရာကိုရောက်လာခဲ့ကြတာပါ။ အဲ့လို့ပဲ အခုချိန်မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့ကြပေမယ့် တစ်ချိန်တုန်းကတော့ သာမန်လူတွေလိုပဲ ဘဝကိုခက်ခဲစွာဖြတ်သန်းလာခဲ့တဲ့သူအချို့ကိုပြောပြချင်ပါတယ်။ 1.Nicki Minaj Nicki ကတော့ Rapper မလေး တစ်ယောက် အဖြစ်မကျော်ကြားခင် အချိန်တုန်းက Red Lobster ဆိုင်မှာ စားပွဲထိုးအဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ပရိသတ်တွေ အကုန်လုံးသိထားတဲ့ Nicki ရဲ့ ပေါင်းသင်းဆက်ဆံရေးအရ သူမဟာ အဲ့ဆိုင်မှာ အဆင်မပြေခဲ့ပါဘူး။ သူမကိုယ်တိုင် သူ့ရဲ့ စိတ်မရှည်မှုကြောင့် Customer Service အလုပ်ဟာ သူ့အတွက်မဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Red Lobster ဆိုင်မှ

ရေသူမဇာတ်ကားလေးအတွက် ငွေဆောင်ကမ်းခြေမှာအစမ်းလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အိချောပိုရဲ့ ဗီဒီယို လေး

စူစူလို့ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေးအိချောပိုဟာ သူမရဲ့အမိုက်စားခန္ဓာကိုယ်ကောက်ကြောင်းအလှတရားတွေဟာ မိန်းကလေးပရိသတ်တွေကို အဓိကအားကျစေရတဲ့အချက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သူမရိုက်ကူးတဲ့ဇာတ်ကားတိုင်းဟာလည်း ပရိသတ်များရဲ့အားပေးမှုများစွာကိုရရှိထားသူပါ။ စူစူဟာ အနုပညာပျိုးခင်းမှတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ထိပ်တန်းမင်းသမီးတစ်ယောက်အဖြစ်ရပ်တည်လာနိုင်တာလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေပိုမိုရိုက်ကူးလာတာတွေ့ရပြီး အရင်ကထက်ပိုပြီးသဘာဝကျကျသရုပ်ဆောင်ပီပြင်လာတာကိုလည်း တွေ့ရပါတယ်။ သူမဟာ နေ့စဉ်လှုပ်ရှားမှုပုံရိပ်များနဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြလေ့ရှိပါတယ်။ လက်ရှိမှာလည်း စူစူဟာ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးရန်အတွက် ငွေဆောင်ကမ်းခြေကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ စူစူဟာ ငွေဆောင်ကမ်းခြေမှာ ဒါရိုက်တာကျော်သူရိုက်ကူးတဲ့ “ ဒဏ္ဍာရီ ပင်လယ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးမှာရေသူမလေးအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ သူမဟာ ရေသူမကာရိုက်တာကိုပီပြင်ရန်အတွက် ဇာတ်ကားမရိုက်ကူးခင်ကတည်းက ကြိုတင်လေ့ကျင့်ပြင်ဆင်နေပုံတွေကို လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေဖူးခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း ငွေဆောင်ကမ်းခြေမှာ ရေသူမကားအတွက် ညဘက်အစမ်းလေ့ကျင့်နေတဲ့ဗီဒီလေးတွေကိုပရိသတ်တွေအတွက်မျှဝေထားတာပဲ ဖြစ်လို့ ပရိသတ်ကြီးလည်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။ myanmarload

စိတ်ဖိစီးမှုတွေများပြီး Shock ရိုက်သွားလို့ ဆေးကုသမှုခံယူနေရတဲ့ ဇေရဲထက်

ပရိသတ်​​တွေရဲ့ချစ်​ခင်​အား​ပေးခြင်းကို အပြည့်​အဝရရှိထားတဲ့ ​သရုပ်​​ဆောင်​တစ်ဦးဖြစ်​တဲ့ ဇေရဲထက်ကတော့ ကြည့်​​ကောင်းလွန်းတဲ့ ရုပ်​ရည်​အပြင်​ သရုပ်​​ဆောင်​ပိုင်းမှာလည်း ထူးချွန်တာကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံး မင်းသားတွေထဲက တစ်ဦးအဖြစ် ရပ်တည်နေနိုင်တာပါ။ အလုပ်နဲ့ပတ်သတ်ရင် တာဝန်ကျေလွန်းတဲ့ ဇေရဲထက်ကတော့ ကျန်းမာရေးကိုတောင် ဂရုမစိုက်နိုင်လောက်အောင် ကြိုးစားသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဇေရဲထက်က အိပ်ရေးပျက်တာတွေလည်းများ၊ စိတ်ဖိစီးမှုတွေလည်း များနေတာကြောင့် Shock ရိုက်သွားပြီး ဆေးသွင်းနေရတဲ့အကြောင်း လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေအတွက် Pressure များပြီး Shock ရိုက်သွားလို့ ဆေးကုသမှုခံယူနေရတဲ့ ဇေရဲထက်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဇေရဲထက်ကတော့ “အထက်သွေး ၁၁၀,၉၀ 🤒 Pressure များပြီး Shock ရိုက်သွားခြင်း 😥 စိတ်ဖိစီးမှုတွေများနေတယ်အိပ်ရေးပျက်တာတွေများနေပြီ 😴” ဆိုပြီး

ပင်လယ်စာကြိုက်သူများ သတိပြုရမယ့် မာကျူရီအဆိပ်သင့်ခြင်း

မာကျူရီအဆိပ် အများဆုံးပါဝင်တဲ့ အစားအစာက ပင်လယ်စာပါတဲ့။ ဒါ့အပြင် စက်ရုံတွေ၊ သာမိုမီတာတွေ၊ သွေးပေါင်ချိန်ကိရိယာတွေ၊ သွားပြုပြင်ကိရိယာတွေ၊ ဆေးမှုတ်တာ၊ သုတ်ဆေးတွေမှာလည်း မာကျူရီပမာဏတွေ မြင့်မားစွာ တည်ရှိပါဝင်နေပါတယ်။ အဲဒီထဲမှာ အန္တရာယ် အကြီးဆုံးကတော့ ပင်လယ်ငါးပုဇွန်တွေမှာ ပါဝင်နေလေ့ရှိတဲ့ မီသိုင်းမာကျူရီ အမျိုးအစားဖြစ်ပါတယ်။ မာကျူရီဟာ ပင်လယ်ရေမှာ မြင့်မားစွာ ပျော်ဝင်နေပြီး ရှင်သန်ကျက်စား ပေါက်ပွားနေတဲ့ ပင်လယ်သတ္တဝါ မျိုးရင်းတိုင်းကို အဆိပ်အပြင်းဆုံး မာကျူရီဓာတ် စိမ့်ဝင်နေစေပါတယ်။ ပုဇွန်ဆိတ်လိုမျိုး သေးကွေးတဲ့ ပင်လယ်သတ္တဝါတွေမှာ မာကျူရီ ပိုများများပါ ပါသတဲ့။မာကျူရီဓာတ်ဟာ ပတ်ဝန်းကျင်က အရာဝတ္ထု အတော်များများမှာ ပါဝင်လျက်ရှိပါတယ်။ သဘာဝအတိုင်း ပါဝင်နေတဲ့ မာကျူရီဓာတ်ဟာ မိုးရေ၊ မြေကြီးနဲ့ သောက်သုံးရေထဲမှာ စိမ့်ဝင်နေပြီး ထိကပ်နီးစပ်နေတဲ့

ဖေဖေ့လိုပဲ ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး ဉာဏ်ကောင်းထက်မြတ်တဲ့ ဖြိုးငွေစိုးရဲ့ တစ်ဦးတည်းသောသားလေး

ပရိသတ်ကြီးရေ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ဖြိုးငွေစိုးကတော့ အနုပညာအလုပ်တွေကို လုပ်လာခဲ့တာ သက်တမ်းတစ်ခုထိ ကြာမြှင့်နေပြီဖြစ်လို့ သူ့ကိုအားပေးချစ်ခင်တဲ့ ပရိသတ်တွေလည်း အခိုင်အမာရရှိထားနေပြီဖြစ်ပါတယ်။ ဖြိုးငွေစိုးရဲ့ ဗီဒီယိုဇာတ်ကားတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး သူ့ရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဖြိုးငွေစိုးကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာ နေထိုင်နေတာပဲဖြစ်ပါတယ်။ ဖြိုးငွေစိုးက ချစ်ရတဲ့ဇနီးအပေါ်ကိုလည်း ကြင်နာယုယတတ်တဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သလို တစ်ဦးတည်းသောသားလေးအပေါ်ကိုလည်း အရမ်းဂရုစိုက်တတ်ပါတယ်နော်။ ဖြိုးငွေစိုးရဲ့ တစ်ဦးတည်းသောသားလေးက ဖြိုးငွေစိုးနဲ့ တစ်ထေရာတည်းတူပြီး ဉာဏ်ကောင်းထက်မြတ်တဲ့ သာလေးတစ်ယောက်ဖြစ်လို့ မိဘတွေအတွက် မျက်နှာပွင့်ရပါတယ်နော်။ အခုဆိုရင်တော့ ဖြိုးငွေစိုးတို့မိသားစုက ကမ်းခြေကို အပန်းဖြေခရီးထွက်နေပြီး မိသားစုသုံးယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။ myanmarload Unicode ဖေဖေ့လိုပဲ ချောမောတဲ့ ရုပ်ရည်ကိုပိုင်ဆိုင်ထားပြီး

ရန်ကုန်လေဆိပ်မှာ လေယာဉ်ပြေးလမ်းချော်ပြီးထိခိုက်မှု ခရီးသည် ၂၇ ဦးခန့်ထိခိုက်မှုရှိ

ရန်ကုန် မေ ၈။ ။ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် မှာ လေယာဉ်ပြေးလမ်းချော်ပြီး ပျက်စီးမှုကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ခရီးသည်တွေ ထဲက ခရီးသည် ၂၇ ဦး ထိခိုက်မှု ရှိပြီး လက်ရှိမှာ ထိခိုက်မိသူ ၁၀ ဦးကျော်ကို မြောက်ဥက္ကလာ ဆေးရုံးကြီးကို ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ အခင်းဖြစ်စဉ်မှာကူညီပေးနေတဲ့K ambulance လူမှု ကူညီရေး အသင်းက ကိုမင်းသီဟ က “ထိခိုက်မိသူ ၂ရဦးဆိုပဲ သိရတယ်၊ဆယ်ယောက်ကျော်လောတယ်ဆို မသိသေးဘူး ၊ ကူညီရေး ကားတွေ အများကြီး ရောက်နေပြီ၊ ဆေးရုံပို့တဲ့သူကလည်း ဆယ်ယောက်ကျော်လောက်တော့ ရှိနိုင်ပြီ၊ ရှုပ်ရှက်ခတ်နေလို့ အတိအကျ မသိရသေးတာပါ ” လို့ပြောပါတယ်။ ပြေးလမ်းချော်ပြီး ပျက်စီးတဲ့

ရေဘ၀ဲကို အရှင်လတ်လတ်စားဖို့ကြိုးစားခဲ့ပေမယ့်လည်း ရေဘ၀ဲရဲ့တိုက်ခိုက်ခြင်းကို ခံလိုက်ရတဲ့ Blogger မလေး

နာမည်ကြီးတရုတ် live streamer တစ်ဖြစ်လဲ blogger ဖြစ်သူ ‘seaside girl Little Seven’ ဟာ လူမှုကွန်ယက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Kuaishou မှာ စက္ကန့် ၅၀ ကြာမြင့်တဲ့ ဗီဒီယိုကို တင်ခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာဆိုရင် နာမည်ကြီး Blogger မလေး ဟာဆိုရင် နာကျင်မှုကြောင့် အော်ဟစ်နေသံကို ကြားရမှာဖြစ်ပြီး ရေဘ၀ဲဟာ သူမမျက်နှာပေါ်မှာ တွယ်ကပ်နေတာကို ထိတ်လန့်တကြားမြင်တွေ့ရမှာဖြစ်ပါတယ်။ MailOnline ရဲ့ပြောပြချက်အရ ပင်လယ်ရေဘ၀ဲကြီးတွေရဲ့ လက်မောင်းတစ်ဖက်စီမှာ စုပ်ခွက် အခု ၂၈၀ ပါဝင်ပြီး လက်တစ်ဖက်တိုင်းဟာ သူတို့ကို တိုက်ခိုက်တဲ့အချိန်မှာ အသုံးပြုတယ်လို့ဆိုပါတယ်။ အဆိုပါ blogger မလေးဟာ ရေဘ၀ဲကို စားဖို့ပြင်လိုက်တယ်ဆိုရင်ပဲ